Onepay က မြန်မာနိုင်ငံရဲ့ပထမဆုံး ဘဏ်အချင်းချင်း ငွေလွှဲလို့ရနိုင်တဲ့ လူနေမှုဘက်စုံသုံး mobile app တစ်ခုဖြစ်လာ

Onepay-Interbank-Service_1.jpg

Onepay က မိုဘိုင်းမှတဆင့် ဘဏ်အချင်းချင်းငွေလွှဲသည့်ဝန်ဆောင်မှု (mobile interbank service) ကို တရားဝင်မိတ်ဖက်ဘဏ်ဖြစ်တဲ့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD ဘဏ်) ရဲ့ နည်းပညာပိုင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုဖြင့် မေလ ၄ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီမိုဘိုင်းမှတဆင့် ဘဏ်အချင်းချင်းငွေလွှဲတဲ့ဝန်ဆောင်မှုကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD ဘဏ်)၊ ဧရာဝတီဘဏ် (AYA ဘဏ်)၊ သမဝါယမဘဏ် (CB ဘဏ်)၊ ကမ္ဘောဇဘဏ် (KBZ ဘဏ်)၊ မြန်မာရှေ့ဆောင်ဘဏ် (MAB ဘဏ်)၊ ယူနိုက်တက်အမရဘဏ် (UAB ဘဏ်) နှင့် ရိုးမဘဏ် တို့တွင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မိုဘိုင်းမှတဆင့် ဘဏ်အချင်းချင်းငွေလွှဲသည့် ဝန်ဆောင်မှုက သုံးစွဲသူများကို နီးစပ်ရာ ဘဏ်ခွဲများသို့ သွားရောက်ရန်မလိုပဲ ဘဏ်တစ်ခုနှင့် တစ်ခုကြား ငွေလွှဲခြင်း ကို လွယ်ကူစွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခုလို ကပ်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ဒီဝန်ဆောင်မှုက လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို လျှော့ချပေး နိုင်ရုံသာမက ဘဏ်တစ်ခုမှ အခြားဘဏ်တစ်ခုသို့ ငွေလွှဲရန်ကိစ္စအတွက် ဘဏ်ခွဲများသို့ ကူးချည်သန်းချည်သွားရတဲ့ အခြေအနေမှလည်း လွတ်ကင်းနိုင်မှာဖြစ်ပါတယ်။

သုံးစွဲသူများအနေဖြင့် ဘဏ်အချင်းချင်းကြား ငွေလွှဲလိုပါက မိမိရဲ့ Onepay ပိုက်ဆံအိတ်ထဲသို့ ငွေဖြည့်ပြီး လွယ်ကူစွာ ငွေလွှဲနိုင်မှာဖြစ်ပါတယ်။ ငွေဖြည့်ခြင်းကို AGD ဘဏ်ငွေစာရင်းကို အသုံးပြု၍သော်လည်းကောင်း၊ e-commerce မှတ်ပုံတင်ထားသော မည်သည့်ဘဏ်ရဲ့MPU ကတ်ကိုမဆို အသုံးပြု၍ သော်လည်းကောင်း၊ Visa သို့မဟုတ် MasterCard များကို အသုံးပြု၍ သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဘဏ်စာရင်းနှင့် ကတ်များမရှိပဲနှင့် လည်း နီးစပ်ရာ 123 ဝန်ဆောင်မှု ရတဲ့ ဆိုင်များနှင့် နိုင်ငံတစ်ဝှမ်းရှိ Onepay ရဲ့ တရားဝင်ကိုယ်စားလှယ် ဆိုင်များတွင် ငွေဖြည့်နိုင်ပါတယ်။ ငွေဖြည့်ပြီးတဲ့နောက်မှာ မိမိရဲ့Onepay ပိုက်ဆံအိတ်ထဲမှ အထက်ဖော်ပြပါဘဏ်များထဲမှ မိမိ ငွေလွှဲလိုတဲ့ဘဏ်သို့ ငွေလွှဲခြင်း ကို အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19၊ တိုးတက်လာသည့် နည်းပညာ၊ မြင့်တက်လာသော မိုဘိုင်းအသုံးပြုမှုနှင့် ပြည်တွင်းတွင် အင်တာနက်အသုံးပြုနိုင်တဲ့ဧရိယာကျယ်ပြန့်လာမှုတို့က မြန်မာလူထုကို သမားရိုးကျငွေပေးချေမှုစနစ်မှ ငွေသားမဲ့ မိုဘိုင်းငွေပေးချေမှုစနစ်သို့ ကူးပြောင်းရန် တွန်းအားပေးလျက်ရှိပါတယ်။

Onepay app က သုံးစွဲသူနှင့် စီးပွားရေးလုပ်ငန်းများကို မိုဘိုင်းဘဏ်လုပ်ငန်းနှင့် ငွေပေးငွေယူ လုပ်ငန်းများ ပေါင်းစပ်ထားတဲ့ ပလက်ဖောင်းတစ်ခုတည်းပေါ်တွင် ဆက်သွယ်ချိတ်ဆက် ပေးသော app ဖြစ်ပါတယ်။ Onepay က ငွေကြေးဆိုင်ရာလုပ်ငန်းများနှင့် အရေးပါတဲ့ လူနေမှု လုပ်ငန်းဆောင်တာများအတွက်လိုအပ်တဲ့ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများဝယ်ယူရာမှာ ပိုမိုလွယ်ကူမြန်ဆန်သော ငွေပေးချေနိုင်သည့်ဝန်ဆောင်မှုပေးအပ်ခြင်းဖြင့် သုံးစွဲသူများ အတွက် ရိုးရှင်းလွယ်ကူသော လူနေမှုပုံစံ ဖန်တီးပေးရန် ရည်ရွယ်ပါတယ်။

Onepay app ကို android နှင့်ဖြစ်စေ၊ iOS နှင့်ဖြစ်စေ အသုံးပြုနိုင်မှာဖြစ်ပြီး app ကို playstore နှင့် apple app store အသီးသီးမှ download ရယူနိုင်ပါတယ်။ Onepay အကြောင်းကိုပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် app ကို download လုပ်ရန် Onepay ရဲ့ တရားဝင်စာမျက်နှာ www.onepay.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top