အပြင်က ပြန်ရောက်တာနဲ့ အဝတ်အစားလဲသင့်လား

2-4-2020-yyl-037.jpg

COVID-19 ကြောင့် ကျွန်တော်တို့တွေက အိမ်ထဲမှာ နေ နေရပေမဲ့ ပစ္စည်းဝယ်စရာရှိလို့၊ အရေးကြီးကိစ္စရှိလို့ အပြင်ထွက်ရတဲ့အချိန်တွေ ရှိနေပါသေးတယ်။ အခုဆိုရင် လက်သန့်ရှင်းရေးအလေ့အထနဲ့အတူ အပြင်က ပြန်ရောက်တာနဲ့ အဝတ်အစားလဲသင့်လားဆိုပြီး မေးခွန်းထုတ်စရာရှိနေပါပြီ။ COVID-19 ဗိုင်းရပ်စ်က အဝတ်အစားတွေမှာ ကပ်ညှိနေနိုင်လားဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့သက်သေပြချက်မရှိပေမဲ့ နေရာတော်တော်များများမှာ အသက်ရှင်နေနိုင်တယ်လို့ ဆိုထားပါတယ်။ ပလတ်စတစ်နဲ့ စတီးတွေပေါ်မှာ (၃) ရက်ရှင်သန်နိုင်သလို ကတ်ထူပြားပေါ်မှာ (၂၄) နာရီ ရှင်သန်နိုင်ပါတယ်။

အဝတ်အစားတွေက စိမ့်ဝင်နိုင်စွမ်းရှိတဲ့ပစ္စည်းအမျိုးအစားဖြစ်ပေမဲ့ အဝတ်အစားကနေတဆင့်ကူးစက်နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ သင့်အဝတ်အစားက ရောဂါရှိတဲ့သူတွေဆီက အရည်တွေကပ်ညှိလာရင် သင့်အဝတ်အစားကို သင်ထိလိုက်တဲ့အခါ သင့်လက်တွေက သင့်နှာခေါင်း၊ ပါးစပ်တွေကို ထိတွေ့မိခဲ့မယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ပါတယ်။ ဒီအခြေအနေတွေကတော့ ဖြစ်နိုင်ခြေနည်းကောင်းနည်းနိုင်ပါတယ်။

အပြင်က ပြန်ရောက်တာနဲ့ အဝတ်အစားလဲသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်မှုတွေပြုလုပ်တာ အကောင်းဆုံးပါပဲ။ အပြင်ထွက်ရင် လက်သန့်ဆေးရည်ယူသွားဖို့မမေ့သင့်သလို လက်ကို မကြာခဏ သန့်စင်ပေးသင့်ပါတယ်။

“ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်” ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ကူးစက်ခံရမှုအန္တရာယ်ကနေ စိတ်ချလုံခြုံစေဖို့အတွက် အောက်ဖော်ပြပါအချက်တွေကို လိုက်နာလို့ရပါတယ်။

– အပြင်က ပြန်လာတဲ့အခါ (ဒါမှမဟုတ်) လူအများထိတွေ့တဲ့နေရာတွေနဲ့ တိုက်မိတယ်လို့ ထင်ရင် အဝတ်အစားကို လဲသင့်ပါတယ်။

– သင့်ဘေးမှာ တစ်စုံတစ်ယောက်က နှာချော (သို့) ချောင်းဆိုးနေရင် အဝတ်အစားလဲပါ။

– အဝတ်အစားမလဲခင် လက်ကို သန့်စင်ဆေးကြောသင့်သလို အဝတ်အစားလဲပြီးနောက်လည်း လက်ကို သန့်စင်ဆေးကြောပေးပါ။

– အဝတ်အစားမှာ ရောဂါပိုးပါလာမှာစိုးရိမ်တယ်ဆိုရင် အဝတ်အစားကို ရိုးရိုးပိုးသတ်ဆေးအသုံးပြုပြီး ရေနွေးနွေးလေးထဲ စိမ့်ပြီး သီးခြားလျှော်ဖွတ်ပေးပါ။

ဒီကြိုတင်ကာကွယ်မှုကို လုပ်ဆောင်လို့ရပါတယ်နော်။ ဗိုင်းရပ်စ်တွေက အဝတ်အစားတွေပေါ်မှာ အသက်ရှင်နိုင်တယ်ဆိုတဲ့ အခိုင်အမာပြောဆိုချက်တွေမရှိသလို အဝတ်အစားတွေကနေတဆင့် COVID-19 ပျံ့နှံ့နိုင်လားဆိုတာကိုလည်း ကျွန်တော်တို့ အသေအချာ ပြောလို့မရနိုင်ပါဘူးနော်။

Ref: COVID-19: Should you change your clothes after coming from outside?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top