မြန်မာနိုင်ငံ၏ အိမ်ခြံမြေဆုချီးမြှင့်ပွဲကြီးကျင်းပရန် PropertyGuru နှင့် Shwe Property တို့ ပူးပေါင်းဆောင်ရွက်

Jules-Kay-Headshot-1_2019.jpg

Hitachi ကုမ္ပဏီက အဓိကကူညီပံ့ပိုးထားသော ယခုနှစ် PropertyGuru Myanmar Property Awards ဆုပေးပွဲကြီးကို မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ခြံမြေဝက်ဘ်ဆိုက်နှင့် အွန်လိုင်းအိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုဖြစ်သော Shwe Property နှင့် ပူးပေါင်း၍ ကျင်းပသွားမည်ဖြစ်သည်။ ကြီးကျယ်ခမ်းနားသော ဤဒေသတွင်း ဆုပေးအပ်မှုအစီအစဉ်ကြီး၏ အကောင်းဆုံးပွဲကြီးများထဲမှ တစ်ခုအဖြစ် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက် လိုက်ခြင်းဖြစ်သည်။

ဆဌမအကြိမ်မြောက်ကျင်းပသော PropertyGuru Myanmar Property Awards ဆုပေးပွဲကြီးတွင် Shwe Property အနေဖြင့် Associate Partner အနေဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။ Shwe Property သည် ဝက်ဘ်ဆိုက်ပေါ်တွင် အိမ်ခြံမြေအမျိုးအစားပေါင်း ၂၅၀,၀၀၀ ကျော်ကို ပြသထားနိုင်ကာ ချီးမြှင့်မည့်ဆုများအတွက် ပိုမိုစိတ်ချယုံကြည်နိုင်မှုကို ပေးနိုင်သည့် မြန်မာနိုင်ငံ၏ လူသိများထင်ရှားသော ကုမ္ပဏီများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

PropertyGuru Asia Property Awards ဆုချီးမြှင့်ပွဲများဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Jules Kay က “မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍတွင်း Shwe Property ရဲ့ ကျွမ်းကျင်မှု၊ PropertyGuru ရဲ့ အာရှပစိဖိတ်ဒေသတစ်လျှောက် နိုင်ငံတကာစျေးကွက်တွေအတွင်း သူမတူတဲ့ လက်လှမ်းမီမှု တွေကို ပေါင်းစပ်ဆောင်ရွက်နိုင်မှာဖြစ်တာကြောင့် ဒီ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် PropertyGuru Myanmar Property Awards ဆုတံဆိပ်တွေ ဟာ နိုင်ငံတွင်းက အိမ်ခြံမြေကဏ္ဍကြီးအတွက် စံထားလောက်ဖွယ်ကောင်းတဲ့ သာလွန်ကောင်းမွန်မှုကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒီလို ဒေသ တွင်း ထိပ်တန်းကရပ်တည်နေတဲ့ အိမ်ခြံမြေဆုချီးမြှင့်ပေးတဲ့အစီအစဉ်ကြီးနဲ့ မြန်မာနိုင်ငံက လူအများလေးစားကြရတဲ့ အိမ်ခြံမြေ Portal ကြီးတို့ အကြား ပူးပေါင်းဆောင်ရွက်နိုင်မှုက အခုလို ခက်ခဲတဲ့ အချိန်အခါမျိုးတွေအတွင်း ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို ပေါ်လွင်ထင်ရှားစေဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလိုအပ်နေတဲ့ အထောက်အပံ့မျိုးပဲဖြစ်ပါတယ်။” ဟု ဆိုသည်။

Shwe Property ၏ Chief Executive Officer ဖြစ်သူ Justin Sway က “PropertyGuru Asia Property Awards နဲ့ အခုလို ပူးပေါင်းဆောင်ရွက် နိုင်တဲ့အတွက် Shwe Property အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ စျေးကွက်ပိုင်းကျွမ်းကျွင်မှုတွေကို ပေါင်းစပ်နိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ ရောက်ရှိနိုင်မှုကို တိုးမြှင့်ဖို့၊ ပြည်တွင်းမှာ Shwe Property က တဆင့်၊ နိုင်ငံတကာမှာ PropertyGuru Asia Property Awards ကွန်ရက်က တဆင့် သူတို့ရဲ့ အမှတ်တံဆိပ်တွေ၊ သာလွန်ကောင်းမွန်မှုတွေကို လူပိုသိ လာစေဖို့လုပ်ဆောင်ရာမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို အသိအမှတ်ပြုပေးနိုင်ဖို့ အခုလို အားကောင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။” ဟု ဆိုသည်။

ဒေသအတွင်းစျေးကွက်ပေါင်း ၁၅ ခုကျော်၊ အိမ်ခြံမြေရှာဖွေသူပေါင်း ၂၃ သန်းကျော်ထံသို့ရောက်ရှိနေပြီဖြစ်သော PropertyGuru သည် Myanmar Property Awards ဆုရရှိသူများကို ဒေသတွင်း စင်မြင့်ထက်သို့ပို့ဆောင်ပေးနိုင်ရန်အတွက် လိုအပ်သော အရင်းအမြစ်များကိုလည်း ပေးအပ် သွားမည်ဖြစ်သည်။

Shwe Property နှင့်အတူပူးပေါင်း၍ကျင်းပသော ဆဌမအကြိမ်မြောက် PropertyGuru Myanmar Property Awards ဆုချီးမြှင့်ပွဲကြီးတွင် ဆုရရှိ သူများအနေဖြင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အထူးအကျိုးခံစားခွင့်များ၊ စျေးကွက်ရှာဖွေရေး နည်းလမ်းများကို ရရှိမည့်အပြင် အချိန်ကြာရှည်စွာ အကဲဖြတ်ဒိုင်အဖြစ်ဆောက်ရွက်လာခဲ့သည့် Emerson Real Estate ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Richard Emerson က ဦးဆောင်ဦးရွက်ပြု လျက်ရှိသည့် အမှီအခိုကင်းသော ကျွမ်းကျင်ပညာရှင်များပါဝင်သည့် အကဲဖြတ်အဖွဲ့ထံမှ ထောက်ခံချက်တံဆိပ်ကိုလည်း လက်ခံရရှိမည် ဖြစ်သည်။

ယခုနှစ်အတွက် ဆုများကိုရွေးချယ်ရာတွင် PropertyGuru Asia Property Awards ၏ တင်းကျပ်၍ ကျင့်ဝတ်အပြည့်ရှိကာ ဘက်မလိုက်တတ် သော စံနှုန်းများကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။ မျှတမှု၊ ပွင့်လင်းမြင်သာမှုတို့ ရှိစေရန်အတွက် အကဲဖြတ်သည့်လုပ်ငန်းစဉ် တစ်ရပ်လုံး ကို Executive Director ဖြစ်သူ Joe Yew Chi Jee က ဦးဆောင်၍ အမှုဆောင်ဖြစ်သူ မနန်းနှင်းသက်ထွေးနှင့် စီနီယာမန်နေဂျာဖြစ်သူ Hong Shi Ying တို့က အကြံပေးအဖြစ်ဆောင်ရွက်သည့် BDO အဖွဲ့က ကြီးကြပ်သွားမည်ဖြစ်သည်။

၂၀၂၀ ခုနှစ်၏ PropertyGuru Myanmar Property Awards ဆုချီးမြှင့်ပွဲကြီးတွင် ယခင်ဆောက်လုပ်မှုဆုအမျိုးအစားများအပြင် အကောင်းဆုံး အဆင့်မြင့်ကွန်ဒိုဆောက်လုပ်မှုဆု၊ အကောင်းဆုံး စျေးနှုန်းသင့်ကွန်ဒိုဆောက်လုပ်မှုဆု၊ အကောင်းဆုံး စျေးနှုန်းသင့်အိမ်ရာဆောက်လုပ်မှုဆုတို့ကို ဆုအမျိုးအစားအသစ်များအဖြစ် ထည့်သွင်းသွားမည်ဖြစ်သည်။ ဒီဇိုင်းဆုအမျိုးအစားသစ်များတွင် အကောင်းဆုံး စီးပွားရေးလုပ်ငန်းသုံး ဗိသုကာဒီဇိုင်းဆု၊ အကောင်းဆုံး စီးပွားရေးလုပ်ငန်းသုံး အတွင်းဒီဇိုင်းဆုတို့ ပါဝင်သည်။ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်ကာလ ဗိသုကာလက်ရာ ကြွယ်ဝမှုကို ဂုဏ်ပြုသောအားဖြင့် ဤ ၂၀၂၀ ဆုပေးပွဲကြီးတွင် အကောင်းဆုံး ရှေးဟောင်းလက်ရာပြုပြင်ထိန်းသိမ်းထားရာ အဆောက်အဦဆုနှင့် အကောင်းဆုံး ရှေးဟောင်းလက်ရာပြုပြင်ထိန်းသိမ်းမှု ဒီဇိုင်းဆုတို့ကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

ဆဌမအကြိမ်မြောက် PropertyGuru Myanmar Property Awards ညစာစားပွဲအခမ်းအနားကြီးကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ (စနေနေ့) တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပရန် စီစဉ်ထားသည်။ အများပြည်သူအနေဖြင့် ၎င်းတို့၏ ဆန်ခါတင်စာရင်းများကို asiapropertyawards.com/nominations သို့ သွားရောက်၍ အွန်လိုင်းမှ တင်သွင်းနိုင်မည်ဖြစ်သည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top