အောင်လအန်ဆန်နှင့် ပျော်ရွှင်စရာ မိသားစုကမ္ဘာ

29-5-2020-yyl-031.jpg

မိသားစုအပေါ် အချိန်ပေးပြီး သားသမီးတွေကိုချစ်ခင်မြတ်နိုးတဲ့ ဖခင်စာရင်းထဲ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်လည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့လိုက်ဟဲဗီးဝိတ် တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် ကချင်တိုင်းရင်းဟာ ၎င်းဟာ အမေရိကန်ပြည်ထောင်စုမှာ မိသားစုနဲ့အတူ အ ခြေချနေထိုင်လျက်ရှိသူပါ။ အမေရိကန်ဇနီးသည် ကေတီနဲ့အတူ အောင်ဒီးဆိုတဲ့ ၅ နှစ်အရွယ်သားတစ်ဦး၊ ဆန့်ဆိုင်းဂရေ့စ်အင်ဆန်ဆို တဲ့ လသားအရွယ် သမီးတစ်ဦးပိုင်ဆိုင်ထားတဲ့ အောင်လအန်ဆန်ဟာ အလုပ်ကိစ္စတွေကြောင့် အမေရိကနဲ့အာရှကို လူးလာခေါက်တုံ့ သွားလာနေရပေမယ့်လည်း နေအိမ်ကိုပြန်လည်ရောက်ရှိလာတာနဲ့ မိသားစုကို အချိန်ပေးတတ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် အောင်လအန်ဆန်ဟာ ကစားသမားဘဝတစ်လျှောက် ၂၆ ပွဲနိုင်၊ ၁၀ ပွဲရှုံးမှတ်တမ်းပိုင်ဆိုင်ထားပြီး ၂၀၁၄ ခုနှစ် ကစလို့ စင်ကာပူအခြေစိုက် ONE Championship မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး ၇ ပွဲဆက်တိုက်အနိုင်ရထားတဲ့ ၎င်းဟာ အလုပ်ကိစ္စတွေကြောင့် မွေးရပ်မြေမြန်မာနိုင်ငံအပါအဝင် အာရှတိုက်ကို အခေါက်ပေါင်းများစွာ လာရောက်ခဲ့ပြီး တစ်ခါတလေ မိသားစုပါ လာတတ်ပေမယ့်လည်း တစ်ခါတလေမှာတော့ တစ်ယောက်တည်းသာ လာရောက်လေ့ရှိပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တာ ကြောင့် မိသားစုအနာဂတ်သာယာလှပစေဖို့ နေအိမ်နဲ့ခွဲကာ ပြိုင်ပွဲတွေယှဉ်ပြိုင်နေရပေမယ့်လည်း အောင်လအန်ဆန်ဟာ အားလပ်ချိန် တိုင်း လူမှုကွန်ရက်ကနေ မိသားစုနဲ့ဖုန်းပြောနေကြပါ။

သမီးငယ်လေး မမွေးခင်ကဆိုရင် သားကြီးအောင်ဒီးကို video call ခေါ်ကာ ထမင်းစားပြီးပြီလား၊ ဘာတွေလုပ်နေလဲ၊ ဖေဖေ့ကို နမ်းပါ ဦးလို့ ရေမြေခြားတစ်နေရာကနေ မိသားစုအပေါ် ဂရုတစိုက်ရှိပုံတွေက ကြည်နူးစရာပါပဲ။ ပြိုင်ပွဲတွေပြီးဆုံးလို့ မိသားစုနဲ့ပြန်လည်ဆုံတွေ့ ရပြီဆိုရင်လည်း ခြံဝင်းထဲစားသောက်စရာတွေတည်ခင်းကာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး စာေးသာက်နေတဲ့ပုံရိပ်တွေက အောင်လအဆန်ဆန်ရဲ့လူမှုကွန်ရက်မှာ မကြာခဏမြင်ရလေ့ရှိတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ငါးမျှားတာဝါသနာပါတာကြောင့်လည်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ အောင်ဒီးကိုပါခေါ်ကာ ငါးမျှားထွက်လေ့ရှိပါတယ်။

လက်ရှိအချိန်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ပြိုင်ပွဲတွေခေတ္တရပ်နားထားတာကြောင့်လည်း အောင်လအန်ဆန်ဟာ နေအိမ်မှာပဲအနေများပြီး မိသားစုအတွက် အချိန်ပိုပေးဖြစ်ပါတယ်။ လေ့ကျင့်ချိန်ပြီးရင် မိသားစုနဲ့သာနေထိုင်ရ တာကြောင့် သာယာနာပျော်စရာအချိန်တွေလို့ဆိုနိုင်ပြီး ၄ လအရွယ် သမီးငယ်လေးကလည်း အရွယ်နဲ့မလိုက်အောင် သိတတ်နေပြီဖြစ် လို့ ကမ္ဘာ့ချန်ပီယံကြီးရဲ့အသည်းနှလုံးကို ဆွဲငင်ဖမ်းစားနေပြီလို့ ဆိုနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်နဲ့ Sanford MMA မှာ သာ အချိန်ကုန်နေရပေမယ့်လည်း မိသားစုအတွက် အချိန်ပိုပေးဖြစ်တဲ့အပေါ် ကျေနပ်မှုရှိတယ်လို့ မြန်မာ့စပါးအုံးက ဆိုလိုက်ပြီး ကပ် ရောဂါဆိုးကို ထိန်းချုပ်နိုင်တဲ့အချိန်ရောက်ရင် အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ ပြန်လာမယ်လို့လည်း ကတိပေးပါတယ်။

“ကျွန်တော်က အားကစားသမားတစ်ယောက်ဖြစ်တာကြောင့် အလုပ်ကိစ္စတွေနဲ့ မကြာခဏခရီးထွက်ရပါတယ်။ မိသားစု မလိုက်နိုင်တဲ့ခ ရီးတွေဆိုရင် အချိန်အားတာနဲ့ ဗီဒီယိုကနေ ဖုန်းပြောဖြစ်တယ်။ ပြိုင်ပွဲတွေမရှိရင်တော့ မိသားစုနဲ့ပဲ အချိန်ပိုပေးဖြစ်တယ်။ သူတို့ကို နွေး နွေးထွေးထွေးဆက်ဆံတယ်။ ချစ်ကြောင်း ပြသတယ်။ အပြင်ထွက်လည်တာတွေ လုပ်ပေးတယ်။ အိမ်ထောင်ဦးစီးဆိုတာ ပိုက်ဆံရှာ ပေးရုံနဲ့တင် မလုံလောက်ပါဘူး။ မိသားစုကိုချစ်ကြောင်း ပြသဖို့လိုသလို အချိန်အားရင်အားသလို သူတို့သွားချင်တဲ့နေရာတွေကို လိုက်ပို့ ပေးလေ့ရှိပါတယ်”လို့ သမီးငယ်လေး မမွေးခင် မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးစဉ်တစ်ခုအတွင်း ပြောပြခဲ့ဖူးပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံစားနေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူတစ်ဦးဖြစ်တာကြောင့် အောင်လအန်ဆန်တို့မိ သားစုဟာ အိမ်မှာသာနေထိုင်လျက်ရှိပြီး သူ့ရဲ့ပရိသတ်တွေကို လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်ခံစွမ်းအားမြှင့်တင်ပြီး ကျန်းမာအောင်နေ ထိုင်ခြင်း၊ အာဟာရပြည့်ဝအောင်နေထိုင်စာေးသာက်ခြင်းတို့ကို ပြုလုပ်ဖို့ တိုက်တွန်းပါတယ်။“ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာလအတွင်း မိသားစုနဲ့ အချိန်ပိုပေးဖြစ်တာက ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဘေးကင်းလုံခြုံ အောင်နေထိုင်ပြီး ကိုယ်ချစ်ခင်ရတဲ့ တစ်ယောက်ချင်းစီတိုင်းအတွက် အချိန်ပေးနေထိုင်ရတဲ့ကာလတွေက ပျော်ရွှင်ကြည်နူးစရာကောင်း ပါတယ်။ အားလုံးပဲ အခုလိုမျိုး အစီအစဉ်တကျမဟုတ်တဲ့ အချိန်ကာလမှာ ကိုယ့်မိသားစုနဲ့အတူ ကောင်းမွန်တဲ့အခိုက်အတန့်လေးတွေ ဖန်တီးပြီး သာယာပျော်ရွှင်နိုင်ကြပါစေ” လို့ အောင်လအန်ဆန်က ပြောပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top