Prudential Myanmar က COVID-19 ဆိုင်ရာ အပိုဆောင်းအာမခံ အကာအကွယ်ကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမယ်

Image_Prudential-Myanmar-COVID-19-Coverage_Credit-to-Prudential-Myanmar.jpg

အာရှထိပ်တန်း အသက်အာမခံလုပ်ငန်း ကြီးဖြစ်တဲ့ Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်တဲ့ Prudential Myanmar Life Insurance Limited က လက်ရှိဖြစ်ပွားလျက်ရှိတဲ့ COVID-19 ကူးစက်ရောဂါ အခြေအနေအရ သူတို့ရဲ့အာမခံဝန်ဆောင်မှု ရယူထားသူများအားလုံးကို ဗိုင်းရပ်စ်မှတစ်ဆင့် ဖြစ်ပွားနိုင်တဲ့ ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် COVID-19 ဆိုင်ရာ အပိုဆောင်း အာမခံအကာအကွယ်ကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့ မှာ ထုတ်ပြန်ကြေငြာ လိုက်ပါတယ်။ COVID-19 အခမဲ့ အာမခံအကာအကွယ် အစီအစဉ်တွင် Prudential Myanmar ရဲ့အသက်အာမခံဝန်ဆောင်မှု ရယူထားသူ မည်သူမဆို COVID-19 မတော်တဆကူးစက်ခံရသည် ဖြစ်စေ၊ ကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးသည်ဖြစ်စေ Prudential Myanmar မှ ထပ်ဆောင်းအကျိုးခံစားခွင့် ကို တစ်ပေါင်းတည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

ကျန်းမာရေးနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဒေသတွင်း ဈေးကွက်ဦးဆောင်သူနှင့် ရေရှည် ယုံကြည်စိတ်ချရသော အာမခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Prudential က မြန်မာနိုင်ငံရှိ ပြည်သူများရဲ့ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ပေးရန် ကတိကဝတ် ပြုထားပြီး ဖြစ်ပါတယ်။ Prudential ရဲ့“ဒို့တွေတကယ် လက်တွေ့လုပ်ကြတယ်” ဆိုတဲ့ အရင်းခံစိတ်ထားနှင့်အညီ အခုလိုကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှု အတွက် မသေချာမရေရာသည့်အချိန်တွင် ကုမ္ပဏီမှ အာမခံဝန်ဆောင်မှု ရယူထားသူများအတွက် ပိုမို အားထား နိုင်မည့် အာမခံချက်နှင့် အထောက်အပံ့များ တိုးမြှင့်ပေးအပ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒီအပိုဆောင်း အာမခံ အကာအကွယ် အစီအစဉ်ကို အသက်အာမခံရယူထားသူ မည်သူမဆို အလိုအလျောက် ရရှိမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ မတိုင်မီ (သို့မဟုတ်) နောက်ဆုံးထားပြီး အသက်အာမခံ အတည်ပြု ရယူထားသူဖြစ်ရပါမယ်။ အခု COVID-19 အာမခံကာကွယ်မှု အထူးအစီအစဉ်ကို အာမခံစတင် အသက်ဝင်သည့်နေ့မှ ရက်ပေါင်း ၉၀ အကျိုးခံစား ရရှိမှာဖြစ်ပါတယ်။

ရောဂါလက္ခဏာအတွက် အကျိုးခံစားခွင့်

အာမခံထားသူက COVID-19 ရဲ့ ရောဂါလက္ခဏာကို တွေ့ရှိကြောင်းကို စစ်ဆေးအတည်ပြုခဲ့ပါက ကျွန်ုပ်တို့အနေဖြင့် အာမခံထားငွေရဲ့၁၀%ကို ထုတ်ပေးမှာဖြစ်ပြီး အများဆုံး ၅ သိန်းအထိ အကျိုးခံစားခွင့်ရှိပါတယ်။

အသက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်

အာမခံထားသူက COVID-19 ကပ်ရောဂါကြောင့် သေဆုံးခဲ့ပါက ကျွန်ုပ်တို့အနေဖြင့် အာမခံထားငွေရဲ့ ထပ်ဆောင်း ၁၀၀% ကိုထုတ်ပေးမှာဖြစ်ပြီး အများဆုံး သိန်း ၅၀ အထိ အကျိုးခံစားခွင့် ရှိပါတယ်။

Prudential က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်တဲ့ နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မယ့် လုပ်ငန်းလိုင်စင်ကို လက်ခံရရှိထားပါတယ်။ Prudential Myanmar အနေဖြင့် လွယ်ကူရိုးရှင်းသည့် အာမခံအကာအကွယ် အမျိုးအစားများကို ပေးအပ်မည်ဖြစ်ပြီး အာမခံဝယ်ယူထားသူများ၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မြောက်စေရန် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

COVID-19 အခမဲ့ အကာအကွယ် အစီအစဉ်အတွက် အသေးစိတ် ထပ်မံသိရှိလိုပါက www.prudential.com.mm/en/products / www.facebook.com/PrudentialMyanmarLifeInsurance တို့မှာ ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply