ရိုးမဘဏ်ဝန်ထမ်းအားလုံးအတွက် ကာကွယ်မှုပေးနိုင်ရန် ပရူဒန်ရှယ် အာမခံရဲ့စုပေါင်းအသက်အာမခံ အစီအစဉ် ရယူပေးအပ်ထား

Yoma-Bank-PRUGroup-Life_Credit-to-Prudential-Myanmar.jpg

မြန်မာနိုင်ငံက အကြီးဆုံး ပုဂ္ဂလိကဘဏ်များအနက် တစ်ခုဖြစ်သည့် ရိုးမဘဏ်ဟာ ဝန်ထမ်းပေါင်း (၃,၀၀၀) ကျော်ကို အသက်အာမခံ အကာအကွယ် ပေးအပ်နိုင်ရန်အတွက် Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ် အာမခံ) က PRUGroup Life စုပေါင်းအသက်အာမခံကို ဝယ်ယူခဲ့ပါတယ်။ PRUGroup Life အာမခံအမျိုးအစားက ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအတွက် စုပေါင်းအသက်အာမခံ အစီအစဉ်တစ်ခုဖြစ်ပြီး အစီအစဉ်အတွင်း အကျုံးဝင်သော မည်သည့် ဝန်ထမ်းမဆို သေဆုံးခြင်း၊ လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) မသန်စွမ်းဖြစ်ခြင်း တို့ကြောင့် ဖြစ်လာနိုင်သော ငွေကြေးဆုံးရှုံးမှုတို့မှ ထိန်းသိမ်းကာကွယ်မှု ရရှိမှာဖြစ်ပါတယ်။

ဝန်ထမ်းများအတွက် အသက်အာမခံထားရှိခြင်းက မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအားလုံး မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သောအရာတစ်ခု မဟုတ်သော်လည်း ရိုးမဘဏ်က ၎င်းရဲ့ဝန်ထမ်းအုပ်စုအတွင်း အများစုမှာ တစ်ဦးချင်း အသက်အာမခံ ရယူထားခြင်းမရှိသောကြောင့် PRUGroup Life စုပေါင်းအသက်အာမခံကို တန်ဖိုးကြီးမားလှတဲ့ ဝန်ထမ်းအကျိုးခံစားခွင့်အဖြစ် စေတနာအရင်းခံကာ ဝယ်ယူပေးခဲ့ခြင်းဖြစ်ပါတယ်။ PRUGroup Life အာမခံ အကာအကွယ်ကို ရယူထားခြင်းဖြင့် ရိုးမဘဏ်ဝန်ထမ်းများမှာ မတော်တဆဖြစ်ရပ်တစ်ခု၊ မမျှော်လင့်ထားသော ဘဝအလှည့်အပြောင်းတစ်ခုနှင့် ကြုံတွေ့လာရပါက ၎င်းတို့ရဲ့ မိသားစုနှင့် ချစ်ခင်ရသူများ အတွက် ငွေကြေးအခက်အခဲ မဖြစ်စေရန် ကာကွယ်မှု ရရှိနိုင်မှာဖြစ်ကြောင်း သိရှိထားသောကြောင့် စိတ်အေး ချမ်းသာစွာ သွားလာလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် PRUGroup Life စုပေါင်း အသက်အာမခံ အစီအစဉ်တွင်ပါရှိတဲ့ ရိုးမဘဏ်ဝန်ထမ်းအားလုံးမှာ COVID-19 ဗိုင်းရပ်စ် ခြိမ်းခြောက်မှုမှ အကာအကွယ်ပေးထားတဲ့ COVID-19 ဆိုင်ရာ အပိုဆောင်းအာမခံ အကာအကွယ်ကိုပါ အခမဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ COVID-19 အခမဲ့ အာမခံအကာအကွယ် အစီအစဉ်ဖြင့် မည်သည့် ရိုးမဘဏ် ဝန်ထမ်းမဆို COVID-19 မတော်တဆ ကူးစက်ခံရသည်ဖြစ်စေ၊ ကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးသည် ဖြစ်စေ ပရူဒန်ရှယ် အာမခံက ထပ်ဆောင်းအကျိုးခံစားခွင့်ကို တစ်ပေါင်းတည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ မတ်လမှာ ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ်တို့က မြန်မာနိုင်ငံသားများအတွက် ယုံကြည်စိတ်ချရပြီး ရှေရှည်ကာကွယ်စောင့်ရှောက်မှု ပေးနိုင်တဲ့ အသက်အာမခံ ဝန်ဆောင်မှုများ လိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရန် သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှာ နေရာဒေသ အနှံ့အပြားရှိ ကြီးမားကျယ်ပြန့်သော ဘဏ်ခွဲကွန်ရက်များတစ်ဆင့် ပရူဒန်ရှယ်အာမခံရဲ့ရေရှည်အာမခံ စုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူနိုင်မှာဖြစ်ပါတယ်။

အခုပူးပေါင်းဆောင်ရွက်မှုက ပရူဒန်ရှယ်အာမခံ ရဲ့အထူးဦးစားပေး ရင်းနှီးမြုပ်နှံထားသည့် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများကို ရိုးမဘဏ်ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ့ရောက်ရှိနိုင်တဲ့ ဈေးကွက် ကျွမ်းကျင်မှုတို့ဖြင့် ပေါင်းစပ်ပြီး ပရူဒန်ရှယ်အာမခံ မှ ဖြန့်ချိသွားမည့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခုကို အမှန်တကယ် ပုံဖော်ဖန်တီး နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top