ကပ်ရောဂါအတွင်း ဖိနပ်တွေကို ဘယ်လိုဂရုတစိုက်ချွတ်ပြီး သန့်စင်မလဲ

26-6-2020-yyl-036.jpg

ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ပျံ့နှံ့နေတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ကာကွယ်နိုင်ဖို့ လက်တွေမကြာခဏဆေးနေရတဲ့အပြင် မိမိအိမ်တစ်ဝိုက်နဲ့ အိမ်ထဲမှာရှိတဲ့အရာတွေကို သတိထားထိတွေ့ကာ ပိုးသတ်သန့်စင်နေကြရပါတယ်။ ဒါပေမဲ့ သင်တို့စီးနေတဲ့ ဖိနပ်တွေကို ပိုးသတ်သန့်စင်ဖို့ သတိရောရကြရဲ့လား။ သင့်ရဲ့ဖိနပ်တွေကလည်း ညစ်ညမ်းတဲ့နေရာ၊ ရောဂါပိုးရှိနိုင်တဲ့နေရာတွေကို ပိုပြီးထိတွေ့မိကြတာကြောင့် ဖိနပ်တွေကိုလည်း အချိန်ရရင် ပိုးသတ်သန့်စင်ပေးသင့်ပါတယ်။ ဖိနပ်တွေကို သန့်စင်တာကလည်း အိမ်ကို ရောဂါပိုးတွေ မကပ်ညှိသွားစေအောင် ကာကွယ်တဲ့သဘောပါပဲ။ အိမ်ရောက်တာနဲ့ ဖိနပ်တွေကို ဘယ်လိုချွတ်ပြီး ဖိနပ်ကို ဘယ်လိုသန့်စင်မလဲဆိုတဲ့ အချက်တွေကို မျှဝေပေးလိုက်ရပါတယ်။

အိမ်စီးဖိနပ်နဲ့ အပြင်စီးဖိနပ်ဆိုပြီး သပ်သပ်ခွဲထားပါ

အိမ်မှာ ဘေးကင်းချင်ရင် အိမ်စီးဖိနပ်၊ အပြင်စီးဖိနပ်ဆိုပြီး ခွဲထားသင့်ပါတယ်။ ဒီနည်းက ဖိနပ်တွေကို ပိုးသတ်သန့်စင်စရာတောင်သိပ်မလိုတော့ပါဘူး။ အိမ်ဝင်ပေါက်နားမှာ ဖိနပ်တစ်ရံထားပြီး အိမ်ပြန်ရောက်ရင် အဲဒီဖိနပ်ကို လဲစီးလိုက်ရုံပါပဲ။ ကျန်းမာရေးဌာနတွေမှာ အလုပ်လုပ်တဲ့သူတွေဆို ဒီအချက်ကို လိုက်နာသင့်ပါတယ်။

ဖိနပ်ချွတ်တဲ့အခါ လက်အိတ်ဝတ်ပါ

အပြင်ကနေ အိမ်ပြန်ရောက်တဲ့အခါ ဖိနပ်တွေကို လက်ဗလာနဲ့ မထိအောင် နေပါ။ ဖိနပ်ချွတ်တော့မယ်ဆိုရင် တစ်ခါသုံးပလတ်စတစ်လက်အိတ်ကို အသုံးပြုသင့်ပါတယ်။ ဖိနပ်ကို ကိုင်မိတဲ့အခါတိုင်း လက်နဲ့ခြေထောက်တို့ကို သေချာသန့်စင်ပေးပါ။ ဒီကပ်ရောဂါအတွင်းမှာ ခြေထောက်ကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။

ဖိနပ်အောက်ခံကို ဂရုစိုက်ပေးပါ

ဖိနပ်ရဲ့အောက်ခံက ညစ်ညမ်းတဲ့အရာတွေနဲ့ တိုက်ရိုက်ထိတွေ့ရဆုံးပါပဲ။ အိမ်အပြင်ဘက်မှာ ခြေသုတ်ခင်းထားလို့ရပြီး ဖိနပ်အောက်ခံမှာ ဖုန်မှုန့်အညစ်အကြေးတွေကို ဖယ်ရှားချင်ရင် ဖိနပ်တွေကို ပုံမှန်သန့်စင်ပေးသင့်ပါတယ်။ ခြေသုတ်ခင်းမှာ ဖိနပ်တွေကို ပွတ်တိုက်ပြီးမှ အိမ်ထဲကို ဝင်ပါ။ အိမ်ထဲဝင်တဲ့အခါ ရေချိုးခန်းကို ချက်ချင်းသွားပြီး ခြေထောက်ကို သန့်စင်ပေးသင့်ပါတယ်။

အဝတ်ဟောင်းနဲ့ ဖိနပ်တွေကို သုတ်ပေးပါ

ဖိနပ်ရဲ့အပြင်ဘက်ကို ပိုးသတ်သန့်စင်ဖို့အတွက် အဝတ်ဟောင်း၊ တဘတ်အဟောင်းတို့ကို အသုံးပြုလို့ရပါတယ်။ အလွယ်တကူရနိုင်တဲ့ ပိုးသတ်ပြီးသား အဝတ်တွေလည်းရှိပါတယ်။ ပိုးသတ်ထားတဲ့အဝတ်ကို အသုံးပြုပြီး ဖိနပ်အပြင်ဘက်ကို သုတ်ပေးသင့်ပါတယ်။ ဖိနပ်ကို သန့်စင်တဲ့အခါ လက်အိတ်ဝတ်ဖို့ မမေ့ပါနဲ့။ ဖိနပ်ကို သန့်စင်ပြီးသွားတဲ့အခါ လက်ကို ချက်ချင်းဆေးကြောပေးသင့်ပါတယ်။

ပိုးသတ်ဆေးဖြန်းထားတဲ့ဖိနပ်ကို သဘာဝအတိုင်း အခြောက်ခံပါ

ဖိနပ်တွေမှာ ပိုးသတ်ဆေး အာနိသင်ပြဖို့ အချိန်အနည်းငယ်လိုတာကြောင့် လျှော်ထားတဲ့ဖိနပ်တွေကို သဘာဝအတိုင်း ခြောက်သွားပါစေ။ ဖိနပ်တွေကို ပိုးသတ်ဆေးဖြန်းပြီးသွားရင် မိနစ်အနည်းငယ်လောက် လေနဲ့ခြောက်သွားအောင်ထားပြီးတဲ့အခါ ဖိနပ်ကို အဝတ်နဲ့သုတ်ပေးသင့်ပါတယ်။

Ref: These are the tips you must use to disinfect your footwear

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top