အိမ်မှာနေရင်း အားလပ်ချိန်တွေကို ဘယ်လိုကုန်ဆုံးကြမလဲ

Sai-Kyite-Tez-Maung.jpeg

လူကြီးဖြစ်စေ လူငယ်ဖြစ်စေ အရင်က ပိတ်ရက်တွေမှာ အပြင်ထွက်ပြီးမုန့်စားတာ၊ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်တာ၊ ဈေးဝယ်ထွက်တာ၊ ရုပ်ရှင်သွားကြည့်ကြတာတွေ လုပ်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ Covid-19 မပျံ့နှံ့စေဖို့ အရေးကြီးကိစ္စမရှိရင် အပြင်မထွက်ဘဲ အိမ်မှာနေခြင်းနဲ့ အားလုံးအတူတူ ပါဝင်လုပ်ဆောင် ပေးလာကြပါတယ်။ နောက်ပြီး ဝန်ထမ်းတော်တော်များများကလည်း work from home တွေ ဖြစ်လာကြပြီဆိုတော့ တစ်ပတ်တစ်ပတ် အိမ်မှာနေရင်း အားလပ်ချိန်တွေကို ရုပ်ရှင်ကြည့်ရင်း ကုန်ဆုံးချင်ကြတဲ့သူတွေအတွက် ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လေးပါးကျော့ရှိန်ဝရဇိန်

မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်က သူငယ်ချင်းလေးယောက်ရဲ့ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတွေ ကိုပြသထားတဲ့ တစ်ချိန်က အရမ်းကို လူကြိုက်များခဲ့တဲ့ ရုံတင်ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ စည်ဖြိုး စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

ရန်သူ

ယောကျ်ားလျာလေး ဝတ်မှုန်ရွှေရည်နဲ့ နေခြည်ဦးတို့ရဲ့ ‌‌မြင်နေကျ ဇာတ်လမ်းပုံစံမဟုတ်တဲ့ ပရိတ်သတ်တွေကြား ရေပန်းစားခဲ့တဲ့ အချစ်အပြိုင် ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။

ကမ္ဘာကျော်ရွာ

နိုင်ငံကျော်သရုပ်ဆောင် နေတိုးပါဝင်ထားတဲ့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အနုပညာကို အလွန်အကြူးဝါသနာပါပြီး မင်းသား၊ မင်းသမီး ဖြစ်ချင်ကြတဲ့ ရွာသူရွာသားတွေက ဒါရိုက်တာတစ်ယောက်နဲ့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ဘဝအခြေအနေတွေ ပြောင်းလဲသွားတဲ့ကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။

ဆိုင်းကြိုက်တဲ့မောင်

မိန်းမကို အရမ်းကြောက်ရပြီး ဆိုင်းသံဗုံသံကြားတာနဲ့ မကရမနေနိုင်ဖြစ်လာတဲ့ ဆိုင်းကြိုက်တဲ့ ဂျင်းကောင် (ခ) မြင့်မြတ်ရဲ့ ဟာသဇာတ်မြူးကားလေး တစ်ခုပါ။

ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးတွေကို Viu app မှာ တစ်ရက်ကို ၅၀၀ ကျပ်၊ တစ်ပတ်ကို ၁၅၀၀ ကျပ်၊ ၁၅ ရက်ကို ၂၅၀၀ ကျပ်၊ တစ်လကို ၄၀၀၀ ကျပ်သာ ပေးရုံနဲ့ ဇာတ်ကားကောင်းလေးတွေကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အိမ်မှာနေရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်စေဖို့၊ မိသားစုနဲ့ အတူ အချိန်တွေ ဖြတ်သန်းနိုင်ဖို့၊ အခြားသူတွေနဲ့ အထိအတွေ့ နည်းနိုင်သလောက်နည်းစေဖို့ ရုပ်ရှင်ဇာတ်လမ်းကောင်းတွေကို အသက်သာဆုံးဈေးနှုန်းတွေနဲ့ အွန်လိုင်းကနေ အလွယ်တကူ ကြည့်ရှုနိုင်ပါပြီ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top