ကလေးငယ်တွေရဲ့ ညအိပ်ရာဝင်ချိန်တိုင်းသွားမတိုက်တဲ့ အလေ့အထနဲ့တစ်နေ့ နှစ်ကြိမ် သွားမတိုက်ခြင်း ဆိုးကျိုးများ

Signal-BrushStorySleep-1.jpg

Signal ရဲ့ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့သည့် လေ့လာချက်အသစ်အရ တစ်ကမ္ဘာလုံးရှိ ကလေးငယ်များရဲ့သုံးပုံပုံ တစ်ပုံသည် တစ်နေ့လျှင် ၂ ကြိမ် သွားတိုက်ခြင်းမရှိကြောင်း သိရပါတယ်။ ညအိပ်ရာဝင်ချိန်သွားမတိုက်ခြင်းက ကလေးငယ်များအတွက် ကျန်းမာရေး နှင့် လူမှုရေးပြဿနာများကို ကာလတိုတွင်သာမက ကာလရှည်ကြာစွာ ခံစားရနိုင်ကြောင်းကို အဲဒီလေ့လာချက်မှာ ဂရုပြုရမယ့်အချက်အဖြစ် ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၈ နိုင်ငံက မိဘများနဲ့ကလေးငယ်ပေါင်း ၅,၀၀၀ ကျော် ကို စစ်တမ်းကောက်ယူခဲ့ရာ ၃၀ ရာခိုင်နှုန်းသော ကလေးငယ်များသည် တစ်နေ့လျှင် ၂ ကြိမ် သွားတိုက်ခြင်းမရှိကြောင်း နှင့် လေးပုံ တစ်ပုံသော ကလေးငယ်များက ညအိပ်ရာဝင်ချိန်တွင် သူတို့၏ သွားများကို မတိုက်ကြကြောင်း လေ့လာတွေရှိခဲ့ပါတယ်။အဲဒီလိုညအိပ်ရာဝင်ချိန်သွားတိုက်လေ့မရှိတဲ့ ကလေးငယ်များက ညအိပ်ရာဝင်ချိန် ပုံမှန်သွားတိုက်တဲ့ ကလေးငယ်များထက် သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများ ကို ၂ ဆပို၍ ခံစားရတတ်ပါတယ်။ အဲဒီကလေးငယ်များအနေ့ပုံမှန်ထက် မကြာခဏခံတွင်းနာကျင်ခြင်းဝေဒနာ ခံစားရနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုများပြီး ထိုဝေဒနာများ ကြောင့် သူ တို့ရဲ့ကျောင်းတက်ရက် ပျက်ကွက်ခြင်းကိုလည်း ၂ ဆ ပိုမြင့်စေလျက်ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းတွင်လည်း ခံတွင်းနာကျင်ခြင်းကြောင့် စာသင်နှစ်တစ်နှစ်အတွင်း ကျောင်းပျက်ရက်ပေါင်း ၂၉၃.၅ သန်းခန့် ရှိပါတယ်။

မိဘအများစုအနေဖြင့် သူတို့ရဲ့ ကလေးငယ်များက တစ်နေ့ ၂ ကြိမ် သွားတိုက်တယ်လို့ ပြောသော်လည်း သွားတိုက်လေ့ရှိ/မရှိ မေးကြည့်သောအခါတွင် ၃၀ ရာခိုင်နှုန်းသော မိဘများက သူတို့ရဲ့ကလေးများကို သွားမတိုက်ပဲ အိပ်ရာဝင်ခွင့်ပြုလေ့ရှိကြောင်း ဖြေကြားခဲ့ကြပါတယ်။ ငါးပုံ တစ်ပုံသော မိဘများက တစ်ခါတစ်ရံတွင် သူတို့ ကလေးငယ်များကို ဆုချီးမြင့်သည့်အနေဖြင့် သွားမတိုက်ပဲ နေခွင့်ပြုကြောင်း ဝန်ခံခဲ့ကြပါတယ်။ မိဘများအနေဖြင့်လည်း သူတို့သားသမီးများကို နောင်အနာဂတ်တွင် အပြုံးလှလှ ပန်ဆင်နိုင်စေရန်အတွက် သွားနှင့်ခံတွင်းသန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို ချမှတ်ပေးရန်အရေးကြီးပြီး မိဘများကိုယ်တိုင်ကလည်း စံပြအနေဖြင့် တစ်နေ့ လျှင် ၂ ကြိမ် ဖလိုရိုက် ပါဝင်သော သွားတိုက်ဆေးကို သုံးကာ သွားတိုက်ရန် နှင့် သူတို့ရဲ့သွားများကို ဂရုစိုက်ထိန်းသိမ်းရန် သေချာစွာ အလေးထားသင့်ပါတယ်။

ညအိပ်ရာဝင်ချိန်တိုင်း သွားတိုက်ခြင်းက သွားနှင့်ခံတွင်းသန့်ရှင်းစေရေးအတွက် အဓိကကျသော အလေ့အထတစ်ခုလို့ ကျွမ်းကျင်သူများက ယုံကြည်ထားကြပါတယ်။ ညအိပ်ခါနီး သွားမတိုက်ခြင်းက သွားနှင့်ခံတွင်းကျန်းမာရေးကို ထိခိုက်စေရုံသာမက အခြားသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် ကလေးများရဲ့ယုံကြည်မှုရှိခြင်းအပေါ်လဲ ထိခိုက်စေနိုင်ပါတယ်။ ညအိပ်ရာဝင်ချိန်တိုင်း သွားမတိုက်ဖြစ်သော ကလေးငယ်များအနက်မှ ငါးဦးတွင် တစ်ဦးမှာ သွားနှင့်ပတ်သက်၍ လှောင်ပြောင်ခြင်းခံနေရပြီး သုံးဦးတွင် တစ်ဦးမှာ မိတ်ဆွေသူငယ်ချင်းများရရှိရန်နှင့် အခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင် အခက်အခဲများရှိနေကြောင်း တွေ့ရှိရပါတယ်။

၂၀၀၅ ခုနှစ်မှစ၍ Signal ကသွားနှင့်ခံတွင်း ဆရာဝန် ၁ သန်းကျော်အား ကိုယ်စားပြုသည့် FDI ကမ္ဘာ့သွားနှင့်ခံတွင်းအဖွဲ့ချုပ် နှင့် လက်တွဲခဲ့ပြီး ကျွန်ုပ်တို့၏ “နေ့ရော ညပါသွားတိုက်ကြစို့” ( Brush Day and Night ) အစီအစဉ်နှင့် နှစ်စဉ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့များတွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးရေးကို အတူလက်တွဲလုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီပူးပေါင်းလုပ်ဆောင်ချက်တွင်ပါဝင်သော ကတိကဝတ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် Signal က အလေ့အကျင့်များပြောင်းလဲစေရန် အလို့ငှာ Brush Story Sleep အစီအစဉ်ကို သွားဘက်ဆိုင်ရာပညာရှင်များနှင့် စတင်ဖော်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီအစီအစဉ်က ကမ္ဘာ့အကြီးဆုံး သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ ပညာပေးအစီအစဉ်ဖြစ်ပြီး ၎င်းကို ကမ္ဘာ့သွားနှင့် ခံတွင်းဆိုင်ရာကျန်းမာရေးနေ့ဖြစ်သော မတ်လ ၂၀ ရက်နေ့ သောကြာနေ့မှာ စတင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

အမူအကျင့်ဆိုင်ရာ သိပ္ပံပညာလေ့လာချက်အရ ကလေးငယ်များညအချိန်သွားမတိုက်ရခြင်းရဲ့ အကြောင်းအရင်းတစ်ခုမှာ ၎င်းတို့၏ နေ့စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုမဟုတ်သောကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Brush၊ Story၊ Sleep လုပ်ဆောင်မှုသည် ကလေးငယ်များအတွက် ညအခါသူတို့၏ အနှစ်သက်ဆုံးအိပ်ရာဝင်ပုံပြင်များကို နားထောင်သကဲ့သို့ သွားတိုက်ခြင်းကိုလည်း အတူတွဲ၍ လွယ်ကူရိုးရှင်းစွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အခုလိုပြုလုပ်ခြင်းဖြင့် နေ့စဉ်အလေ့အထတစ်ခု ဖြစ်လာစေရန်လည်း ရည်ရွယ်ပါတယ်။ Signalက နိုင်ငံတစ်ဝှမ်းရှိ မိဘများနှင့် ကလေးငယ်များအား #BrushStorySleep challenge ကိုအတူတကွပါဝင်ရန်ပြီး အိပ်ရာဝင်ပုံပြင်ပြောပြခြင်းနှင့် သွားတိုက်ခြင်းကိုအတူတကွ လုပ်ဆောင်ခြင်းဖြင့် ကျန်းမာသောအလေ့အထတစ်ခုအား တစ်သက်တာဖန်တီးနိုင်ရန် အတူတကွစုပေါင်းအားဖြည့်စေချင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top