ပန်းကန်ဆေးရေမြှုပ်ကို မကြာခဏ အသစ်လဲပေးဖို့ ဘာလို့လိုတာလဲ

11-5-2020-yyl-033.jpg

အိုးခွက်ပန်းကန်တွေက ဆီနဲ့ အညစ်အကြေးတွေကို သန့်စင်တဲ့အခါ၊ ဖိုနဲ့ မိုက်ခရိုဝေ့တို့ကို သန့်စင်တဲ့အခါမျိုးမှာ ကျွန်တော်တို့တွေက ပန်းကန်ဆေးရေမြှုပ်ကို အသုံးပြုလေ့ရှိကြပါတယ်။ ရေမြှုပ်က ဈေးချိုပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက အဲဒါကို နေ့တိုင်းအရမ်းအသုံးပြုတဲ့အတွက် မကြာခဏ အသစ်လဲပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ အချိန်မီ လဲမပေးတဲ့အခါ ကြောက်စရာကောင်းလောက်အောင် ဘတ်တီးရီးယားတွေနဲ့ ပိုးမွှားတွေ စုဝေးလာပြီး သန့်စင်ပိုးသတ်ထားတဲ့ နေရာတွေကိုလည်း ညစ်ညမ်းသွားစေနိုင်ပါတယ်။ ပန်းကန်ဆေးရေမြှုပ်က သင့်အိမ်မှာ ရှိတဲ့ အညစ်ပတ်ဆုံးအရာတွေထဲက တစ်ခုဆိုတာကို သင် သိသွားမယ်ဆိုရင် အံ့သြသွားပါလိမ့်မယ်။

ပန်းကန်ဆေးရေမြှုပ်ကို အသစ်လဲပေးဖို့ ဘာလို့လိုတာလဲဆိုရင်

ပန်းကန်ဆေးရေမြှုပ်ကို တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက် အသစ်လဲပေးသင့်ပါတယ်။ သင်က အဲဒါကို အိုးခွက်ပန်းကန်တွေအတွက်သာမဟုတ်ဘဲ အခြားပစ္စည်းတွေအတွက်ပါ အသုံးပြုတယ်ဆိုရင်တော့ အသစ်လဲပေးသင့်တဲ့ အကြိမ်အရေအတွက်က တိုးလာနိုင်ပါတယ်။ ပန်းကန်ဆေးရေမြှုပ်ကို လဲဖို့အချိန်ရောက်ပြီဆိုတာကို အဲဒါရဲ့ အနံ့နဲ့ပုံစံကို ပြောပြပါလိမ့်မယ်။ ရေမြှုပ်က အနံ့နံနေပြီး ပုံပျက်ပန်းပျက်နဲ့ ညစ်ပတ်နေကာ ဆေးတဲ့အခါမှာ အနံ့အသက်ကို မဖယ်ရှားနိုင်ဘူးဆိုရင် အသစ်လဲဖို့ အချိန်ရောက်နေပါပြီ။ ပန်းကန်ဆေးရေမြှုပ်ကို အရမ်းအသုံးပြုရတယ်ဆိုရင် တစ်ပတ်မတိုင်ခင်တောင် အသစ်လဲပေးသင့်ပါတယ်။ ရေမြှုပ်ကို ဆပ်ပြာရည်တို့နဲ့ အသုံးပြုရတယ်ဆိုရင် အပတ်တိုင်း အသစ်လဲပေးတာ အကောင်းဆုံးပါပဲ။

ရေမြှုပ်ကို သန့်စင်ပေးဖို့အတွက် အကောင်းဆုံးနည်းလမ်း

ပန်းကန်ဆေးရေမြှုပ်က ဘတ်တီးရီးယားအမျိုးမျိုးကြောင့် ညစ်ပတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပန်းကန်ဆေးရေမြှုပ်ကို သန့်စင်ပေးလို့ရပါတယ်။ ဗင်နီဂါထဲစိမ့်ထားပြီး သန့်စင်တာအပါအဝင် ရေမြှုပ်သန့်စင်နည်းတော်တော်များများကို ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။ အဲဒီနည်းတွေက လုံးဝထိရောက်မှုရှိလာဆိုတာကို သက်သေပြမထားပေမဲ့ ရေမြှုပ်ကို အစွန်းချွတ်ဆေး၊ အရောင်ချွေးဆေးတွေနဲ့ သန့်စင်ပေးတာက အကောင်းဆုံးပါပဲ။

ဘယ်လိုလုပ်ရမလဲ

ရေ (၃) လီတာနဲ့ အစွန်းချွတ်ဆေး (စားပွဲတင်ဇွန်း (၁၂) ဇွန်း) တို့ကို ရောစပ်လိုက်ပါ။ ပြီးရင် အဲဒီရေထဲကို ရေမြှုပ်ကို (၅) မိနစ်လောက် စိမ့်ထားလိုက်ပြီး ရေနဲ့ သန့်စင်ပေးလိုက်ပါ။ အဲဒီလိုသန့်စင်ပေးတာက ဘတ်တီးရီးယားတွေ (၉၉.၉) ရာခိုင်နှုန်းကို သတ်ပေးပါတယ်။

Ref: This is how often you need to replace your kitchen sponge

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top