ကြီးမားသောဘတ္ထရီပမာဏနှင့် အားကောင်းသော စွမ်းဆောင်ရည်တို့နဲ့ Vivo Y50 ကို မြန်မာပြည်တွင် တရားဝင်မိတ်ဆက်

Image_01.jpg

Vivo Mobile Myanmar က ဈေးနှုန်းသင့်တင့်ပြီး စွမ်းရည်သာလွန်ကောင်းမွန်တဲ့ Y စီးရီး ဖြစ်သည့် Y50 ကို ဇွန်လ (၁) ရက်နေ့က မြန်မာပြည်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ အရင်လအစောပိုင်းက မိတ်ဆက်ပေးခဲ့သော စွမ်းဆောင်ရည်မြင့် Flagship စမတ်ဖုန်းတစ်ခုဖြစ်တဲ့ V19 အောင်မြင်မှုရပြီးနောက် Vivo က Y50 ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားခြင်းနှင့် စတိုင်ကျလှပသည့်အသွင်အပြင်တို့ဖြင့် တစ်မူထူးခြားသော Y50 ကို အင်တာနက်ပေါ်တွင် ကြည့်ရှုခြင်း၊ ဖန်တီးခြင်းတို့ဖြင့့်အချိန်အများစုကို ကုန်ဆုံးလေ့ရှိတဲ့ အသုံးပြုသူလူငယ်တစ်ဦးစီအတွက် တစ်မူထူးခြားမှုများ ယူဆောင်ပေးမည့် စိန်ကျောက်များကဲ့သို့ လင်းလက်တောက်ပသော နောက်ဘက် 3D မှန်ဖြင့် ဒီဇိုင်းဆင်ယင်ပေးထားတယ်လို့ သိရပါတယ်။
အတွင်းနှင့်အပြင် နှစ်မျိုးစလုံး စတိုင်ကျ ကောင်းမွန်တဲ့ ဒီဖုန်းတွင် အဆင့်မြင့် iView ဖန်သားပြင်၊ အလွန်ကြီးမားသော 5000mAh ဘက်ထရီနှင့် 8GB+128GB RAM & ROM တို့ ပါဝင်ပြီး ဈေးကွက်ဦးဆောင် ဒီဇိုင်းနှင့် အားကောင်းသော စွမ်းဆောင်ရည်တို့ဖြင့် ပြည့်စုံသော ဒီဖုန်းကို ဆွဲဆောင်မှုကောင်းသည့် ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြင့် အသုံးပြုသူများကို Ultra Speed နှင့် Ultra Style တို့ကို ရယူခံစားစေနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်းနှင့် ဖန်သားပြင်

6.53 လက်မ Ultra O ဖန်သားပြင် ပါဝင်တဲ့ Vivo Y50 တွင် 1080p resolution ဖြင့်ကြည့်ရှုနိုင်သော ဖန်သားပြင်ပေါ်မှာ အကောင်းဆုံး သုံးနိုင်ရန်အတွက် အသေးဆုံး selfie ကင်မရာပေါက် တစ်ခုသာ ပါဝင်မှာဖြစ်ပါတယ်။ ဗီဒီယို ကြည့်သူများ၊ ဂိမ်းကစားသူများ မည်သူမဆို ကြိုက်နှစ်သက်မှာဖြစ်ပါတယ်။ ဖန်သားပြင်နှင့် ကိုယ်ထည်အချိုးမှာ 90.77 ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး မြင်ကွင်းအချိုး 19.5:9 နှင့် FHD+ resolution ဖြစ်သည့် 2340 x 1080 ကို ခံစားအသုံးပြုနိုင်မှာဖြစ်ပါတယ်။

အမြင်ပိုင်းအရ ဆွဲဆောင်အားကောင်းတဲ့ ဒီဖုန်းက ဘေးဘက်အကာများမှ ချောမွတ်တောက်ပြောင်သော ထောင့်များ၊ မျဉ်းများအတွင်း ရော‌နှောဝင်ရောက်သွားမည့် ချောမွေ့သော 3D မျဉ်းကွေးများဖြင့် စတိုင်ကျသော ပုံစံကို ဖော်ဆောင်ထားပါတယ်။ အစင်းကွက်ပုံ အလင်းတောက်ပုံစံများက အလွှာလွှာထပ်ထားသည့် ဒီဇိုင်းပုံစံကို ပြသနေပြီး တင့်တယ်လှပသည့် Pearl White နှင့် သမုဒ္ဒရာ ရေနက်ပိုင်းကဲ့သို ဆွဲဆောင်မှုအားကောင်းသည့် Starry Black ဆိုတဲ့ အရည်အသွေးမြင့် အရောင်နှစ်မျိုးဖြင့် အနုပညာ ရသမြောက်စေပါတယ်။

စွမ်းဆောင်ရည်

လုပ်ဆောင်ချက် အများအပြားကို တစ်ပြိုင်တည်းသုံးလိုသူများ အနေဖြင့် octa-core Snapdragon 665 ပရိုဆက်ဆာနှင့် 8GB RAM တို့ ပါရှိသည့်အတွက် စွမ်းဆောင်ရည်မကျဘဲ အသုံးပြုနိုင်မှာဖြစ်ပြီး သိုလှောင်မှုပမာဏ 128GB ပါရှိသည့်အတွက် အသုံးပြုသူများအနေဖြင့် ဒီလက်ကိုင်ဖုန်း တစ်ခုတည်းတွင် ရုပ်ပုံ၊ ဗီဒီယိုနှင့် အကြိုက်ဆုံး ဖျော်ဖြေရေးဖိုင်များ အများအပြားကို ထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။ သိုလှောင်မှုအား ကောင်းသည့်အတွက် ဒီဖုန်းအတွင်း နှစ်သက်ရာ အမှတ်တရ အားလုံးကို သိမ်းဆည်းနိုင်ရန်အတွက် ဖိုင်များဖျက်ခြင်း၊ နေရာရွှေ့ခြင်းများ လုပ်ရန်မလိုဘဲ အလွယ်တကူ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။

အမြင်ပိုင်းအရသာ တိုးတက်လာတာမဟုတ်ဘဲ နောက်ဆုံးပေါ် Multi-Turbo 3.0 နှင့် စမတ်ဖုန်းလောကတွင် ပထမဆုံးသော VPG (Vivo Process Guardian) နည်းပညာ အမျိုးအစားတို့ကြောင့် စွမ်းဆောင်ရည်နှင့် ဖုန်းစနစ် အမြန်နှုန်းတို့လည်း တိုးမြင့်လာပါတယ်။ ဗဟိုစနစ်သုံး ရင်းမြစ်များကို Center Turbo အသုံးချကာ အမြင့်ဆုံး အမြန်နှုန်းသို့ ဦးစားပေး မြှင့်တင်ပေးထားပြီး AI Turbo မှ အသိဉာဏ်မြင့် ဆုံးဖြတ်မှုများကို လုပ်ဆောင်ပေးထားသည့်အတွက် ဒီဖုန်းက အခြားကုမ္ပဏီ (third-party) မှ အက်ပ်များကြောင့် ဖြစ်ရတဲ့စနစ်မူမမှန်ဖြစ်စဉ်များကို မဖြစ်ပွားမီက ကြိုတင်ခန့်မှန်းနိုင်ပြီး ဒီပြဿနာများ မဖြစ်မီ ရှာဖွေ ဖြေရှင်းပေးနိုင်ပါတယ်။

ဒါ့အပြင် Y50ရဲ့အဆင့်မြင့်တင်ထားသော OS စနစ်ကြောင့် Funtouch OS 10 လုပ်ဆောင်ချက်များဖြင့် အသုံးပြုသူမှ USB ကြိုး ထိုးထားလျှင်ဖြစ်စေ၊ ဖုန်းစခရင်ကို ဖွင့်ထား၊ ပိတ်ထားလျှင်ဖြစ်စေ နောက်ခံအလင်းရောင်နှင့် လှုပ်ရှားရုပ်ပုံများ ပြပေးနိုင်ပြီး အသုံးပြုသူအနေဖြင့် ဂရုစိုက်မှုနှင့် မိမိစိတ်ကြိုက် ပြောင်းလဲမှုများကို ခံစားရယူနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာများ

Y50 ရဲ့ အထူးမြင်ကွင်းကျယ် Quad Camera က အထူးပြုကင်မရာ လေးခုဖြင့် ဓာတ်ပုံရိုက်ရန် အခွင့်အလမ်းသစ် များစွာကို လမ်းဖွင့်ပေးနိုင်ပါတယ်။ 13MP ပင်မကင်မရာကို ရှင်းလင်းပြတ်သားမှု အမြင့်ဆုံးရစေရန် ဒီဇိုင်းထုတ်ထားပြီး 8MP အထူးမြင်ကွင်းကျယ် ကင်မရာကမူ ရှုခင်းမြင်ကွင်းကျယ်များနှင့် လူအများအပြားကို ရိုက်ကူးနိုင်ရန်အတွက် အလျားလိုက် 120 ဒီဂရီမြင်ကွင်းကို ရရှိစေမှာဖြစ်ပါတယ်။ အသုံးပြုသူကို မနက်ခင်း နှင်းရည်ပွင့်များမှသည် ပျားအုံတွင် အရောင်ပြန်ထနေသော ပျားရည်စက်များအထိ သေးငယ်သော အရာဝတ္ထုများမှ လှပသော ကမ္ဘာကြီးကို ပုံဖော်နိုင်ရန်အတွက် 2MP Macro ကင်မရာကိုလည်း ထည့်သွင်းထားပါတယ်။ Face Beauty ပါဝင်တဲ့ 16MP ရှေ့ကင်မရာက ဘဝမှာ အလှပဆုံးသော အခိုက်အတန့်များကို အခက်အခဲမရှိ ဖမ်းယူရိုက်ကူးပေးနိုင်ပါတယ်။ နောက်ဆုံးအနေဖြင့် 2MP Bokeh ကင်မရာဖြင့် မီးမောင်းထိုး ပြသလိုတဲ့ အရာဝတ္ထု/ပုဂ္ဂိုလ်ကို နောက်ခံပုံရိပ်များမှ ခွဲခြားပေးပြီး ထင်ရှားသိသာသည့် ရုပ်ပုံတို့ကို ဖန်တီးပေးနိုင်ပါတယ်။

အသိဉာဏ်မြင့် Super Night algorithm က အလင်းမှောင်သွားသည်နှင့် အလိုအလျောက် ပွင့်လာပြီး အစက်အပြောက်များကို လျော့ချပေးကာ အလင်းလွန်ကဲသည့် နေရာများကို အလင်းရောင် လျော့ချပေးခြင်းဖြင့် ပိုမိုရှင်းလင်းပြီး ထင်ရှားသော အလင်းအမှောင် အလွှာများဖြင့် လှပတင့်တယ်သည့် ရုပ်ပုံများကို ရရှိစေပါတယ်။ ဒီလုပ်ဆောင်ချက်ကို ရှေ့ကင်မရာနှင့် နောက်ကင်မရာ နှစ်ခုစလုံးမှ အသုံးပြုနိုင်ပြီး အသုံးပြုသူများကို လှပတဲ့ ညနေခင်း selfie များ ရိုက်ကူးစေနိုင်သလို မှော်ဝင်ညရှုခင်းများကိုလည်း ဖမ်းယူစေနိုင်မှာ ဖြစ်ပါတယ်။ ဗီဒီရိုက် ရိုက်မယ်ဆိုပါကလည်း သဘာဝအလျောက် လက်တုန်နိုင်သော်လည်း Y50 ရဲ့အထူးတည်ငြိမ်သည့် Ultra stable ဗီဒီယိုဖြင့် မီလီမီတာ အတိုင်းအတာအထိ တိကျသည့် ဈေးကွက်ဦးဆောင် တည်ငြိမ်မှုထိန်း algorithm များနှင့် ရွေ့လျားမှု အာရုံခံကိရိယာများဖြင့် ရုပ်ရှင်ရိုက်ကူးသကဲ့သို့ ထင်မှတ်မှားရမည့် တည်ငြိမ်မှုနှင့် ရှင်းလင်းမှုများကို ရရှိစေပါတယ်။

ဘယ်လိုရနိုင်မလဲ

ဒီမြန်နှုန်းမြင့်၊ စတိုင်ကျ (Ultra Speed, Ultra Style) စမတ်ဖုန်းကို Pearl White နှင့် Starry Black (Iris Blue) အရောင်များဖြင့် ရနိုင်ပြီး 8GB+128GB RAM အမျိုးအစားကို မြန်မာကျပ်ငွေ ၃၆၉,၈၀၀ ကျပ် ဖြင့် ဇွန်လ ၁ ရက်နေ့က စတင်ပြီး Vivo Myanmar အသိအမှတ်ပြုဆိုင် အားလုံးတွင် ဝယ်ယူရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top