၇ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေကို ထိန်းသိမ်းဖို့ စစ်တပ်ဖြန့်ကျက်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

2-6-2020-yyl-018.jpg

ရဲအရာရှိကြောင့် လက်နက်မဲ့လူမည်းအမျိုးသား သေဆုံးမှုအတွက် လူထုအုံကြွမှု ကြီးထွားလာတာကို ထိန်းသိမ်းဖို့ စစ်တပ်ကို ဖြန့်ကျက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ပြည်နယ်တွေနဲ့ မြို့တွေက ဆန္ဒပြပွဲတွေကို မထိန်းချုပ်နိုင်သလို ဒေသခံတွေကို မကာကွယ်ပေးနိုင်ဘူးဆိုရင် စစ်တပ်ကို စေလွှတ်ပြီး သူတို့ကိုယ်စား ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးမယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ မေလ ၂၅ ရက်က မင်နီယာပိုလစ်မြို့မှာ အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း ယမ်းပုံမီးကျသလို ဒေါသထွက်ခဲ့ကြပါတယ်။

၇ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့လို့ မြို့ကြီးတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က တရားဝင်သေမှုသေခင်း စစ်ဆေးမှု မှတ်တမ်းအရ ဂျော့ဖလွိုက် သေဆုံးမှုကို လူသတ်မှုအဖြစ် သတ်မှတ်ခဲ့ါတယ်။ ဂျော့ဖလွိုက်က အသက်ရှူမရတော့ဘူးလို့ ညည်းတွားနေပေမဲ့ သူ့ဇက်ကို ဒူးနဲ့ဖိထားခဲ့တဲ့ ရဲအရာရှိကို တတိယအဆင့် လူသတ်မှုနဲ့တရားစွဲထားပြီး လာမယ့်တစ်ပတ်မှာ ရုံးထုတ်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ ညနေပိုင်းမှာ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ရဲ့ နှင်းဆီဥယျာဉ်မှာ စာနယ်ဇင်းရှင်းလင်းနေတုန်း အိမ်ဖြူတော်တစ်ဝိုက်မှာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့လို့ မျက်ရည်ယိုဓာတ်ငွေ့၊ ရော်ဘာကျည်တွေနဲ့ လူစုခွဲခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top