ထိုင်းနိုင်ငံမှာ စည်းမျဉ်းတချို့ဖြင့် ချွန်ဘူရီကမ်းခြေနဲ့ ပတ္တရားကမ်းခြေတို့ကို ပြန်ဖွင့်ပြီ

2-6-2020-yyl-009.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူစုလူဝေးဖြစ်နိုင်တဲ့ကမ်းခြေတွေအပါအဝင် နေရာတော်တော်များများကို ပိတ်ထားခဲ့တာ (၂) လကျော်သွားခဲ့ပါပြီ။ မနေ့ကတော့ ထိုင်းနိုင်ငံက ကမ်းခြေတွေကို စည်းမျဉ်းတချို့နဲ့ ပြန်ဖွင့်လိုက်ပြီလို့သိရပါတယ်။ ကမ်းခြေမှာ ထိုင်ရတာ၊ ပင်လယ်လေရှုရှိုက်ပြီး အပန်းဖြေရတာကြိုက်နှစ်သက်တဲ့သူတွေအတွက် ဝမ်းသာစရာပါပဲ။ ထိုင်းနိုင်ငံမှာ ပြန်ဖွင့်လိုက်တဲ့ ကမ်းခြေတွေကတော့ ချွန်ဘူရီပြည်နယ်က ကမ်းခြေတွေနဲ့ ပတ္တရားကမ်းခြေတို့ဖြစ်တယ်လို့ သိရပါတယ်။

ချွန်ဘူရီပြည်နယ်ရဲ့ မြို့တော်ဝန် နာရွန်ချွိုင် ခွန်ပလန်က ကမ်းခြေတွေကို ဇွန်လ (၁) ရက်နေ့ကနေ ပြန်ဖွင့်မှာဖြစ်ကြောင်း ဒါပေမဲ့ COVID-19 ကြောင့် လာရောက်လည်ပတ်သူတွေနဲ့ ဒေသခံတွေ လိုက်နာသင့်တဲ့ စည်းမျဉ်းတချို့ရှိနေတုန်းဖြစ်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ စည်းမျဉ်းနဲ့ကာကွယ်ရေးနည်းလမ်းတချို့ကတော့ ကမ်းခြေတွေအားလုံးကို တနင်္လာနေ့တိုင်း ပိတ်ထားမှာဖြစ်ပါတယ်။ စားစရာ၊ သောက်စရာတွေကို ၂၀၂၀ခုနှစ် ဇွန်လ ၅ ရက်နေ့ကစပြီး ရရှိမှာဖြစ်ပါတယ်။ အရက်သေစာ သောက်စားမှုကို တားမြစ်ထားတုန်းပါပဲ။ ကမ်းခြေထိုင်ခုံတွေကို Social Distancing စည်းမျဉ်းနဲ့အညီ ထားရှိမှာပါ လာရောက်လည်ပတ်သူများမယ်ဆိုရင် နေရာတွေကိုယာယီပိတ်ထားဖို့ စဉ်းစားမှာဖြစ်တယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ကမ်းခြေကို လာရောက်လည်ပတ်သူတွေကတော့ ဒီစည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

  • ပါးစပ်နဲ့နှာခေါင်းစည်းကို ဝတ်ဆင်ပါ
  • Social Distancing စည်းမျဉ်းတွေကို လိုက်နာပါ
  • လက်သန့်ဆေးရည်ကို အသုံးပြုပါ
  • ထားရှိပေးတဲ့အမှိုက်ပုံးတွေကို အသုံးပြုပါ
  • ည (၁၀) နာရီမတိုင်ခင် ကမ်းခြေကနေ ထွက်ခွာပါ

ချွန်ဘူရီပြည်နယ်က ကမ်းခြေတွေအပြင် ခရီးသွားဧည့်သည်တွေလာရောက်လည်ပတ်လေ့ရှိတဲ့ ပတ္တရားကမ်းခြေကိုလည်း ဇွန်လ (၁) ရက်နေ့က ပြန်ဖွင့်လိုက်ပါပြီ။ အဲဒီဒေသက မြို့တော်ဝန် ဆွန်သာရာ ခွန်ပလိုက ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေနဲ့ ပြန်ဖွင့်တာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ်းခြေက ထီးနဲ့ထိုင်ခုံတွေကို တစ်ခုနဲ့တစ်ခု (၁) မီတာအကွာမှာ ထားရှိတာ၊ ကမ်းခြေတွေကို လတစ်လရဲ့ ဒုတိယနဲ့တတိယအပတ်တွေမှာ အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ သန့်ရှင်းရေးလုပ်ဖို့အတွက် ပိတ်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ်းခြေမှာ တည်းခိုခန်းတွေကို ဖွင့်ခွင့်ပြုမထားတဲ့အတွက် တစ်ရက်တာ လာရောက်လည်ပတ်လို့ရပါတယ်။ ထိုင်းနိုင်ငံမှာ ပြန်ဖွင့်ထားတဲ့ ကမ်းခြေတွေကို လာရောက်လည်ပတ်ချင်ရင်တော့ ချမှတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။

Ref: Chonburi Beaches And Pattaya Reopen Today, Alcohol Sale Still Banned

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top