အီထယ်ဝန်ဟောလိုးဝင်းပွဲအစုလိုက်အပြုံလိုက်သေဆုံးမှုအတွင်း ပါဝင်ခဲ့တဲ့ ကိုရီးယားအဆိုတော်သရုပ်ဆောင်

31-10-2022-yyl-06.jpg

အောက်တိုဘာ ၂၉ ရက်နေ့ညက ဆိုးလ်မြို့၊ အီထယ်ဝန်ဟောလိုးဝင်းပွဲအတွင်း သေဆုံးခဲ့တဲ့သူတွေထဲမှာ “Produce 101 Season2” အစီအစဉ်ရဲ့ပြိုင်ပွဲဝင်ဟောင်းလည်းဖြစ်တဲ့၊ သရုပ်ဆောင်လည်းဖြစ်တဲ့ လီဂျီဟန် ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့အေဂျင်စီ 935 Entertainment က “အောက်တိုဘာ ၂၉ ရက်နေ့က အီထယ်ဝန်မတော်တဆမှုဖြစ်ရပ်အတွင်း လီဂျီဟန် သေဆုံးသွားခဲ့တာ မှန်ပါတယ်။ အမှန်မဟုတ်ပါစေနဲ့လို့ ကျွန်တော်တို့လည်း မျှော်လင့်ခဲ့ပါတယ်။ ဒီသတင်းကို ကြားသိရတော့ ကျွန်တော်တို့ အရမ်းတုန်လှုပ်သွားခဲ့ရပါတယ်။ အခု သူ့မိသားစု အရမ်းဝမ်းနည်းပူဆွေးနေရပါတယ်။ ဒါက ကျွန်တော်တို့ အရမ်းသတိထားနေရပါတယ်။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ”လို့ အောက်တိုဘာ ၃၀ ရက်နေ့က အတည်ပြုပြောကြားခဲ့တာပါ။

“Produce 101 Season2” အစီအစဉ်မှာ သူ့နဲ့ပါဝင်ခဲ့တဲ့သူတွေက ဒီဝမ်းနည်းစွာသတင်းကို အင်စတာဂရမ်မှာ မျှဝေခဲ့ပြီးတဲ့နောက်မှာ လီဂျီဟန်သေဆုံးတယ်ဆိုတဲ့ သတင်းပေါ်ထွက်လာခဲ့တာပါ။ “ဂျီဟန်က ဒီကမ္ဘာကြီးကို ထားရစ်ခဲ့ပြီး လွတ်လပ်အေးချမ်းတဲ့နေရာတစ်ခုကို ထွက်သွားခဲ့ပြီ။ သူ့ရဲ့နောက်ဆုံးခရီးမှာ သူ့ကို နှုတ်ဆက်ပေးကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”လို့ သူတို့က ရေးသားခဲ့တာပါ။ သူ သေဆုံးခဲ့ချိန်မှာ အသက် ၂၄ နှစ်ရှိပါပြီ။ သူ့ရဲ့နာရေးအခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

လီဂျီဟန်က ၂၀၁၇ ခုနှစ်မှာ Mnet ရုပ်သံလိုင်းရဲ့ “Produce 101 Season2” အဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ “Today Was Another Nam Hyun Day” Web drama မှာ မင်းသားအနေနဲ့ပွဲဦးထွက်ခဲ့ပါတယ်။စနေနေ့ညက အီထယ်ဝန်မှာ စည်းကားသိုက်မြိုက်စွာကျင်းပနေတဲ့ ဟောလိုဝင်းပွဲတော်အတွင်း လူအုပ်ကြီးက လမ်းကြားတစ်ခုထဲ တိုးဝင်ကြရင်း လူအုပ်ပြိုလဲကာ လူတွေပိမိပြီး အသက်ရှုကြပ်ကာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြပါတယ်။ နိုင်ငံခြားသား (၁၉) ဦးအပါအဝင် လူ ၁၅၀ ကျော် သေဆုံးခဲ့ပြီး လူ (၈၂) ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူအများစုက အသက် ၂၀ ဝန်းကျင်တွေဖြစ်ပြီး နှလုံးရပ်ကာ သေဆုံးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Ref: Soompi “Former “Produce 101 Season 2” Contestant Lee Ji Han Confirmed To Have Passed Away In Itaewon”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top