ကိုင်လီဂျန်နာ (Kylie Jenner) အတွက် တန်ဖိုးကြီး မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ ထရေးဗစ်စကော့တ် (Travis Scott)

kylie-jenner-travis-scott-rolls-royce-1533996125-1.jpg

ကိုင်လီဂျန်နာကတော့ ၂၁ နှစ်ပြည့် မွေးနေ့မှာ ခင်ပွန်းသည် ထရေးဗစ်စကော့တ် ဆီက တန်ဖိုးကြီး မွေးနေ့လက်ဆောင်တစ်ခုကို ရခဲ့ပါတယ်။ လော့အိန်ဂျလိစ် ၊ ဒေလီလာ စားသောက်ဆိုင်မှာ မိသားစု သူငယ်ချင်းတွေနဲ့ ပါတီပွဲဆင်နွှဲပြီး အရက်အမူးလွန်နေတဲ့ ကိုင်လီကို မနက်ခင်းနိုးလာချိန်မှာ

အိမ်အပြင်ထွက်တာနဲ့ နှင်းဆီပွင့်တွေ အလှဆင်ထားတဲ့ လျှောက်လမ်းတစ်ခု ဖန်တီးပေးထားသူက ထရေးဗစ်စကော့တ် ပါ။

အိမ်ရှေ့တံခါးကနေ ထွက်ပြီး လမ်းလျှောက်လိုက်တယ် ဆိုရင်ပဲ နှင်းဆီပွင့်တွေ လှလှပပ ဆင်ထားတဲ့ မြင်ကွင်းကိုမြင်လိုက်ရချိန်မှာ အပျော်လွန်နေတဲ့ ကိုင်လီက ဗီဒီယိုရိုက်တင်ပြီး “စိတ်ကူးယဉ်ဆန်ဆန် နိုးထလာခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ်ဘေဘီရယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

ခင်ပွန်းသည်ဆီက လက်ဆောင်ရတဲ့ ၁၉၁၉ နဲ့ ၁၉၃၀ ကြားထုတ်တဲ့ အဖြူရောင် Rolls Royce ကားအသစ် လက်ဆောင်ရတယ် ဆိုတာကိုလည်း ကိုင်လီက ဓာတ်ပုံရိုက်တင်ပြီး ကြွားခဲ့ပါသေးတယ်။ ကလေးမီးဖွားပြီး အထိမ်းအမှတ်အနေနဲ့ ကားအလှတစ်စီး ဝယ်ပေးပြီးတဲ့နောက် ဒီကားကတော့ ဒုတိယမြောက်အနေနဲ့ ထရေးဗစ်က ချစ်ဇနီးအတွက် မနှမြောဘဲ သုံးဖြုန်းထားတဲ့ တန်ဖိုးကြီးကား ဖြစ်ပါတယ်။

ကိုင်လီတို့အိမ်အကြီးကြီးထဲမှာ သူငယ်ချင်း မိသားစုတွေနဲ့ ကုန်အမှတ်တံဆိပ် ပိုင်ရှင်တွေဆီက ရတဲ့ မွေးနေ့လက်ဆောင် ပစ္စည်းတွေက အပြည့်ပါပဲ။ ဒီလိုမျိုး တန်ဖိုးကြီး လက်ဆောင်တွေ အများကြီးရှိနေပေမဲ့ ကိုင်လီက သူ့ရဲ့သမီးလေး စတွန်မီနဲ့ ဓာတ်ပုံ နှစ်ပုံတွဲတင်ပြီး သမီးလေးက သူ့အသဲနှလုံး ဖြစ်သလို အကောင်းဆုံး လက်ဆောင်လည်း ဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကိုင်လီက ကင်မရာကို ပျော်ပျော်ကြီးကြည့်ပြီး ကခုန်နေတဲ့ သမီးလေးနဲ့ ထရေးဗစ်တို့ ရဲ့ နွေးထွေးတဲ့ သားအဖ ဆက်ဆံရေးကို ဗီဒီယိုရိုက်ပြီး တင်ခဲ့ပါသေးတယ်။

ချစ်သူအတွက် မွေးနေ့စကားအနေနဲ့ ထရေးဗစ်ပြောကြားခဲ့တာက “ ပျော်ရွှင်စရာ မွေးနေ့ပါ မိန်းမရေ။ မင်းကကိုယ့်ရဲ့ ဖြစ်တည်မှုပါပဲ။ မင်းကို ဘုရားသခင် သာ၍ ကောင်းချီပေးပါစေ။ ပိုပြီးကောင်းမွန်တဲ့ အရာတွေအတွက် ဘဝခရီး အစ ဖြစ်ပါစေ” ဆိုပြီး ရေးသားခဲ့ပါတယ်။ ကိုင်လီဂျန်နာရဲ့မွေးနေ့ ညစာစားပွဲကိုတော့ မိသားစုဝင်တွေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ညီအစ်မတွေဖြစ်တဲ့ ကင် (Kim) ၊ ကိုးလ် (Khole) ၊ ကော့တ်နေး (Kourtney) ၊ ကန်ဒဲလ် (Kendall) တို့နဲ့အတူ အမေ နှစ်ယောက်လည်း တက်ရောက်ခဲ့ပါတယ်။

Ref:mirror.co.uk “Travis Scott got Kylie Jenner the best present for her 21st birthday”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top