နေ့စဉ် ပုံမှန် စားသုံးနေကျ အစားအစာလေးတွေနဲ့ အမြင်အာရုံ ဝေဝါးခြင်းကို ပြန်လည်ကုသကြရအောင်

ophthalmology-concept-patient-eye-vision-LEBA57Q.jpg

နည်းပညာ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ မျိုးဆက်သစ် လူငယ်တွေ တော်တော်များများဟာ အီလက်ထရောနစ်ပစ္စည်းတွေရဲ့ သားကောင်တွေ ဖြစ်မှန်းမသိ ဖြစ်လာကြပြီး မျက်မှန်နဲ့ ကင်းသူဆိုတာဟာလည်း မရှိသလောက်ကို ရှားပါးလာပါတယ်။

တခြား မပြောသေးပါဘူး။ အမေမွေးတုန်းကအကောင်း။ ညဘက်တွေ အမှောင်ထဲ ဖုန်းသုံးများပြီး လွန်ခဲ့တဲ့ (၃) လလောက်ကမှ မျက်မှန်လုပ်လိုက်ရတာက စာရေးသူပါ။ အဲဒီတော့မှပဲ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို သတိထားမိလေရဲ့။ မျက်မှန်နဲ့သူ ဘယ်နှယောက်များရှိလဲပေါ့။ ကိုယ့်စာသင်ခန်းထဲက ကျောင်းသား တစ်ဝက်ကျော်လောက်က မျက်မှန်တွေချည်းပါပဲ။ အဲဒီထဲကမှ မွေးရာပါအ မြင်အာရုံ အားနည်းသူက (၅) ယောက်တောင်မပြည့်ဘဲ ကျန် မျက်မှန်တွေအားလုံးက ကိုယ့်မျက်လုံးကိုယ် ဂရုမစိုက်ဘဲ ဖြစ်သလိုနေလို့ အမြင်အာရုံ ဝေဝါးလာရသူတွေပါ။ မွေးရာပါမဟုတ်တဲ့အတွက် ကုသရတာ ပိုပြီးတော့ လွယ်ကူပါတယ်။ ကုသတယ်ဆိုတဲ့နေရာမှာလည်း ဇီဝဗေဒနည်းနဲ့ ကုသတာကတစ်ပိုင်း၊ ဒီလို အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေစားပြီး ကုသတာက တစ်ပိုင်းရယ်ဆိုပြီး ခွဲထားပါသေးတယ်။

ဆိုတော့ ဒီဆောင်းပါးလေးကနေတစ်ဆင့် ဘယ်အသီးအနှံတွေက သင့်ရဲ့ အမြင်အာရုံကို တိုးတက်စေနိုင်လဲဆိုတာကို ဖော်ပြပေးသွားပါ့မယ်။ ဆက်လက် ဖတ်ရှူကြည့်လိုက်ပါဦး။

မုန်လာဥနီ

မျက်စိကျန်းမာရေးအတွက် မုန်လာဥနီလောက်ကောင်းတဲ့ အသီးအနှံဆိုတာလည်း မရှိတော့ပါဘူး။ ဗီတာမင်အေဓာတ် ကြွယ်ဝစွာပါဝင်တဲ့ မုန်လာဥနီဟာ ကြက်မျက်သင့်ရောဂါကိုလည်း တားဆီးပေးနိုင်ပါတယ်။ မျက်စိကျန်းမာရေးအတွက်လည်း များစွာအထောက်အကူဖြစ်တဲ့အသီးပါ။

တခြား ဥနီမှာပါဝင်တဲ့ အမ်တီ-အောက်စီဒန့် (antioxidants)၊ ဘီတာ ကယ်ရိုတင်း (beta-carotene)၊ လကိုယ်လ်ပင်ဖ်း (lycopene) နဲ့ လူတင်း (lutein) ဓာတ်တွေဟာဆိုရင်လည်း အသက်ကြီးတဲ့အခါမှာ အများဆုံးဖြစ်ပွားတတ်တဲ့ အမြင်အာရုံဝေဝါးလာခြင်းကို မဖြစ်ပွားစေရန် ကာကွယ်တားဆီးပေးနိုင်ပါတယ်။ စားပေးသင့်ပါတယ်နော်။

ဆော်လမွန်နဲ့ ငါးသေတ္တာ

မျက်စိအားကောင်းချင်တယ်ဆိုရင်တော့ ငါးကို မဖြစ်မနေ စားပေးသင့်တယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။ ၎င်းမှာပါဝင်နေတဲ့ အိုမီဂါ 3 ဖက်တီး အက်ဆစ် ဟာ (omega-3 fatty acids) မျက်စိကျန်းမာရေးကို များစွာတိုးတက်စေနိုင်ပါတယ်။

ပုံမှန်စားပေးမယ်ဆို မျက်လုံးတွင်းမှာရှိတဲ့ အလွန်သေးငယ်တဲ့သွေးကြောလေးတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ ဆော်လမွန်၊ ငါးသေတ္တာနဲ့ ငါးသလောက်တို့လို့ငါးမျိုးတွေကို နှစ်ပတ် တစ်ခါလောက်တော့ ပုံမှန်စားပေးသင့်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းဟာဆိုရင် မျက်စိကျန်းမာရေးအတွက်သာမကပဲ ကိုယ်ခန္ဓာ တစ်ခုလုံးအတွက်ပါ များစွာ အထောက်အကူပြုပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာပါဝင်တဲ့ ဗီတာမင်နဲ့ အမ်တီ-အောက်စီဒန့်ဓာတ်တွေက ကိုယ်ခန္ဓာအတွက် အမှန်တကယ်လိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်လို့ မကြာခဏ စားပေးသင့်ပါတယ်။ ဗီတာမင် အေ၊ စီနဲ့ အီးတို့လည်း အချိုးကျ ပါဝင်နေတာမို့ သင့်ရဲ့ မျက်စိကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။

ဟင်းနုနွယ်

အထက်မှာဖော်ပြခဲ့သလိုပဲ ဟင်းနုနွယ်ရွက်မှာဆိုရင်လည်း အမြင်အာရုံကို တိုးတက်စေနိုင်တဲ့ ဗီတာမင် အေ၊စီ၊ အီးနဲ့ ဘီတာ ကယ်ရိုတင်း၊ လူတင်းဓာတ်တို့ ပါဝင်ပါတယ်။

ယုံချင်မှလည်းယုံမှာပေါ့နော်။ ကြက်ဥ၊ ဘဲဥစတာတွေက သင့်ရဲ့ မျက်စိကျန်းမာရေးကို တိုးတက်လာစေနိုင်ပါတယ်။ ၎င်းမှာ ဘီတာမင်အေ၊ ဘီတာမင်စီ၊ ဖက်တီး အက်ဆစ်နဲ့ ဇင့်ဓာတ်တို့ပါဝင်ပါတယ်။

တစ်နေ့ ဘယ်လောက်စားရမယ်ဆိုတာက အရေးမကြီးပါဘူး။ အဓိက မနက်စာမှာ ထည့်စားပေးပါ။ အမြင်အာရုံကိုသာမက သင့်ရဲ့ ကိုယ်ခန္ဓာ အချိုးအစားကိုပါ လှပလာစေပါလိမ့်မယ်။

ကဲ … ဒီလောက်ဆို နေ့စဉ်စားသုံးနေတဲ့ အစားအစာ၊ အသီးအနှံတွေထဲ ဘယ်အရာတွေက ကိုယ့်ရဲ့ အမြင်အာရုံကို တိုးတက်စေပြီး မျက်စိ ကျန်းမာရေးပါ ကောင်းမွန်လာစေနိုင်တယ်ဆိုတာကို သိသင့်သလောက်တော့ သိသွားလောက်ပြီ ထင်ပါတယ်။ နောက်ဆို ပြောပြပေးခဲ့တဲ့ အသီးအနှံနဲ့ အသား၊ ငါးတွေကို ပိုစားပေးပေါ့။ ရလဒ်ကောင်းတွေကို တဖြည်းဖြည်း တွေ့ရှိလာရပါလိမ့်မယ်။

Ref : Health and Healthy living “Start Eating These 7 Foods Every Day And Watch Your Eyesight Improve”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top