လူတိုင်းမှာ မွေးရပ်မြေ ဆိုတာ ရှိတြယ်။ အကြောင်းကြောင်းကြောင့် ချစ်ခင် နှစ်သက်တဲ့မွေးရပ်မြေကို ခွဲခွာပြီး နေကြရတာ အမြဲ သတိရပါတယ်။
တစ်ခါတစ်လေ မွေးရပ်မြေမှာ စားနေကြ ဟင်းနံ့ သင်းသင်းလေး ရရင် ရင်ထဲ အတော်လေး သတိရ လွမ်းဆွတ်မိတယ်။ မွေးရပ်မြေဆိုတာ ပြန်ပြီး အခြေ မချခဲ့ပေမယ် ရင်ထဲ မေ့လို့ မရတဲ့ အမိမြေ တစ်ခုပေါ့။
မွေးရပ်မြေမှာ ရှိတဲ့ ငယ်ပေါင်း ကြီးဖော်တွေ ဆိုတာကလည်း အခုနေ အနေဝေးနေပေမယ့် ဟိုးတုန်း အကြောင်းတွေ ပြန်တွေးတိုင်း သူတို့ အမြဲ ပါတယ်။ သူတို့နဲ့ပဲ ငယ်စဉ် ကလေးဘဝကို ဖြတ်သန်းခဲ့ကြတာပေါ့။ အသက်တွေ ကြီးလာတော့လည်း ငယ်စဉ် ကလေးဘဝတွေလောက် ပျော်ရွှင်မူတွေကို မရနိုင်တော့ဘူး။ စားဝတ်နေရေး၊ အလုပ်၊ ပညာရေး၊ ကျန်းမာရေး စတာတွေနဲ့ပဲ နေ့စဉ်ဘဝ ပြီးဆုံးနေတယ်။
တကယ်တော့ လူဘဝဟာ ခဏလေး ပါပဲလား..။ ငယ်ရွယ်စဉ်ကနေ ကြီးရင့်လာခဲ့ပြီပေါ့။ သေချာတာကတော့ ငယ်စဉ်ကလေး ဘဝကို ပြန်မရတော့တာ မမှန်ပဲ။ မကြာခင် လောကကြီးနဲ့ ခွဲခွာရတော့မယ်။ မွေးရပ်မြေရယ် ငယ်စဉ်က ကလေးဘဝက သူငယ်ချင်းတွေ ကတော့ ဘယ်တော့မှ မေ့လို့ မရတဲ့ သူတွေပါပဲ။ မွေးရပ်မြေကို သတိရတဲ့ အခါဝယ်…။