အချိန် ညီမျှခြင်း ငွေ

time-is-money-PYYKVVF.jpg

အသက်ကြီးလာတဲ့ အခါ ငွေဆိုတာ တစ်ဖြည်းဖြည်း ပိုပြီး အရေးကြီးလာတယ်။ ကုန်သွားတဲ့ အချိန်နဲ့ ပြန်ညီမျှတဲ့ ငွေကို ရမယ့် အလုပ်တွေကိုပဲ ရွေးချယ်ပြီး လုပ်ဖြစ်လာလိမ့်မယ်။ ငယ်ရွယ်စဉ်တုန်းကတော့ အချိန်ကုန်သွားလို့ ငွေပြန်မရလည်း အကြောင်းမဟုတ်ဘူး။ မိသားစု ရှိတဲ့သူဆိုရင် ပိုတောင်မှ အရေးကြီးပါတယ်။

မိသားစုအတွက် အချိန်တိုင်း ငွေရဖို့ ကြံဆောင်နေရလိမ့်မယ်။ တစ်နေ့ ၂၄ နာရီမှာ ငယ်ရွယ်စဉ်ကလို အချိန်တွေ မများတော့ဘူး။ ပိုနေတဲ့ အချိန်ဆိုရင်လည်း  မိသားစုနဲ့သာ ကုန်ဆုံးချင်ပါလိမ့်မယ်။ ငယ်ရွယ်စဉ်တုန်းကလို မသေချာ မရေရာတဲ့ အလုပ်တွေ လုပ်ဖို့ တစ်ဖြည်းဖြည်း အားနည်းလာပါလိမ့်မယ်။ ဒါပေမယ့်လည်း အချိန်နဲ့ညီမျှတဲ့ ငွေတွေမရတဲ့ ဘဝတွေအများကြီးပါ။

အချိန်ရှိတိုင်း အလုပ်တွေ လုပ်နေကြရပေမယ့် အချိန်တွေ ကုန်သွားတယ် ငွေဆိုတာ ဘယ်ဆီနေမှန်း မသိတဲ့ ဘဝတွေလည်း အများကြီးပါ။ မိသားစု အရေး အိမ်ထောင်ရေး၊ လူမူရေး၊ စီးပွားရေးတွေနဲ့ ပြည့်နှက်နေတဲ့ လူသားအားလုံးအတွက် အချိန်နှင့် ညီမျှတဲ့ ငွေရနိုင်ပါစေ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top