hardware ဌာနကို တိုးချဲ့ရန် HTC အဖွဲ့ကို ဒေါ်လာ ၁.၁ ဘီလီယံနဲ့ ဝယ်ယူလိုက်တဲ့ Google

htc_u11_globe_vlad1.0.jpg

Google ကုမ္ပဏီဟာ HTC နဲ့ ဒေါ်လာ ၁.၁ ဘီလီယံတန် ပူးပေါင်းဆောင်ရွက်ချက် စာချုပ်ကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

Google ရဲ့ ယခု ရွှေ့ကွက်ဟာ ဒီလ အစောပိုင်းကတည်းက သတင်းထွက်နေခဲ့တာ ဖြစ်ပြီး ယခုအပတ်မှာတော့  အမှန်တကယ် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ယခုစာချုပ်ကြောင့် search giant ကုမ္ပဏီဖြစ်တဲ့ Google ရဲ့ Hardware Team ဟာ ပိုအင်အားတောင့်လာတော့မှာ ဖြစ်ပြီး Google Hardware ဌာန အကြီးအကဲဖြစ်သူ ရစ် အော်စတာလိုခ် (Rick Osterloh ) ကတော့ “ ဒီစာချုပ်ကြောင့် HTC ထဲက အရည်အချင်းရှိသူတွေကို Google  Hardware ဌာနက အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Pixel  စမတ်ဖုန်း ထုတ်လုပ်ရေးမှာလည်း အတူတကွ စတင်အလုပ်လုပ်နေကြပါပြီ ” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

ဒီစာချုပ်ထဲမှာတော့ HTC  တီထွင်ဖန်တီးထားတဲ့ မူပိုင်ခွင့်တွေကိုတော့ အသုံးပြုခွင့် မပါဝင်ပါဘူး။ ယခု အကြိမ်ဟာ Google ရဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ပထမဆုံး ပူးပေါင်းချက်တစ်ခုတော့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်တုန်းကလည်း Google ဟာ Motorola  ကုမ္ပဏီကို ဒေါ်လာ ၁၂.၅ ဘီလီယံ နဲ့ ဝယ်ယူခဲ့ပြီး Motorola ရဲ့အစိတ်အပိုင်းတွေကို ခွဲရောင်းခဲ့ပြီးမှာတော့ ၂၀၁၄ ခုနှစ်မှာ Lenovo ထံကို  ဒေါ်လာ ၂.၉၁ ဘီလီယံနဲ့ အပြီးအပြတ် ရောင်းချခဲ့ပါတယ်။

ဝယ်ဈေးနဲ့ ရောင်းဈေးကွာဟ နေခဲ့ပေမဲ့ Google ကတော့ ဒီဝယ်ယူမှုဟာ Motorola ရဲ့ မူပိုင်ခွင့် စာရွက်စာတမ်းများကို ရခဲ့တဲ့အတွက်  အမြတ်ထွက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာတော့ Google ဟာ Apple ရဲ့ ခြေရာကို လိုက်နင်းဖို့ပြင်ဆင်နေပြီး သူ့ရဲ့  စမတ်ဖုန်းကို Software ရော Hardware ပါ ကောင်းမွန်အောင် ထည့်သွင်းဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ၂၀၁၆ ဧပြီမှာတော့ Googleဟာ Motorola ရဲ့ COO (chief operating officer) ၊ Hardware ကျွမ်းကျင်သူ ရစ် အော်စတာလိုခ် ကို Google  Hardware ဌာနရဲ့  အကြီးအကဲ အဖြစ် အလုပ်ခန့်ခဲ့ပါတယ်။ ရလာဒ်ကတော့ Google စမတ်ဖုန်း Pixel အပြင် Daydream View VR မိုက်ခွက်ပါနားကြပ်နဲ့  Google Speaker ထွက်ပေါ်လာနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ကို ထွက်ပေါ်နေတဲ့ သတင်းများအရ Google ဟာ Apple ရဲ့ Iphone နဲ့ ယှဉ်ပြိုင်ဖို့အတွက် Microprocessor ထုတ်လုပ်တဲ့  ဈေးကွက်ကို ဝင်ရောက်ဖို့ပြင်ဆင်နေပြီး တကယ်သာဖြစ်လာမယ်ဆိုရင် အားသာချက်တစ်ခုက Qualcomm လို တတိယ ကုမ္ပဏီတစ်ခုကို  အားထားစရာမလိုအပ်ဘဲ ကိုယ်တိုင် အပြီးအစီး ဖုန်းတွေ ထုတ်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။

Google ရဲ့ ပထမဆုံး Pixel ဖုန်းတွေထွက်လာတုန်းကလည်း အော်စတာလိုခ် ကတော့ နည်းပညာ ကုမ္ပဏီတစ်ခုအတွက် Hardware ဟာ  အရေးကြီးကြောင်းပြောဆိုခဲ့ပြီး ယခု HTC ကိုဝယ်ယူမှုက ဒီလုပ်ဆောင်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် ခြေလှမ်းတစ်ခုလည်း  ဖြစ်ပါတယ်။

စမတ်ဖုန်း ထုတ်လုပ်တဲ့ အပြင် Google ဟာ Chromebook ကွန်ပျုတာကိုလည်း ထုတ်လုပ်ဦးမှာ ဖြစ်ပြီး ဒီ ကွန်ပျူတာကိုတော့ အောက်တိုဘာ  ၄ ရက်နေ့မှာ စတင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Ref : BI Tech : Google acquires HTC team in $1.1 billion agreement

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top