ပုဂံဒေသရှိ စွယ်တော်လေးဆူ

bagan-copy-PASCESG.jpg

ပုဂံဒေသတွင် အနော်ရထာမင်းလက်ထက်က ဗုဒ္ဓမြတ်စွယ်တော်ပွားကို တည်ထားကိုးကွယ်သည့် စေတီလေးဆူ ရှိပါတယ်။

ထိုစေတီလေးဆူကတော့ – ရွှေစည်းခုံစေတီတော်၊ တန့်ကြည့်တောင်စေတီတော်၊ လောကနန္ဒာစေတီတော်နှင့် တုရင်းတောင်စေတီတော် တို့ ဖြစ်ပါတယ်။ စွယ်တော်လေးဆူစလုံးအား တစ်နေ့တာအတွင်း လှူဖွယ်ပစ္စည်း အညီအမျှ ကပ်လှူပူဇော်ပြီး တူညီသောဆုကို တောင်းလျင် ပြည့်ဝမည်ဟု ယုံကြည်ကြပါတယ်။ ထို့ကြောင့် စာဖတ်သူတို့အနေဖြင့် စာရေးသူ၏ ပုဂံစွယ်တော်လေးဆူ ခရီးစဉ်နှင့် ထပ်တူကုသိုလ်ရကြပြီး လိုအင်ဆန္ဒ ပြည့်ဝနိုင်ကြပါစေ။

ရွှေစည်းခုံစေတီတော်

သီရိလင်္ကာနိုင်ငံမှ ပထမဝိဇယဗာဟုမင်းကြီးသည် အနော်ရထာမင်းအား ရဟန်း သံဃာတော်များ၊ ပိဋကတ်သုံးပုံနှင့် ဆင်ဖြူတော်တစ်စီး အကူအညီ တောင်ခံခဲ့သည်။ အနော်ရထာမင်းမှ ကူညီသဖြင့် ဗုဒ္ဓမြတ်စွယ်တော်အစစ်မှ ပွားထားသော စွယ်တော်ပွားအား အနော်ရထာမင်းအား ဓမ္မလက်ဆောင် ပြန်ပေးခဲ့သည်။ ညောင်ဦးမြို့မှ အနောက်တောင်ဖက်ရှိ ဧရာဝတီမြစ်ကမ်းနဖူးတွင် သိရိလင်္ကာမှ စွယ်တော်ပွားအား ဌာပနာပြီး ဥာဏ်တော် ၁၆၀ပေ၊ ဖိနပ်တော်အကျယ် ၁၆၀ပေ ရှိသော ရွှေစည်းခုံစေတီကို တည်ထားကိုးကွယ်သည်။ အနော်ရထာမင်းလက်ထက်တွင် စတည်သော ရွှေစည်းခုံစေတီမှာ ကျန်စစ်သားမင်းလက်ထက်တွင် ပြီးဆုံးအောင် တည်ထားနိုင်ခဲ့သည်။

တန့်ကြည့်တောင်စေတီတော်

အနော်ရထာမင်းသည် သီရိလင်္ကာမှ ပထမဝိဇယဗာဟုမင်းမှ ပေးပို့သော စွယ်တော်ပွားကို ပြန်လည်ပွားထားလိုက်သည်။ ပြီးနောက် အသာကမင်း တည်ထားခဲ့သော တန့်ကြည့်တောင်ပေါ်ရှိစေတီထဲတွင် ထပ်မံပွားထားသော စွယ်တော်ပွားတစ်ဆူအား ဌာပနာပြီး ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခဲ့သည်။

လောကနန္ဒာစေတီတော်

အနော်ရထာမင်းသည် လောကနန္ဒာသင်္ဘောဆိပ်အနီးရှိ ကုန်မြင့်ပေါ်တွင် ဒုတိယစွယ်တော်ပွားအား ဌာပနာပြီး ပျူ-မြန်မာ ဗိသုကာလက်ရာများကို ပေါင်းစပ်ပြီး လောကနန္ဒာစေတီကို တည်ထားခဲ့သည်။

တုရင်းတောင်စေတီတော်

တုရင်းတောင်သည် ပုဂံ၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့် အကွာတွင်ရှိပြီး ပုဂံမြို့ပြ၏ နယ်နိမိတ်အစလည်းဖြစ်သည်။ သက္ကရာဇ် ၄၂၁ခုနှစ်တွင် အနော်ရထာမင်းသည် ဆင်ဖြူတော်ပေါ်တွင် တတိယစွယ်တော်ပွားအားတင်ပြီး အဓိဌာန်ပြုပြီး လွှတ်လိုက်တယ်။ တုရင်းတောင်အရောက်တွင် ဆင်ဖြူတော်မှာ တုံ့ဝပ်လိုက်သဖြင့် ထိုတောင်ပေါ်တွင် စွယ်တော်ပွားအား ဌာပနာပြီး တုရင်းတောင်စေတီကို တည်ထားကိုးကွယ်သည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top