ဘယ်သူမဆို ဝယ်ယူနိုင်ပြီဖြစ်တဲ့ တစ်ကိုယ်ရည် ပျံသန်း ဂျက်လေယာဉ် သို့မဟုတ် ဝတ်စုံ

martinjetpack-640x353.jpg

ပုံမှာ မြင်တွေ့နေရတဲ့ Martin Jetpack ဟာ တစ်ကိုယ်ရည် ပျံသန်းနိုင်တဲ့ ဂျက်လေယာဉ် အငယ်စား သို့မဟုတ် ဝတ်စုံလည်း ဖြစ်ပါတယ်။ နယူးဇီလန် အခြေစိုက် Martin Aircraft လေယာဉ်ထုတ် ကုမ္ဗဏီမှ တရုတ်ပြည် တောင်ပိုင်းက ပြည်နယ် တစ်ခုက စက်ရုံမှာ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ယင်း လေယာဉ်ငယ် အတွက် တရုတ်နဲ့ ဟောင်ကောင် ကုမ္ဗဏီ သုံးခုလောက်က အခု ၁၀၀ စီ မှာယူပြီးသွားပါပြီ။

ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၂သိန်း၂သောင်းဝန်းကျင် ရှိပါတယ်။ အွန်လိုင်း ဝဘ်ဆိုဒ် တစ်ခုကနေ တရားဝင် ရောင်းချနေပြီး လူတိုင်း ဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် ဝယ်ယူသူများကို စီးပုံစီးနည်း အရင်ဆုံး သင်ပေးမှာ ဖြစ်ပါတယ်။ အခြား လူများလည်း သင်ချင်ရင် သင်တန်း စင်တာသို့ သွားရောက် တက်နိုင်ပါတယ်။

ဂျက်လေယာဉ်ငယ်လေးဟာဆိုရင် အမြင့်ပေ ၁,၀၀၀ ခန့်အထိ ပျံတက်နိုင်ပြီး မြင်းကောင်ရေ ၂၀၀ အားရှိသည့် ဓါတ်ဆီ အင်ဂျင်အား အသုံးပြုထားပါတယ်။ တစ်နာရီလျှင် အမြန်ဆုံး ၈၀ ကီလိုမီတာ ဖြင့် မိနစ် ၃၀ ကြာ မရပ်မနား ပျံသန်းနိုင်ကြောင်း သိရပါတယ်။ ယင်းဟာ မြန်ဆန်တဲ့ နှုန်းထားတစ်ခုပါပဲ။ အရေးပေါ် အန္တရာယ် တွေ့ကြုံလာ ပါက ၀.၆၈ စက္ကန့်အတွင်း လေထီး ပွင့်လာနိုင်ပါတယ်။

စတင် စမ်းသပ် ပျံသန်း အသုံးပြုမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး လေပေါ်မှာ ငါးမိနစ်ခန့် ကြာမြင့်စွာ ပျံသန်းပြခဲ့ပါတယ်။ ကြည့်ရှုသူပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီး ယင်းလေယာဉ်ကို လူကိုယ်တိုင် မမောင်းချင်လည်း အဝေးမှ ထိန်းချုပ်ခြင်းနဲ့ မောင်းလို့ရမှာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top