ဖရုံသီးပူတင်း လုပ်စားကြမယ်

2-6-2020-yyl-025.jpg

MSL21XQ7

ဖရုံသီးကို ပုံမပျက်အလုံးလိုက်လေး ပူတင်းပေါင်းစားလို့ရတယ်ဆိုတာ သိပြီးပြီလား။

ဖရုံသီးအသား ၊ နွားနို့နဲ့ ဘဲဥ တို့ကိုပေါင်းစပ်လိုက်တဲ့အခါ မွှေးပျံ့ချိုဆိမ့်တဲ့ ဖရုံသီးပူတင်းရပြီပေါ့။ ဒီနေရာမှာ ကြက်ဥ အသုံးပြုချင်လည်း ရပါတယ်။ ဒါပေမဲ့ ကြက်ဥနဲ့ ပြုလုပ်တဲ့ ပူတင်းက ပျော့တတ်တာကြောင့် ဘဲဥ သုံးထားတာပါ။

ပါဝင်ပစ္စည်းတွေကတော့ ရွှေဖရုံသီး အလုံးသေး (၁)လုံး၊ ဘဲဥ ၄ လုံး၊ နွားနို့ ရေသန့်ဗူးသေး (၁) ဗူးစာ၊ သကြား စားပွဲတင်ဇွန်း (၄) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း တို့ဖြစ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်ကိုကြည့်ရအောင်ပါ

၁။ ရွှေဖရုံသီးကိုသွားပွတ်တံဖြင့် သေချာ ပွတ်ပြီး ရေနဲ့ အထပ်ထပ် သန့်ရှင်းအောင်ဆေးကြောပါ။ အပေါ်ပိုင်းအညှာရှိရာတစ်ဝိုက်ကို ဓားဖြင့်လှီးပြီး အပေါက်ဖောက်ပါ။

၂။ ဖောက်ပြီးသားရွှေဖရုံသီးထဲက အစေ့များကိုဇွန်းဖြင့်ဖယ်ပါ။

၃။ ဘဲဥ (၄)လုံးကို ဇလုံထဲထည့်ပြီး သမအောင်မွှေပါ။ နွားနို့ ၊ဆား နဲ့ သကြားတို့ကို ရောထည့်ပြီး သမအောင်မွှေပါ။

၄။ ဖရုံသီးထဲကိုရောထားပြီးသား ဘဲဥ အနှစ်ရည်ထည့်ပါ။ ပေါင်းအိုးထဲမှာ ရေနွေးဆူအောင် အရင်တည်ထားပြီး ရွှေဖရုံသီး အဖုံးပိတ်ပြီးထည့်ကာ မိနစ် ၃၀ ခန့်ပေါင်းပါ။ အထဲမှာ ကျက်မကျက်သိချင်ရင် ရွှေဖရုံသီး အဖုံးဖွင့်ပြီးကြည့်လို့ရပါတယ်။

၅။ ရွှေဖရုံသီးကျက်သွားတဲ့အခါ အရွယ်အနေတော် လှီးဖြတ်စားသုံးနိုင်ပါပြီ။

Ref: Pumpkin pudding

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top