မီးရှို့နည်းကိုအသုံးပြုပြီး ဆံပင်ညှပ်တဲ့ ဆံပင်ညှပ်ဆရာ

ha.jpg

တူရကီက သတ္တိရှိတဲ့သူတွေကတော့ မီးကိုအသုံးပြုပြီး ဆံသတာကို ပြုလုပ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ ဘာကြောင့်လဲဆိုရင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆံပင်ညှပ်ဆရာ ဘာဘာ ခါဒါရ် ဒီမီရယ် (Barber Kadir Demirel) ဟာ ဆံပင်ညှပ်ရာမှာ ကပ်ကြေးအစား မီးလောင်လွယ်တဲ့ အရည်တစ်မျိုးကို အသုံးပြုကာ ဆံပင်လာညှပ်တဲ့ သူတွေကို စိတ်ကျေနပ်မှုအပြည့် ပေးစွမ်းနေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဆံပင်တွေကို အပူချိန်မြင့်တဲ့ မီးတောက်ကြားကနေ ဘီးကို အသုံးပြုပြီး ပုံစံချနေတဲ့ အသက် ၃၉ နှစ် အရွယ် ဆံသဆရာ ဘာဘာက ဒီမီးရှို့တဲ့နည်းဟာ ရိုးရာနည်းဖြစ်ပြီး ဟိုးအရင်က ခေါင်းထဲက သန်းတွေကို ဖယ်ရှားဖို့ ကုသနည်းအဖြစ် အသုံးပြုသလို ဆံပင်ခြောက်စက်မရှိတဲ့ အချိန်မှာ ဆံပင်တွေကို ပုံစံတကျ ရှိစေဖို့အတွက် အသုံးပြုခဲ့ကြတာလို့ ပြောပြခဲ့ပါတယ်။

ဒီနည်းဟာ ဆံပင်ကောက်နေသူတွေ အသုံးပြုတာဖြစ်ပြီး ဆံပင်သားကောင်းတဲ့ သူတွေအတွက် ဆံပင်ပျက်စီးမှု မရှိစေဘူးလို့လဲ ဆိုပါတယ်။ ဒါ့အပြင် စနစ်တကျ သင်ယူထားမှုမရှိဘဲနဲ့ ဒီနည်းကို စမ်းသပ်မပြုလုပ်ဖို့လဲ အကြံပေးသွားပါတယ်။

သူ့ဆိုင်ကို လာရောက် ဆံပင်အညှပ်ခံသူတွေကတော့ သူ့အပေါ်ယုံကြည်မှု အပြည့်ရှိပြီး နာကျင်မှု ကြောက်ရွံ့မှုတွေ လုံးဝမရှိကြဘူးလို့ ဆိုပါတယ်။

Ref: Daily Mail “Barber uses fire to style his clients’ hair using a spectacular technique traditionally used to kill off lice”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top