ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းကတ်တွေကိုဝယ်ယူပါက တည်ဆဲဥပဒေအရ အရေးယူခံရနိုင်

11-9-2020-yyl-009.jpg

ပြည်သူတွေအနေနဲ့ SIM Card တွေကို ဝယ်ယူရာမှာ ဈေးကွက်ထဲ ရောင်းချနေတဲ့ ကြိုတင်မှတ်ပုံတင်ပြီးသားဆင်းကတ်တွေကို မဝယ်ကြရန် နဲ့ ဝယ်ယူမိပါက တည်ဆဲဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်ပါတယ်။

ကြိုတင်မှတ်ပုံတင်ပြီးသားဆင်းကတ်တွေကို ဝယ်ယူမိပါက စာတမ်းအမှတ်အသား လိမ်လည်အတုပြုလုပ်ခြင်းဖြစ်ကာ တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်တယ်အတွက် တည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမှာဖြစ်တယ်လို့ ဒီကနေ့ စက်တင်ဘာ (၁၁) ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လိမ်လည်အတုပြုမှုအတွက် ပြစ်ဒဏ်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၆၅ အရ မည်သူမဆို၊ လိမ်လည် အတုပြုမှုကို ကျူးလွန်ပါက ထိုသူအား (၂) နှစ် အထိ ထောင်ဒဏ်တမျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ပြည်သူတွေအနေနဲ့ SIM Card တွေကို ဝယ်ယူရာမှာ မိမိတို့သက်သေခံ လက်မှတ် (မူရင်း) နဲ့ မှတ်ပုံတင်ပြီးမှသာ ဝယ်ယူအသုံးပြုကြဖို့ လိုအပ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က တိုက်တွန်းနိုးဆော်ထားပါတယ်။

ဒါပြင့် အရောင်းကိုယ်စားလှယ်တွေ၊ အရောင်းဆိုင် (Point of Sale) တွေအနေနဲ့လည်း
သက်သေခံလက်မှတ်ပါ အချက်အလက်တွေကို ပြင်ဆင်ကာ SIM Card များကို ကြိုတင်မှတ်ပုံတင်ရောင်းချခြင်းမျိုး မပြုကြပါဖို့ကိုလည်း ဒီကနေ့ စက်တင်ဘာ (၁၁) ရက်နေ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းနိုးဆော်ထားပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top