16GB RAM (8GB + 8GB) နဲ့ ထွက်ရှိလာတဲ့ OPPO A58 Limited Edition ကို ၆၆၉,၉၀၀ ကျပ်နဲ့ မြန်မာတစ်နိုင်ငံလုံးတွင် စတင် ဝယ်ယူရရှိနိုင်ပြီ

8.11.23-yyl-1.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ကနေ ဖုန်းသုံးစွဲသူတွေအတွက် ပိုမိုမြန်ဆန်ချောမွေ့စေတဲ့ အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ 16GB RAM (8GB + 8GB) နဲ့ ထပ်မံထုတ်လုပ်လိုက်တဲ့ OPPO A58 Limited Edition ကို မြန်မာနိုင်ငံစျေးကွက်မှာ ၆၆၉,၉၀၀ ကျပ်နဲ့ စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ OPPO A58 16GB RAM (8GB + 8GB) Limited Edition ကို Dazzling Green နဲ့ Glowing Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ OPPO A58 Limited Edition မှာဆိုရင် ဖုန်းအသုံးပြုမှုကို ကောင်းမွန်စေဖို့ 8GB RAM ကို RAM Expansion အနေနဲ့ 8GB ထိ တိုးချဲ့နိုင်ပြီး 16GB လုပ်ဆောင်ချက်နဲ့ အထူးလျင်မြန်ချောမွေ့စွာ လုပ်ဆောင်နိုင်မှာဖြစ်ကာ ROM အနေနဲ့ 128GB ပါဝင်မှာဖြစ်လို့ ဖုန်းသုံးရတာ ပိုမိုမြန်ဆန်ချောမွေ့စေမှာဖြစ်ပါတယ်။

Processor အနေနဲ့ MediaTek Helio G85 ထည့်သွင်းထားတဲ့အတွက် ဖုန်းဟန်းခြင်းနဲ့ ပါဝါစားခြင်း မရှိစေဘဲ ပိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်များကို အသုံးပြုသူများအနေနဲ့ ခံစားပိုင်ဆိုင်စေမှာပါ။ SoC အသစ်နဲ့ အဆင့်မြှင့်တင်ထားတဲ့ OPPO A58 16GB RAM (8GB + 8GB) ဟာဆိုရင် ဈေးနှုန်းတူ ဖုန်းတွေထဲမှာ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ SoC ဖြစ်တာကြောင့် App တွေကို စပြီး အသုံးပြုတဲ့အခါမှာ ပိုမိုမြန်ဆန်စေမှာဖြစ်ပြီးတော့ နောက်ကွယ်မှာ အသုံးပြုထားတဲ့ App တွေကို လျင်လျင်မြန်မြန်နဲ့ ကူးပြောင်းအသုံးပြုနိုင်ဖို့ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် File Size ကြီးမားတဲ့ App တွေကို ဖွင့်သုံးတဲ့အခါမှာလဲ ပါဝါသုံးစွဲမှုကို လျှော့ချပေးပြီး အပူလွန်ကဲတာတွေကို ထိန်းချုပ်ကာကွယ်ပေးနိုင်ပါတယ်။

OPPO A58 16GB RAM (8GB + 8GB) မှာဆိုရင် ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးနဲ့ Dual Stereo Speakers၊ 300% အထိ တိုးချဲ့နိုင်တဲ့ Ultra-Volume Mode ထည့်သွင်းပေးထားတဲ့အတွက် ဆူညံသောနေရာတွေမှာတောင် ကောင်းမွန်တဲ့ အသံအရည်အသွေးနဲ့ နားဆင်နိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ဟာ 6.72” နဲ့ Screen to Body Ratio 91.4% ရှိတဲ့အတွက် ကြီးမားကျယ်ပြန့်တဲ့ Multimedia အတွေ့အကြုံကို ရရှိနိုင်မှာဖြစ်ပါတယ်။

OPPO A58 16GB RAM (8GB + 8GB) မှာဆိုရင် တစ်နေ့တာလုံး ဖုန်းစိတ်ကြိုက်သုံးစွဲနိုင်ဖို့ All Day AI Power Saving Mode ပါဝင်တဲ့ 5000mAh Battery ကို 33W SUPERVOOC အမြန်အားသွင်းစနစ် အသုံးပြုပေးထားတဲ့အတွက် ၁၅ မိနစ် အားသွင်းရုံနဲ့ ၂၈ ရာခိုင်နှုန်းကျော် အားသွင်းပေးနိုင်ပြီး အားအပြည့်သွင်းဖို့ ၇၅ မိနစ်သာ ကြာမြင့်မှာပဲ ဖြစ်ပါတယ်။
ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ဖို့ OPPO A58 Limited Edition မှာ Main Camera အနေနဲ့ 50MP (f1. ကို တပ်ဆင်ထားပြီး 2MP Portrait Camera ထည့်သွင်းထားကာ Front Camera အနေနဲ့ 8MP (f2.0) ပါဝင်လာမှာဖြစ်ပါတယ်။ ဖုန်းသုံးစွဲမှု အဆင်ပြေအောင် Android 13 ကို အခြေခံထားတဲ့ Color Os 13.1 ကို အသုံးပြု ထားပြီး OPPO ဓာတ်ခွဲခန်းမှာ 36 Months Fluency စမ်းသပ်ချက်ကို စမ်းသပ်အောင်မြင်ထားတာကြောင့် ၃၆ လအထိ ချောမွေ့တဲ့ ဖုန်းသုံးစွဲမှု အတွေ့အကြုံကို ရရှိနိုင်စေမှာလဲဖြစ်ပါတယ်။

OPPO A58 16GB RAM (8GB + 8GB) Limited Edition ဟာ Dazzling Green နဲ့ Glowing Black ဆိုတဲ့ အရောင် နှစ်ရောင်နဲ့ ထွက်ရှိလာပြီး ဒီဇိုင်းပိုင်းကို 2.8D Streamlined Curve နဲ့ အနောက်ဘက် ကာဗာကို ဆန်းသစ်တီထွင်ထားတဲ့ OPPO Glow ဒီဇိုင်းရဲ့ အဆင့်မြင့် ဖဲပိုးထည် အထိအတွေ့ရရှိစေဖို့ ပိုးသားကဲ့သို့ Texture ကို အသုံးပြုထားပါတယ်။ ဒီဖုန်းမှာ Side Fingerprint Unlock ကို အသုံးပြုပေးထားပြီး အလေးချိန် 191g နဲ့ အထူ 7.99mm သာရှိတဲ့အတွက် အလွန်ပါးလွှာပေါ့ပါးတဲ့ Hand Feeling ကို ခံစားရစေမှာဖြစ်ပါတယ်။

OPPO A58 16GB RAM (8GB + 8GB) Limited Edition အကြောင်း ထပ်မံသိရှိလိုပါက OPPO Myanmar Facebook https://tinyurl.com/yc79kkbf နဲ့ Website https://www.oppo.com/mm/smartphones/series-a/a58/ မှာ ဖတ်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top