ယူကရိန်းစစ်ပွဲကို ကြားဝင်စွက်ဖက်တဲ့ နိုင်ငံတိုင်း လျှပ်စီးလို လျင်မြန်တဲ့ တုံ့ပြန်မှု ရင်ဆိုင်ရမယ်လို့ ပူတင် သတိပေး

28-4-2022-yyl-04.jpg

ယူကရိန်းစစ်ပွဲမှာ ကြားဝင်စွက်ဖက်တဲ့ နိုင်ငံတိုင်း လျှပ်စီးလို လျင်မြန်တဲ့ တုံ့ပြန်မှုမျိုး ရင်ဆိုင်ရမယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ဖျက်ဖို့ ယူကရိန်းရဲ့မဟာမိတ်နိုင်ငံတွေက လက်နက်ထောက်ပံ့မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေကြပြီး ရုရှားကို အနိုင်တက်နိုင်အောင် ယူကရိန်းကို ကူညီပေးသွားမယ်လို့ အမေရိကန်က ကြုံးဝါးခဲ့ပါတယ်။

” ပြင်ပနိုင်ငံ တစ်နိုင်ငံက ယူကရိန်းကို ကြားဝင်စွက်ဖက်ပြီး ရုရှားကို ဗျူဟာမြောက် ခြိမ်းခြောက်မှု လုပ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့တုံ့ပြန်မှုကလည်း လျှပ်စီးလို လျင်မြန်ပါလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ အားလုံးထက်သာတဲ့အရာတွေ ရှိထားပြီးသားပါ။ လိုအပ်လာရင် အဲဒီအရာတွေကို အသုံးပြုသွားမှာပါ” လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ စိန့်ပီတာစဘတ်မြို့မှ လွှတ်တော်အမတ်တွေက ပူတင်က ပြောခဲ့တာပါ။ ပူတင်ရဲ့ ပြောဆိုမှုဟာ နျူကလီးယားလက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ရည်ညွှန်းဖွယ် ရှိပါတယ်။

အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းကို လက်နက်ထောက်ပံ့မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီးနောက် ပူတင်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ကိဗ်မြို့တစ်ဝိုက် ဒေသတွေကနေ ဆုတ်ခွာလာတဲ့ ရုရှားတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့တစ်ပတ်က ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နွှဲခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တွန်းလှန်တိုက်ခိုက်မှုကို ကျော်လွှားနိုင်ဖို့ အခက်တွေ့နေပြီး ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ အရာရှိတစ်ဦးက ပြောပါတယ်။

Ref: BBC ” Ukraine war: Putin warns against foreign intervention”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top