ဒေါက်တာဘွဲ့သင်တန်း တက်တော့မယ့် ၁၃ နှစ်သား

28-4-2022-yyl-06.jpg

မင်နီယာပိုလစ်မြို့က ၁၃ နှစ်သား ကလေးငယ်ဟာ မင်နီဆိုတာတက္ကသိုလ်ကနေ ဘွဲ့ရတော့မှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဒေါက်တာဘွဲ့သင်တန်း တက်တော့မှာ ဖြစ်ပါတယ်။ ၁၃ နှစ်သား အီလီယော့တန်နာဟာ မင်နီဆိုတာတက္ကသိုလ်ရဲ့ သိပ္ပံနဲ့အင်ဂျင်နီယာကောလိဂ်မှာ ရူပဗေဒအထူးပြု စတုတ္ထနှစ်ကျောင်းသား ဖြစ်ပါတယ်။

အီလီယော့တန်နာဟာ ၃ နှစ်သားအရွယ်ကတည်းက စာဖတ်၊ သင်္ချာတွက် လုပ်ခဲ့သူဖြစ်ပြီး အထက်တန်းအဆင့်ကို ၂ နှစ်တည်းနဲ့ အောင်မြင်ခဲ့တာပါ။ သူဟာ ၉ နှစ်သားအရွယ်ကတည်းက ကောလိပ်တက်ခွင့်ရခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာ မင်နီဆိုတာတက္ကသိုလ်ရဲ့ ရူပဗေဒဒေါက်တာဘွဲ့သင်တန်း တက်ရောက်ခွင့်လည်း ရရှိထားပါတယ်။ PhD ဘွဲ့ယူဖို့ ၅ နှစ် (သို့) ၆ နှစ် ကြာမြင့်မှာဖြစ်ပြီး ဒေါက်တာဘွဲ့ရပြီးရင် မင်နီဆိုတာတက္ကသိုလ်မှာ ပါမောက္ခ ပြန်လုပ်ချင်တယ်လို့ ဆိုပါတယ်။

” ရူပဗေဒကို ကျွန်တော် အင်မတန်စိတ်ဝင်စားပါတယ်။ ရူပဗေဒနဲ့ပတ်သက်တဲ့ ပျော်ရွှင်စရာတွေ၊ စိတ်အားထက်သန်မှုတွေကို တခြားသူတွေထံ ဖြန့်ဝေေပေးနိုင်လိမ့်မယ်လို့ ခံစားရပါတယ်” လို့ အီလီယော့တန်နာက ပြောပါတယ်။

Ref: SunnySkyz ” 13-Year-Old To Start PhD Program In Theoretical Physics After Obtaining Bachelor’s Degree”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top