အငြိမ်းစားယူဖို့ အသင့်တော်ဆုံး အရွယ်

long-live-large.jpg

ဂျပန်လူမျိုး ဆရာဝန်တစ်ယောက်က ပြောပါတယ်။ လူတွေသတ်မှတ်ထားတဲ့ အငြိမ်းစားယူရမယ့် ပျှမ်းမျှအသက်အရွယ်ဟာ မှားယွင်းနေပါတယ်တဲ့။ အငြိမ်းစားယူဖို့အချိန်ကို ထိုင်စောင့်နေပါသလား။

ဒါဆိုရင်တော့ ပင်စင်စားဖို့အကြံကို ခေါင်​းထဲကထုတ်လိုက်ပါ။ ဒေါက်တာ ရှိဂဲအာခိဟိနိုဟရ(Shigeaki Hinohara) ရဲ့အဆိုအရ အငြိမ်းစားယူဖို့ပဲ တွေးမနေပါနဲ့။ အသက် ၆၅ မှာအငြိမ်းစားယူဖို့ကို ခဏမေ့ထားပါ။ စိန့်လူ့ခ် (St. Luke) တက္ကသိုလ်ရဲ့ဥက္ကဌအဖွဲ့ဝင် ဖြစ်တဲ့ ဒေါက်တာဟိနိုဟရဟာ သူ့ရဲ့အသက်ရှည်ရှည်နေရပြီး ကျန်းမာတဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့လျို့ဝှက်ချက်ဟာ အနားမယူတာပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။

မျက်စိလည်မသွားခင် ဒါလေးတွေစဉ်းစားကြည့်ပါ။ အသက် ၆၅ နှစ်မှာ ပင်စင်ယူသူတွေရဲ့ပျှမ်းမျှအသက်ဟာ ၆၈ပါ။ အခုဆိုရင် လူတွေက ပိုပြီးအသက်ရှည်ရှည်နေလိုကြပါတယ်။ ဒါဆို ဒေါက်တာအကြံပေးသလိုလုပ်ကြည့်သင့်ပါတယ်။ ကိုယ့်မှာလုပ်စရာအလုပ်တွေ ရှိနေခြင်းအားဖြင့် ရည်ရွယ်ချက်တစ်ခုခုရှိနေသလို ခံစားရပြီး စိတ်အင်အားဖြစ်စေပါတယ်။ ဒေါက်တာဟိနိုဟရရဲ့ အသက် ၁၀၅ နှစ်ကာလအတွင်းမှာ လူနာပေါင်းများစွာအသက်ကို ကယ်တင်စောင့်ရှောက်ခဲ့ပြီး တစ်နေ့ကို ၁၈နာရီအထိ အလုပ်လုပ်ခဲ့ပါတယ်။ ဒါကသူ့ကို အသက်ရှည်စေတဲ့ မျှော်လင့်ချက်တစ်ခု တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒေါက်တာဟိနိုဟရရဲ့ အစီအစဉ်အတိုင်းပဲ အနားယူဖို့ အသင့်တော်ဆုံးအချိန်ဟာ ဘယ်တော့မှ အနားမယူခြင်းပါပဲ။ နားလဲနား၊ အလုပ်လဲလုပ်ပါ။ လုံးဝကြီး အငြိမ်းစားမယူသင့်ပါဘူး။ ဒီနေ့အတွက် မနက်ဖြန်အတွက် သန်ဘက်ခါအတွက် အစီအစဉ်တွေချမှတ်ရင်း အသက်ရှည်ရှည်နေနိုင်ပါတယ်။ ကိုယ့်မှာလုပ်စရာအလုပ်ရှိနေတယ်ဆိုတဲ့ ခံစားချက်ဟာ လူတစ်ယောက်ကို မသိမသာမျှော်လင့်ချက်ပေးပါတယ်။ ဒါ့ကြောင့် ဒေါက်တာဟိနိုဟရလို အသက်ရှည်ရှည်နေချင်ရင်တော့ လုံးဝကြီး ခြေပစ်လက်ပစ် အငြိမ်းစားမယူလိုက်ပါနဲ့။

Ref: Reader’s Digest : This is the Perfect Age to Retire, According to Science

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top