တနင်္လာမနက်ခင်းတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ

monday-blues.jpg

လူတော်တော်များများက အလုပ်ခွင်ကို ပြန်ဝင်ရမယ့် တနင်္လာနေ့ ဆိုတာကို မကြိုက်နှစ်သက်ကြပါဘူး။ ပိတ်ရက်မှာ သူငယ်ချင်းများနဲ့ပျော်ပျော်ရွှင်ရွှင် အပြင်ထွက် လည်ပတ်နေရင်တောင်မှ တနင်္လာနေ့ဆိုတဲ့ အသံကြားရင် ချက်ချင်းတက်ကြွပျော်ရွှင်မှုလေးတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ တကယ်တော့ တနင်္လာနေ့တွေက ကြောက်စရာမဟုတ်ပါဘူး။ အောက်ပါပေးထားတဲ့ နည်းလမ်းခြောက်ခုကို အသုံးပြုပြီး ဒီ စိုးရိမ်စိတ်တွေကို ဖျောက်လိုက်ကြရအောင်။

ကိုယ့်ကိုယ်ကိုယ် ပြုစုပါ

တနင်္လာနေ့ မနက်ခင်းတွေမှာ ကိုယ့်ကိုယ်ကိုယ်စားချင်တာစားခွင့်ပြုလိုက်ပါ။ မနက်ခင်းကို အနှစ်သက်ဆုံးကော်ဖီတစ်ခွက်နဲ့ အစပြုလိုက်ပါ။ ပုံမှန်နေ့လည်စာအစား ဆိုင်တစ်ခုခုမှာ သွားစားလိုက်ပါ။ ရုံးအလုပ်စားပွဲမှာ ချောကလက်တွေ စားဖို့ရှိနေပါစေ။ ဘာလို့လဲဆိုတော့ သူတို့က စိတ်ဓာတ်မြှင့်တင်ရာမှာ အထောက်အကူပြုလို့ဖြစ်ပါတယ်။ အလုပ်စားပွဲမှာ ယုံကြည်မှုရှိရှိထိုင်ပြီး တနင်္လာနေ့တွေကို ကြိုဆိုလိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ဝတ်စားဆင်ယင်ပါ

အထူးသဖြင့် တနင်္လာနေ့တွေမှာ အကောင်းဆုံးဝတ်ဆင်လိုက်ပါ။ သင့်ရဲ့အကြိုက်ဆုံးဝတ်စုံကို ဝတ်ဆင်ခြင်းဖြင့် စိတ်ဓာတ်တက်ကြွစေနိုင်ပါတယ်။ အဝတ်အစားတွေကို စမတ်ကျကျ ဝတ်ဆင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် လုပ်ယူလို့ရပါတယ်။ ဒါဟာ သက်ရောက်မှုတစ်မျိုးပါပဲ။

တနင်္ဂနွေနေ့ကို အကောင်းဆုံးကုန်ဆုံးလိုက်ပါ

တနင်္ဂနွေနေ့ဟာ တစ်ပတ်လုံးရဲ့ အတောက်ပဆုံးနေ့တစ်နေ့လို့ ပြောကြပါတယ်။ တော်တော်များများက ဒီနေ့မှာ အလုပ်နဲ့ တနင်္လာနေ့အကြောင်း စဉ်းစားရင်း အချိန်ကုန်သွားလေ့ရှိပါတယ်။ ဒီလိုမလုပ်ပဲ ကောင်းကောင်းအနားယူပါ။ ရုပ်ရှင်ကြည့်ပါ။ ကားလျှောက်မောင်းပါ။ အကြိုက်ဆုံး စားသောက်ဆိုင်မှာ ထမင်းစားတာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့တွေ့တာဖြစ်ဖြစ် ကိုယ်လုပ်ချင်တာတွေလုပ်ရင်း ကောင်းကောင်းကုန်ဆုံးလိုက်ပါ။

ကောင်းကောင်းအိပ်ပါ

ညဘက်ကောင်းကောင်းအိပ်ခြင်းက မနက်မှာ လန်းလန်းဆန်းဆန်းအိပ်ရာထနိုင်တာမို့  တနင်္လာနေ့တွေမှာ အားရှိနိုင်ဖို့ အိပ်ရေးဝအောင်အိပ်လိုက်ပါ။ တနင်္ဂနွေနေ့တွေမှာ ညဘက် ညဉ့်နက်တဲ့အထိ မနေပါနဲ့။ စောစောအိပ်ပါ။

အလုပ်ခွင်မှာ ပျော်ပျော်နေပါ

အလုပ်ခွင်မှာ ပျော်ပျော်ရွှင်ရွှင်နေခြင်းဟာ စိတ်ကိုကြည်လင်စေတာကြောင့် ကြိုးစားကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် ရုံးပိတ်ရက်မှာ ဘယ်လိုပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့သလဲ ဖလှယ်ရင်း ပျော်ရွှင်မှုကို အရယူပါ။

တနင်္လာနေ့ရုံးဆင်းရင် ဘာလုပ်မလဲ အစီအစဉ်ဆွဲပါ

ဒါက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ တနင်္လာနေ့ညနေမှာ စိတ်လှုပ်ရှားစရာတစ်ခုခုကို ပြင်ဆင်ထားပါ။ အခင်မင်ဆုံး သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်တာတို့ ယောဂကျင့်တာတို့ gymသွားတာတို့ ညစာအတွက် ကိုယ်ခင်မင်ရတဲ့သူ တစ်ယောက်ယောက်နဲ့ သွားစားတာတို့လုပ်ပါ။

တနင်္လာနေ့တွေဆိုတာ အသစ်တစ်ခု အစပြုခြင်းပါပဲ။ အရင်အပတ်က လုပ်ခဲ့မိတဲ့အမှားတွေကို ပြင်ဆင်နိုင်ပါတယ်။ အခွင့်အရေးကို အရယူပြီး နေ့သစ်တစ်နေ့စတင်လိုက်ပါ။

Ref: www.myamcat.com : 6 Ways to beat those terrible Monday Blues

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top