ရိုးရာလေးမှ ရေဘေးသင့် ပြည် သူများဆီသို့ သွားရောက်လှူဒါန်း

ရိုးရာလေး မိသားစုဟာ ဩဂုတ်လ ၈ ရက်နေ့၌ မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ် အတွင်းမှာ ရှိတဲ့ ရေဘေးသင့် ပြည်သူများထံသို့ သွားရောက် ကူညီခဲ့ပါတယ်။

ရေဘေးသင့် ပြည်သူများ လိုအပ်နေသော ဆန်၊ ဆီ၊ ရေ၊ ဆေးဝါး သာမကဘဲ အခြားသော အသုံးအဆောင် ပစ္စည်းများကို လှူဒါန်းခဲ့ပါတယ်။

ကံမမြို့သို့ ရောက်အောင် ကားဖြင့် သွားပြီး ပစ္စည်းတွေကို စက်လှေများဖြင့် တင်ဆောင်ကာ ရေဘေးသင့် ပြည်သူများ နေသော ကျေးရွာများသို့ အရောက် ပို့ဆောင် ပေးခဲ့ပါတယ်။ ရေကျသွားပြီ ဖြစ်သော်လည်း အိမ်တွေ အတွင်းမှာ ရေများ ကျန်ရှိနေတုန်းဖြစ်ပြီး ရေဘေးသင့် ပြည်သူများထံသို့ လမ်းလျောက်၍ သော်လည်းကောင်း၊ စက်လှေများဖြင့် သော်လည်းကောင်း အသီးသီး လိုက်လံ ကူညီပေးခဲ့ပါတယ်။

{loadposition 2015-08-10-water-flood}

ဒါ့အပြင် သွားလာရ ခက်ခဲသော် ကျေးရွာများသို့လည်း ပစ္စည်းများ အရောက် ပို့ဆောင်ပေးခဲ့ပါတယ်။ ရေဘေးသင့်ရွာများမှ ရပ်ရွာလူကြီးများ၊ ရွာဦး ဘုန်းတော်ကြီးများနှင့် တွေ့ဆုံပြီး ရွာရှိ အခက်အခဲများကို ကူညီပေးခဲ့ပါတယ်။ ရိုးရာလေး မိသားစုနှင့် အတူ ဝိုင်းဝန်းကူညီပေးခဲ့သော အလှူရှင်များကို ရိုးရာလေးမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ရိုးရာလေးအဖွဲ့

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top