အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၉-၃-၂၀၂၀ မှ ၄-၄-၂၀၂၀ ရက်နေ့အထိ)

yylbaydin29march2020.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၉-၃-၂၀၂၀ မှ ၄-၄-၂၀၂၀ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက်-

စီးပွားရေး။ ။ ယခုအချိန်တွင် ပေါ်ပင်စီးပွားရေးလုပ်ငန်းများကောင်းနေပါလိမ့်မည်၊ အချိန်အခါ ရာသီပေါ်လုပ်ငန်းများ အကျိုးရှိမည်။ အထိုင်တကျလုပ်ကိုင်ရသော လုပ်ငန်းများ အေးနေမည်၊ ငွေကြေးရရန်ရှိပါက ပြန်မရနိုင်၊ပေးဆပ်ရန်ရှိပါက ပြန်မပေးဆပ်နိုင်သည့် အခြေအနေဖြစ်မည်။

ကျန်းမာရေး။ ။ အရိုးရောဂါ သတိပြုပါ၊ အရိုးနှင့်ပါတ်သက်သော အနာဟောင်းပေါ်လာတတ်သည်၊ ဒဏ်ဟောင်းပေါ်မည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးကို အထူးသတိထားပါ။ မိမိသိပ်ချစ်ရသူနှင ခရီးအတူမသွားသင့်သေးပါ။ အဆင်မပြေဖြစ်တတ်သည်။ အိမ်ထောင်ရေးအနေနှင့် သတိထားပါ။ လူယုံကြောင့် အိမ်ထောင်ရေး မသာမယာ ဖြစ်တတ်သည်။

ပညာရေး။ ။ပညာရေးအတွက် ငွေကုန်ကြေးကျများမည်။အကျိုးရှိပါလိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း စကားပြာဆင်ခြင်ပါ။ အစိုးရနှင့် နိုင်ငံဝန်ထမ်းများ စကားပြောအထူးဆင်ခြင်ပါ။

အကျိုးပေးဂဏန်းမှာ ။ ။၁။၅။၆။

ယတြာ။ ။ သောက်ရေသန့်လှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့

စီးပွားရေး။ ။ စားသောက်ကုန်လုပ်ငန်း၊ ယိုလုပ်ငန်း၊ ဘီစကက်နှင့် အအေးမျိုးစုံ၊ အဖျော်ယမကာ လုပ်ငန်းများ၊ အဆင်မပြေဖြစ်မည်။ ငွေကြေးကိစ္စနှင့်ပါတ်သက်ပြီးပြသနာတစ်ခုရင်ဆိုင်ရတတ်ပါတယ်။ လုပ်ငန်းများတွင် စပ်တူလုပ်ငန်းရှိပါက သတိထားပါ။

ကျန်းမာရေး။ ။ အသဲရောဂါသတိထားပါ။ ဆီးချို၊သွေးတိုးနှင့် ပါတ်သက်သော ရောဂါဖြစ်တတ်သည်၊ သွေးတိုးရောဂါရှိသူများ အထူးသတိထားရမည့်အချိန်ဖြစ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းနေမည်။ အိမ်ထောင်ပြုရန် အဆင်ပြေမည်၊ အိမ်ထောင်ရေးသမားများ သတိထားပါ၊ မိဘဆွေမျိုးကို အကြောင်းပြုပြီး ရန်ပေါ်တတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံခြားဘာသာစကားသင်တန်းတစ်ခု တက်ရောက်ရမည်၊ ကောင်းပါသည်။

အထွေထွေ။ ။ ဝန်ထမ်းများ အလွန်အလုပ်များနေမည်။

အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၉။

ယတြာ– တနင်္လာနေ့တွင် ကံကော်ညွှန်များလှူပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး။ ။ တိရိစ္တာန်မွေးမြူရေးလုပ်ငန်း၊ ဆိရိစ္ဆာန်အစားအစာရောင်းဝယ်သူများ ကံကောင်းနေတတ်သည်။ သားသတ်လိုင်စင်ရသူများ စိတ်သောကရောက်၇မည်၊ ယခုအချိန်တွင် ပြည်ပမှ အသား၊နို့ နှင့် တိရိစ္ဆာန်နှင့် ဆိုင်သော ဆေးဝါးများ၊ ပစ္စည်းများ အစားများ ရောင်ချခြင်း၊တင်သွင်းခြင်း အကျိုးဖြစ်မည်။ သတိထားရမည်မှာ စက်ရုံလုပ်ငန်းရှင်များ သောကများနေလိမ့်မည်။

ကျန်းမာရေး။ ။ အစားအိမ်ရောဂါအထူးသတိထားပါ၊ အူမကြီးနှင့် အူအတက်ပေါက်ခြင်းဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မကောင်းပါ၊၊ အိမ်ထောင်ရေးအနေနှင့် အလုပ်၊ငွေကြေးနှင့် ဆုံးဖြတ်ချက်အမှားတစ်ခုပေါ်တွင် စိတ်သောကရောက်ရပြီး အညင်းအခုံဖြစ်မည်။

ပညာရေး။ ။ပညာရေးအနေနှင့် နည်းပညာသင်တန်းများ တက်ရောက်သင့်သည့်အချိန်ဖြစ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများအနေနှင့် အထက်အောက် သတိထားဆက်ဆံပါ။ အထက်ကြောင့် လုပ်ရကိုင်ရခက်မည်။

အကျိုးပေးဂဏန်း – ၂၊ ၅ ၊ ၇။

ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ဆီးမီး၊ရေ နှင့် အင်္ဂါနံပန်းများလှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့်

စီးပွားရေး။ ။ ခရီးသွားလုပ်ငန်း၊ ကားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊အရောင်းအဝယ်၊ကုန်သည်ပွဲစားလုပ်ငန်းများ အားလုံးနီးပါးရပ်နားနေရမည်။ သို့သော် ငွေကြေးလုပ်ငန်း၊အပေါင်ဆိုင်လုပ်ငန်းများ အခြေအနေကောင်းနေမည်။ ငွေကြေးရောင်း/ဝယ်သူများ သတိဖြင့် လုပ်ကိုင်ရမည်။ အစုစပ်လုပ်ငန်းရှိသူများ ရပ်ထားပါ။ ပြသနာတက်တတ်သည်။

ကျန်းမာရေး။ ။ ခါးနာခြင်း၊အရိုးအဆစ်ရောင်ခြင်းများဖြစ်တတ်သည်။ အထူးသဖြင့် ဆီးချိုသတိထားပါ။ စိတ်နှင့်ဆိုင်သော ရောဂါရတတ်သည်။စိတ်သောကဝေဒနာကို သတိထားပါ၊ စိတ်ကျခြင်းမဖြစ်ရန်အထူးလိုပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံညံ့ပါသည်။ အိမ်ထောင်ရေးအနေနှင့် အလွန်ညံ့သည့်အပိုင်းတွင်ရှိသည်။ အိမ်ထောင်ရေး တွင် မိမိဘက်က မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ အလျှော့ပေးမှ အဆင်ပြေမည်။

ပညာရေး။ ။ပညာရေးအနေနှင့် ပြည်ပမှစာမေးပွဲတစ်ခုကို ဖြေဆိုရလိမ့်မည်။ဘဝအဆင့်မြင့်သွားလိမ့်မည်။

အထွေထွေ။ ။ ဝန်ထမ်းများ အလုပ်တွင်စိတ်မပါဖြစ်တတ်သည်။ ငွေလိုနေတတ်သည်။ ငွေစရင်းသတိထားပါ၊စိုက်လျှော်ရတတ်သည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် အဆုတ်ရောဂါရတတ်သည်။ အချစ်ရေးတွင်လည်း ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် ဆေးပစ္စည်းရောင်းချသူများ အဆင်ပြေမည်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊၅ ၊ ၈။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် သက်ကြီးသူကို ဆေးလှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက်

စီးပွားရေး။ ။ အလွန်သတိထားရမည့်အချိန်ဖြစ်သည်၊ ယခုအချိန်သည် ကြာသာပတေးသားသမီးတို့ အရာရာတွင် အရှုံးပေါ်နေတတ်ပြီး လုပ်တိုင်းမဖြစ်သည့်အခြေအနေဖြစ်သည်။ အိမ်တွင်နေသည်ကကောင်းပါသည်၊ လုပ်ငန်းသစ်လုပ်ကိုင်ရန်ရည်ရွယ်ပါက ပျက်မည်၊ စပ်တူလုပ်ပါက ရန်ပေါ်မည်၊ ကံနှင့်ပါတ်သက်သော လုပ်ငန်းလုပ်ကိုင်သူများဖြစ်သည့် ကျောက်မျက်ရတနာတူးဖော်သူများ၊လောင်းကစားနှင့်ပါတ်သက်သော လုပ်ငန်း လုပ်ကိုင်သူများ အလွန်သတိထားရမည့်အချိန်ဖြစ်သည်။ ကောင်းသည့်အချက်မှာ တရားထိုင်ရန်ဖြစ်သည်။

ကျန်းမာရေး။ ။ ခန္ဓာကိုယ်တွင် ဒဏ်ရာရတတ်သည်။ ကားဆိုင်ကယ်သတိထားပါ၊ ထိမိခိုက်မိတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် တစ်နယ်စီဝေးနေရတတ်သည်။ အိမ်ထောင်ရေးအနေနှင့် တစ်နယ်စီဝေကွာနေပြီး စိတ်အလိုမလိုက်ကြရန်လိုပါသည်။

ပညာရေး။ ။ ပညာရေးအတွက် ဗေးင်ပညာကဲ့သို့ ထူးခြားသည့် ပညာကို လေ့လာပါ။

အထွေထွေ။ ။ ဝန်ထမ်းများ မိမိဌာန၏ ငွေကြေးအရှုပ်တော်ပုံကို အကြောင်းပြုသည့် ပြသနာတစ်ခုတွင် မိမိပါဝင်နေသဖြင့် သတိထားပါ၊ စစ်ဆေးခြင်း ခံရနိုင်သည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆၊ ၇။

ယတြာ – ကြာသာပတေးနေ့တွင် နွမ်းပါသူများကို တတ်နိုင်သလောက် အဝတ်အထည်လှူပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည်

စီးပွားရေး။ ။ အလှကုန်ပစ္စည်း၊ပြည်ပမှတင်သွင်းသော ဆေးနှင့် ဆေးရုံးသုံးပစ္စည်းများ၊ အဝတ်အထည်၊ ရေမွေး၊တို့အကျိုးပေးသည်။ ရွှေလုပ်ငန်း၊လက်ဝတ်ရတနာလုပ်ငန်း လုပ်ကိုင်သူများ သတိထားလုပ်ကိုင်ပါ။အထူးသဖြင့် အစားအသောက်လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေပါလိမ့်မည်။

ကျန်းမာရေး။ ။ကျောက်ကပ်နှင့်ဆိုင်သော ရောဂါကြောင့် ကုသမှု့ခံယူရလိမ့်မည်။ အထူးသဖြင့် ကျောက်ကပ်နှင့် နောက်ဆက်တွဲ ဆီးရောဂါပါ ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း အိမ်ထောင်ပြုရန်ရွေးထားသောရက်တွင် အဆင်မပြေဘဲ နောက်ထပ်ရက်ရွေးရမည်။ အိမ်ထောင်သည်များ ရန်တွေ့ထားပါက ပြန်အဆင်ပြေနေမည်။

ပညာရေး။ ။ပညာရေးအနေနှင့် ဆေးပညာဆိုင်ရာ ဘာသာရပ်များကို လေ့လာသူများ အဆင်ပြေမည်။ နောင်တစ်ချိန် အကျိုးရှိမည်။

အထွေထွေ။ ။ ဝန်ထမ်းများ မိမိလက်အောက်ဝန်ထမ်းကို အကြောင်းပြုပြီး ကိစ္စတစ်ခု ဖြေရှင်းရမည်။

အကျိုးပေးဂဏန်း – ၁ ၊ ၄ ၊ ၇။

ယတြာ – သောကြာနေ့တွင် ဘုရားရှင်အား ဆီမီး(၅) တိုင်ပူဇော်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည်

စီးပွားရေး။ ။ လုပ်ငန်းသစ်များစတင်လုပ်ဆောင်မည်ဆိုပါက အဆင်မပြေဖြစ်မည်၊ သို့သော် ပေါ်ပင်လုပ်ငန်းတစ်ခုအကြောင်းပြုပြီး လုပ်ငန်းဖြစ်မည်။ ကုန်သွယ်လုပ်ငန်းများ သူများမကောင်းချိန် ကိုယ်ကောင်မည့်အနေအထားဖြစ်သည်။ သူတပါးအရေးပေါ်လိုအပ်နေသော ကုန်ပစ္စည်းကို မိမိက ရှာဖွေတင်သွင်းနိုင်သဖြင့် အမြတ်ကြီးရမည်။ ယခုအချိန်သည် အထိုကျလုပ်ငန်းထက် အခြေအနေပေါ်မူတည်သော ပေါ်ပင်လုပ်ငန်လုပ်ဆောင်ပါက အလွန်အကျိုးများမည်။ သတိထားရမည်မှာ အစိုးရနှင့်ပါတ်သက်သော လုပ်ငန်းဖြစ်ပါက သတိထားရန်ဖြစ်သည်။

ကျန်းမာရေး။ ။ ဦးခေါင်းကိုက်ခြင်းဖြစ်မည်။ အဆုတ်ရောဂါရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံညံ့ပါသည်။ချစ်သူနှင့် အဆင်မပြေရန်အကြောင်းများ များစွာ ပေါ်ပေါက်နေတတ်သည်။ သတိထားပါ။ အိမ်ထောင်သည်များ နှစ်ဘက်မိဘတို့ ဝင်ပါလာပါက ပြသနာကြီးမည်။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံခြားဘာသာတစ်ခုလေ့လာပါ။

အထွေထွေ။ ။ ဝန်ထမ်းများ အလွန်အလုပ်များနေမည်။

အကျိုးပေးဂဏန်း – ၄။၅။၉ ၊

ယတြာ – စနေနေ့တွင် စနေနံဘုရားတွင် ထီး(၇) လက်လှူပါ။

KimKaThu

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top