ဒန်နီယန်ခရစ် ဂျိမ်းစဘွန်းအဖြစ်မှ နားပြီ

da1.jpg

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်နိုင်ငံမှ ကမ္ဘာကျော် သရုပ်ဆောင် မင်းသား ဒန်နီယမ်ခရစ် (Daniel Craig) ဟာ

ဂျိမ်းစဘွန်းမင်းသားဘဝမှ အနားယူပြီ ဖြစ်ပါတယ်။ Casino Royale ကနေစလို့ Spectre အထိ စုစုပါင်း လေးကား ရိုက်ပြီးတော့ ဂျိမ်းစဘွန်းမင်းသား အဖြစ်မှ အနားခြင်း ဖြစ်ပါတယ်။

ဒန်နီယမ် အနေနဲ့ အမေရိကန်မှ စတင် တင်ဆက်မယ့် ရုပ်သံ စီးရီး တစ်ခုမှ အဓိက မင်းသားအဖြစ် ပါဝင်တော့မှာ ဖြစ်ပြီး ယင်းဟာလည်း ဂျိမ်းစဘွန်း အဖြစ်မှ အနားယူစေခြင်းဖြစ်ကြောင်း ဆိုပါတယ်။ သူ႔ကို ဂျိမ်းစဘွန်း အဖြစ် ဆက်လက် သရုပ်ဆောင်ဖို့ ကမ်းလှမ်းကြောင်း သူ့အနေနဲ့ ငြင်းဆန်ခဲ့ကြောင်းလဲ ဆို ပါတယ်။ Skyfall ရုပ်ရှင်မှာ ဗြိတိန်ပေါင် ၇.၃၈ မီလျံ သရုပ်ဆောင်ကြေး ရရှိခဲ့ပြီး ဂျိမ်းစဘွန်းထဲမှာ သရုပ်ဆောင်ကြေး အများဆုံး ရရှိတဲ့ ဘွန်းအဖြစ် အမည်တွင်စေခဲ့ပြီး ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး မင်းသား တစ်ဦး စာရင်းထဲကိုလည်း ဝင်စေခဲ့ ပါတယ်။

ဒါ့အပြင် Spectre ရုပ်ရှင်ဟာလည်း ဂျိမ်းစဘွန်းရုပ်ရှင်တွေထဲမှာ အကုန်ကျ အများဆုံး မှတ်တမ်းတင်ပြီး ကမ္ဘာ့ အကုန်ကျ အများဆုံး ရုပ်ရှင် စာရင်းထဲလည်း ပါဝင်သွားစေ ပါတယ်။ နောက်ထပ် ဂျိမ်းစဘွန်းဖြစ်လာနိုင်သူများ အဖြစ် ဗြိတိန်မှ လူမည်းမင်းသား Idris Elba, ဗြိတိန်မှ လူဖြူမင်းသားများဖြစ်တဲ့ Damian Lewis နဲ့ Mad Max ရုပ်ရှင်မှ Tom Hardy တို့က ရေပန်းစားနေ ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top