ရေတံခွန်က ခုန်ချလို့မသေ လိမ္မော်ခွံနင်းပြီး ချော်လဲလို့သေရသူ

die3.gif

Bobby Leach လို့ အမည်ရတဲ့ပုဂ္ဂိုလ်မှာ အမေရိကန်မှာအမြင့်ဆုံးရေတံခွန်စာရင်းဝင်တဲ့ Niagara Falls ကနေ ခုန်ချတဲ့ကမ္ဘာ့ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်ပါတယ်။

သူ့အရှေ့မှာ (၁၉၀၀) ကျော်က အမျိုးသမီး ခုန်ချခဲ့ဖူးပြီး သူကတော့ ၁၉၁၁ ခုနှစ် ဇူလိုင်လမှာ စွန့်စားခဲ့သူ ဖြစ်ပါတယ်။ ဘာ အကာအရံပစ္စည်းမှ မပါပဲ ခုန်ချတာတော့ မဟုတ်ပါဘူး။ ပုံမှာမြင်တွေ့နေရတဲ့ စည်ပိုင်းကြီးထဲဝင်လို့ ခုန်ချခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှအရိုးများကျိုးပြီး ဆေးရုံမှာ ခြောက်လနေထိုင်ပြီးကုသမှု ခံယူခဲ့ရပါတယ်။

သူဟာ Circus တွေမှာ စတန့် Performer တစ်ဦးလည်း ဖြစ်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပေမယ့် စွန့်စားရတာ ဝါသနာပါသူတစ်ဦးမို့ ဖြစ်ပါတယ်။ ရေတံခွန်ကနေ ခုန်ချပြီးတော့ အခြားသော စွန့်စားမှုပေါင်းများစွာကိုလည်း ဆက်တိုက်ပြုလုပ်ပါတယ်။ အောင်မြင်မှုများရှိသလို ကျရှုံးမှုများလည်းရှိပါတယ်။ အသက်အန္တရာယ်နဲ့နီးတဲ့ လုပ်ဆောင်ချက်များချည်း ပြုလုပ်ပါတယ်။

၁၉၂၆ ခုနှစ်မှာ သူဟာ နယူးဇီလန်ကို ခရီးသွားပြီး အပျော်ခရီးအေးအေးချမ်းချမ်းသွားတဲ့အချိန် လိမ္မော်သီးခွံတက်နင်းမိလို့ ချော်လဲပါတယ်။ ခြေမနဲ့ ခြေသန်းတွေမှာ ဒဏ်ရာအနည်းငယ်သာရပေမယ့် ရောဂါပိုးဝင်သွားပါတယ်။ ယင်း ပိုးက ခြေထောက်ကို ဖြတ်ပစ်ရတဲ့အထိ ဆိုးရွားပြီး နောက်ဆုံးတော့ ဝမ်းနည်းစွာပဲ အသက်ပေးခဲ့ရပါတယ်။

ဒါကြောင့်မို့ Bobby ဟာ စွန့်စားမှုတုန်းက မသေပဲ လိမ္မော်ခွံနဲ့မှသေရတာကြောင့် လူပြောများတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top