ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Korea Culture Ambassador Friendship Association (KCAFA)နှင့် NDNnews / Seoul City တို့မှ ပေးအပ်သည့် Pride Korea Awards 2019 လက်ခံရယူခြင်း

collage2.jpg

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် (၂၄-၉-၂၀၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ Korea Culture Ambassador Friendship Association (KCAFA)နှင့် NDNnews / Seoul City တို့မှ ပေးအပ်သည့် Pride Korea Awards 2019 ကို လက်ခံရယူခဲ့ပါသည်။

ယင်းဆုကိုပေးအပ်ရခြင်းနှင့်ပတ်သက်၍ KCAFA ဥက္ကဋ္ဌ Mr. Kim Jong Woon က ပြောကြားရာတွင် ယခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ မွန်ဂျေအင်း၏ ခရီးစဉ်အောင်မြင်ရေးအတွက် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် လည်းကောင်း၊ လာမည့် နိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့၌ ကျင်းပပြုလုပ်မည့် နှစ်(၃၀)မြောက် ကိုရီးယား-အာဆီယံ ဆွေးနွေးဘက် ထိပ်သီးအစည်းအဝေးအား အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် တွန်းအားတစ်ရပ်အနေဖြင့် လည်းကောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် အားသွန်ခွန်စိုက် ဆောင်ရွက် ပေးလျက်ရှိခြင်းတို့ကြောင့် လည်းကောင်း ပေးအပ်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

Pride Korea Awards 2019 ကို မြန်မာသံအမတ်ကြီးအပြင် အယ်ဂျေးရီးယား၊ အီသီယိုပီးယားနှင့် ကာဂျစ်ကစ်စတန်နိုင်ငံ သံအမတ်ကြီးများကလည်း ၎င်းတို့၏ ထူးချွန်တက်ကြွစွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းရပ်များကြောင့် ဆုများအသီးသီးလက်ခံရရှိခဲ့ပါသည်။ ယနေ့အထိ ယင်းဆုကို မက္ကဆီကို၊ ရုရှားဖယ်ဒရေးရှင်း၊ ဆလိုဗက်ကီးယား၊ အီဂျစ်၊ ပနားမား၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ စပိန်၊ ပိုလန်၊ ဖိလစ်ပိုင်၊ အီရန်၊ မလေးရှား၊ ဘူဂေးရီးယား၊ ဘိုလီဗီယား၊ အက်ကွာဒို၊ ကိုလံဘီယာ၊ ပီရူးနှင့် အီးယူ သံအမတ်ကြီးများမှ လက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top