အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၇-၁၁-၂၀၁၉ မှ ၂၃-၁၁-၂၀၁၉ ရက်နေ့အထိ)

bay-din17to23-nov-scaled.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၇-၁၁-၂၀၁၉ မှ ၂၃-၁၁-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက်-

စီးပွားရေး။ ။ အစိုးရနှင့်ပါတ်သက်သော လုပ်ငန်းများ၊ ကန်ထရိုက်၊ပါမစ်ရရှိခြင်း၊ အစိုးရနှင့်ဆိုင်သော လုပ်ငန်းများမှ အကျိုးအမြတ်ရရှိခြင်းတို့ဖြစ်မည်။ တင်ဒါအောင်မည်။ငွေရေးကြေးရေးအဆင်ပြေမည်၊ အလုပ်သမားပြသနာကို အထူးသတိပြုပါ။စပ်တူလုပ်ငန်းများကောင်းပါသည်။

ကျန်းမာရေး။ ။ ဒီတစ်ပါတ်အတွက်တော့ အဆုတ်ရောဂါ၊ အအေးမိခြင်း၊နှင့် အဆုတ်နှင့်ဆိုင်သော အသက်ရှူအဖွဲ့အစည့်နှင့်ဆိုင်သော ရောဂါများ ရပါလိမ့်မည်၊ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနဲ့ကတော့ ကံကောင်းလာပါပြီ၊ မိမိချစ်ရသူနှင့် နီဒစပ်ပြီး အဆင်မပြေမှု့များ အဆင်ပြေစပြုလာမည်။ အိမ်ထောင်သည်မျာလည်း ပြန်လည်ပေါင်းစည်းရတတ်သည်။

ပညာရေး။ ။ ပညာရေးအနေနှင့် ပြည်ပသို့ သွားရလိမ့်မည်၊ ပညာတော်သင်ပါလိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အစိုးရအလုပ်တစ်ခုခုကို ဝင်ရောက်လျှောက်ထားပါက အဆင်ပြေမည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၃။၉

ယတြာ။ ။ တနင်္ဂနွေနေ့ ရေ(၆)ခွက် အိမ်ဘုရားတွင် ကပ်လှူပြီး လိုရာဆုတောင်းပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့-

စီးပွားရေး။ ။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ငါးလုပ်ငန်း၊ပုလဲလုပ်ငန်းများကောင်းပါသည်။ ရေနှင့်သက်ဆိုင်သော သင်္ဘောလုပ်ငန်း၊စက်လှေလုပ်ငန်းများကောင်းပါသည်။ ရေသန့်လုပ်ငန်းများလည်း အဆင်ပြေပါလိမ့်မည်။ မီးနှင့်လုပ်ကိုင်ရသော လုပ်ငန်းများ စားသောက်ဆိုင်နှင့် မုန့်လုပ်ငန်းများမှာ အနည်းငယ် အေးပါလိမ့်မည်။ဘဏ်ချေးငွေ အဆင်ပြေမည်။

ကျန်းမာရေး။ ။ ရေကြောင့်ဖြစ်သော အဆုတ်ရေဝင်ခြင်း၊ ဆီနှင့် ကျောက်ကပ်ရောဂါများ ဖြစ်တတ်သည်။ ရေဖျင်းရောဂါလည်း ရတတ်သည်၊ အထူးသတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မိမိတို့ချစ်သူနှစ်ဦး အဆင်ပြေမည်။ အနှောက်အယှက်များ အလိုလိုပျောက်ကွယ်မည်၊ သဘောထားကွဲနေသည့်ကိစ္စ ပြန်လည်စေ့စပ်လို့ရမည်။ အိမ်ထောင်ရှင်များ ပြည်လည်ပေါင်းစပ်ရလိမ့်မည်။

ပညာရေး။ ။ပညာရေးအနေနှင့် ကြိုးစားသလောက် ကံကောင်းပါတယ်။

အထွေထွေ။ ။ အစိုးရဝန်ထမ်းများ ငွေဝင်ကောင်းမည်။ ထီးထိုးပါ။

အကျိုးပေးဂဏန်း – ၂ ၊၄ ၊ ၈။

ယတြာ– တနင်္လာနေ့တွင် သက်ကြီးသူတစ်ဦးကို ရေသန့်အေးအေးလေးတိုက်ပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့-

စီးပွားရေး။ ။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ပြည်တွင်/ပြည်ပခရီးသွားဝန်ဆောင်ခြင်းလုပ်ငန်းများ အထူးကောင်းပါသည်။ တိရိစ္ဆာန်မွေးမြူခြင်းနှင့် ကုသခြင်းဆိုင်ရာ လုပ်ငန်းများ၊ တိရိစ္ဆာန်များနှင့် ၎င်းတို့မှထွက်သည့် အသား၊နို့ စသည့်ပစ္စည်းများအား ပြည်တွင်း/ပြည်ပ ပို့ကုန်သွင်းကုန်ဆောင်ရွက်ခြင်းတို့ အလွန်ကောင်းသည့် အချိန်ဖြစ်ပါသည်။

ကျန်းမာရေး။ ။ ဒီတစ်ပါတ်အတွင်း အဖျားတတ်နေတတ်သည်။ မိဘ (သို့) သားသမီးကို အကြောင်းပြုပြီး ဆေးရုံဆေးခန်းသွားနေရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံသိပ်မကောင်းသေးပါ။ အထူးသဖြင့် မိမိထက်အဆင့်အတန်းကွားသူနှင့် ချစ်သူဖြစ်ရပြီး နှစ်ဘက်အသိုင်းအဝိုင်း အခြေအတင်ဖြစ်လိမ့်မည်။ အိမ်ထောင်သည်များ သတိထားပါ၊ မိမိ ၏အိမ်ထောက်ဘက် ချစ်သူရနေတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် အင်္ဂလိပ်စာနှင့်ပါတ်သက်သည့် အဆင့်မြင့်သင်တန်းကို တက်ပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း သင်ကံကောင်နေပါသည်။ ဝန်ထမ်းများ ငွေဝင်သော်လည်း အထက်လူကြီးနှင့် အဆင်မပြေဖြစ်မည်။

အကျိုးပေးဂဏန်း – ၂၊ ၃၊ ဝ။

ယတြာ – အင်္ဂါနေ့တွင် နွမ်းပါးသူကို ဆန်လှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့် –

စီးပွားရေး။ ။ ပန်းချီ၊ပန်းပု အစရှိသော အနုပညာဆိုင်ရာ လုပ်ငန်းများကံအထူးကောင်းချိန်ဖြစ်သည်။ ကားလုပ်ငန်း၊ကုန်စီကုန်သွယ်လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ ငွေလွဲခြင်း၊ငွေလှဲခြင်း၊ငွေချေးခြင်း များ ကံကောင်းပါသည်။ အထူးသတိထားရန်မှာ ရေလုပ်ငန်း လုပ်ကိုင်သူများ အနည်းငယ်ညံ့ပြီး ငွေကြေးကိစ္စပြသနာရှိနိုင်သည်။

ကျန်းမာရေး။ ။ မျက်လုံးနှင့်ဆိုင်သောရောဂါများ ရရှိမည်။ အထူးသဖြင့် မျက်မှန်ပါဝါပြန်စစ်ပါ၊ နားလည်း စစ်ဆေးသင့်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် သံသယအလွန်များသော ချစ်သူကို ရရှိမည်။ အိမ်ထောင်ရေးတွင် မိမိက အိမ်ထောင်ဘက်ကို ကြောက်နေရတတ်သည်။ ကြောက်နေရမည့်အကြောင်းလည်း ဖြစ်ပေါ်နေမည်။

ပညာရေး။ ။ပညာရေးအနေနှင့် မဟာဘွဲ့ကဲ့သို့ အဆင့်မြင့် ဘွဲ့အတွက်ကြိုးစားနေပါက အောင်မြင်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်တွင် ဝန်ထမ်းများလည်း အောက်လက်ငယ်သားကို အကြောင်းပြုပြီး ပြသနာတက်နေမည်။ အထူးသတိပြုပါ။

ရာဟု ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် မျက်လုံးရောဂါရတတ်သည်။ အချစ်ရေးတွင် ကံကောင်းနေပြီး၊ အိမ်ထောင်ရေးကတော့ ခရီးများနေပါလိမ့်မည်။ စီးပွားရေးတွင် မုန့်လုပ်ငန်းများ ကံကောင်းမည်၊ ဆောက်လုပ်ရေးသမားများ ညံ့ပါသည်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၃ ၊၄ ၊ ဝ။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့ နံနက်တွင် ရဟန်းများကို ဆွမ်းလောင်းပါ။ ထီထိုးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် –

စီးပွားရေး။ ။ဆေးပညာဆိုင်ရာ လုပ်ငန်းများ၊ဆေးရုံဆေးခန်းနှင့်ဆိုင်သောလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံးတည် ထောင်သူများ၊ ဆေးကုမ္ပဏီများ၊ ပြည်ပမှ ကုသရေးဆိုင်ရာပစ္စည်းများ၊ ဆေးဝါးများ တင်သွင်းခြင်း၊ တင်သွင်လာသည့်ပစ္စည်းများကို ရောင်းချခြင်း စသည့်လုပ်ငန်းများ တိုးတက်လာမည်။ ဆရာဝန်နှင့် ဆေးခန်းလုပ်ငန်း များလည်း အခြေအနေကောင်းနေမည်။ တိုင်းရင်ဆေးနှင့် ဆိုင်သောလုပ်ငန်းများလည်း ကောင်းပါသည်။

ကျန်းမာရေး။ ။ လက်ချောင်ကလေးများနာခြင်း၊ လေးဘက်နာကဲ့သို့ ဖြစ်ခြင်း၊ အဆစ်ကိုက်ခြင်း တို့ ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးကံကောင်းနေပါသည်။ အိမ်ထောင်ရေးသမားများလည်း ကံကောင်းနေပါသည်။

ပညာရေး။ ။ အင်ဂျင်နီယာ နှင့်ဆိုင်သော ဘာသာရပ်ကို လေ့လာသူဆိုပါက သေချာလေ့လာပါ။

အထွေထွေ။ ။ ဝန်ထမ်းများ အဝေးသို့ ခရီးထွက်ရမည်၊ ကံကောင်းချိန်ဖြစ်သည်။

အကျိုးပေးဂဏန်း – ၁။၆ ၊၉ ၊ ။

ယတြာ – ကြာသာပတေးနေ့တွင် ကလေးငယ်များကို မုန့်ချိုချိုလေးများ ဝယ်ကြွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် –

စီးပွားရေး။ ။ ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းတံတာလုပ်ငန်းများ၊ ပန်ရံ၊လက်သမားနှင့် ဆိုင်သော လုပ်ငန်းများ ကံကောင်းပါမည်။ အထူးသဖြင့် ဆောက်လုပ်ရေးပစ္စည်းများ ပြည်ပမှ တင်သွင်းသူများအထူးကံကောင်းပါလိမ့်မည်။ သတိထားရမည်မှာ ဆောက်လုပ်ရေး လုပ်ငန်းအနေနှင့် ငွေရေးကြေးရေးကို သတိထားလုပ်ကိုင်ရန်ဖြစ်ပါသည်။

ကျန်းမာရေး။ ၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း၊တို့ ဖြစ်တတ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ အစစအရာရာအဆင်ပြေမည်။ အိမ်ထောင်ရှင်များလည်း အဝေးရောက်အိမ်ထောင်ရှင်နှင့် ပြန်လည်ဆုံဆည်းရမည်။

ပညာရေး။ ။ ပညာရေးအနေနှင့်ဆောက်လုပ်ရေးနှင့်ဆိုင်သော ပညာကို အထူးလေ့လာပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အစိုးရဝန်ထမ်းများ အေးအေးနေသင့်သည်။ ရာထူးတူ၏ ယှင်ပြိုင်ခြင်း ခံရတတ်သည်။

အကျိုးပေးဂဏန်း – ၁ ၊ ၂ ၊ ၉။

ယတြာ – သောကြာနေ့တွင် နီးစပ်ရာ စေတီတစ်ဆူတွင် သပြေပန်းလှူပေးပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် –

စီးပွားရေး။ ။ တောင်ယာစိုက်ပျိုးခြင်း၊ ဥယဉ်ခြံစိုက်ပျိုးခြင်း တို့ကံကောင်းပါသည်။ စိုက်ပျိုးရေးမှ အကျိုးအမြတ်ရှိမည်။ သင်ဟာ စိုက်ပျိုးရေးကို လုပ်ကိုင်မယ်လို့ စိတ်ကူးရှိရင် အခုချိန် စတင်လိုက်ပါ၊ နောင်တစ်ချိန်အတွက် အကျိုးအမြတ်များမည့် လုပ်ငန်းများ ရရှိလိမ့်မည်။

ကျန်းမာရေး။ ။ အရိုးနှင့်ပါတ်သက်သော ရောဂါ၊ အရိုးထိခိုက်ခြင်းများ ဖြစ်မည်၊ မတော်တဆထိခိုက်မိပြီး ခါးရိုးနာနေတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မိမိနှင့်ပြောထားသော ကတိစကားများ ပျက်လိမ့်မည်၊ ဒေါသမထွက်ပါနှင့်၊ အိမ်ထောင်ရေးအနေနှင့်လည်း မကြာခဏ စကားများနေရမည်။

ပညာရေး။ ။ပညာရေးအနေနှင့် စိုက်ပျိုးရေးနှင့် ဆိုင်သော ပညာသင်ပါ။

အထွေထွေ။ ။ ဝန်ထမ်းများ ကံအထူးကောင်းပါသည်။ အထက်လူကြီးကို အကြောင်းပြုပြီး လိုအပ်ချက်များ ပြေလည်သွားလိမ့်မည်။

အကျိုးပေးဂဏန်း – ၃။၄။၀ ၊

ယတြာ – စနေနေ့တွင် စနေနံဘွဲ့ပါသော ဘုရားတွင် ထီး(အနီ)လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top