အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၂-၃-၂၀၂၀ မှ ၂၈-၃-၂၀၂၀ ရက်နေ့အထိ)

baydin01.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၂-၃-၂၀၂၀ မှ ၂၈-၃-၂၀၂၀ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့အတွက်

စီးပွားရေး။ ။  ပြည်ပကုန်သွယ်ခြင်းလုပ်ငန်း၊ပြည်ပနှင့်ဆက်သွယ်သောလုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန်လုပ်ငန်းများ ကံကောင်းပါသည်။ ရေနံနှင့် သဘာဝဓါတ်ငွေလုပ်ငန်းများကတော့ အေးနေတတ်ပါတယ်။ ငွေကြေးအခက်အခဲဖြစ်တတ်ပြီး အထူးသဖြင့် အိမ်၊ခြံ၊မြေသမားများ ငွေကုန်၊လူပန်းဖြစ်တတ်သည်။

ကျန်းမာရေး။ ။ ခေါင်းကိုက်ခြင်း၊ ကျောရိုးနှင့်ဆိုင်သောရောဂါ၊ ခါးနာခြင်း၊အရိုးနှင့် ဆိုင်သောရောဂါများရတတ်ပါသည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံအညံ့ဘက်ပါနေလိမ့်မည်။ စာကားပြောမှားရာမှချစ်သူ နှစ်ဦးကွဲကွာတတ်သည်။ အိမ်ထောင်သည်များလည်း စာကားအမှားအတွက် စိတ်သောကရောက်ရတတ်သည်။

ပညာရေး။ ။ ပညာရေးအနေနှင့် လျှို့ဝှက်အပ်သော ရှေးခေတ်ပညာတစ်ခုခုကို လေ့လာပါ၊ ကံကောင်းပါလိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ မိမိလုပ်ကိုင်တာဝန်ယူရသော ကိစ္စတွင် စာရွက်စာတမ်းပျောက်ဆုံးတတ်သည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၅။၉

ယတြာ။ ။ ငှက်(၆)ကောင်လွတ်ပေးပါ

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့

စီးပွားရေး။ ။ ပွဲရုံလုပ်ငန်းများ၊ကောက်ပဲသီးနှံလုပ်ငန်းများ၊စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းပါသည်။ ကျောက်ထုတ်လုပ်ရေး၊ စက်ရုံလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်း၊အဝတ်အထည်လုပ်ငန်းများ အညံ့တွင်ရှိနေသဖြင့် သတိထားလုပ်ကိုင်ရမည်၊ ငွေကြေးအခက်အခဲဖြစ်တတ်သည်။

ကျန်းမာရေး။ ။ အစာအိမ်ရောဂါကြောင့် ဆေးရုံး၊ဆေးခန်းပြရသည့်အခြေအနေအထိ ဖြစ်မည်၊ ဆေးစားလည်း မှန်တတ်သည့်အချိန်ဖြစ်မည်။သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မိမိချစ်သူနှင့် ချစ်သော်လည်း တစ်နယ်စီဝေးကွာနေရတတ်သည်။ ချစ်သူမရသေးသူများ ယခုတစ်ပါတ်အတွင်း နှစ်ကြိမ်၊နှစ်ခါ အဖြေတောင်းပါ။ အိမ်ထောင်သည်များ အေးစက်နေတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် အင်ဂျင်နီယာဆိုင်ရာစာမေးပွဲများအတွက် ပြင်ဆင်နေသူများ သေချာလုပ်ကိုင်ရန်ဖြစ်သည်။ စာမေးပွဲတွင် အခက်အခဲကြုံရတတ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အစိုးရဝန်ထမ်းများ အထက်အောက်ဆက်ဆံရေး သတိပြုပါ။

အကျိုးပေးဂဏန်း – ၄ ၇ ၊ ၉။

ယတြာ– လမ်းသွားလမ်းလာ အသက်ကြီးသူတစ်ဦးကို ငွေနှင့် ရေဗူး လှူပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး။ ။ တောင်သူလုပ်ငန်း၊ လယ်ယာနှင့်ဆိုင်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းမား ကောင်းပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့်ဆိုင်သော ပစ္စည်းများ ရောင်းချသည့်သူများ စီးပွားဖြစ်တတ်သည်။ သနပ်ခါးပင်စိုက်ပျိုးသူများ အမြတ်များမည်။ ချေူငွေယူမိပါက ပြန်ဆပ်ရန်ခက်ခဲမည်၊ ပြန်မဆပ်နိုင်ဖြစ်တတ်ပါသည်။

ကျန်းမာရေး။ ။ ခြေ၊လက်တို့တွင် ထိခိုက်မိတတ်သည်၊ မျက်လုံးတွင် အနာတရာဖြစ်တတ်သည်၊ ကျောက်ခဲ့စ၊သံစတို့ ထိမှန်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အထူး သတိထားရပါလိမ့်မည်။ ကြားလူသွေးထိုးသဖြင့် ဘာမဟုတ်သည့်ကိစ္စကြောင့် ချစ်သူနှစ်ဦး အထင်လွဲပြီး ဝေးကွာတတ်သည်။ အိမ်ထောင်ရေးကံကောင်းပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် စာရင်းအင်းပညာကို လေ့လာပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ ကံကောင်းနေပြီး အထက်လူကြီး ကြည်ဖြူနေမည်။

အကျိုးပေးဂဏန်း – ၃၊ ၄ ၊ ၇။

ယတြာ – အင်္ဂါနေ့တွင် ရဟန်းတစ်ပါကို တတ်နိုင်သလောက် ငွေလှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့်

စီးပွားရေး။ ။ ရေသန့်၊ရေခဲလုပ်ငန်း၊ ရေနှင့်ပါတ်သက်သည့် စားသောက်ကုန်လုပ်ငန်းများ၊ဆက်သွယ်ရေးနှင့်ဆိုင်သော ကွန်ပျူတာ၊တယ်လီဖုန်း စသည့်လျှပ်စစ်ပစ္စည်းများအား ပြည်ပမှ တင်သွင်းခြင်း၊ ရောင်ချခြင်းများ အထူးကံကောင်းပါသည်။ သတိပြုရမည့်အချက်မှာ ကျောက်မျက်ရတနာ တူဖော်ခြင်းလုပ်ငန်းများ ညံ့ပါသည်။

ကျန်းမာရေး။ ။ အသဲနှင့်ဆိုင်သော ရောဂါရှင်များ ယခုတစ်ပါတ်အတွင် သတိပြုပါ၊ ဆေးမှန်ရန်အထူးလိုအပ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း အလွန်စိတ်ကောက်တတ်သည့် ချစ်သူကိုတွေ့နေလိမ့်မည်။ အိမ်ထောင်ဘက်များအနေနှင့် စီးပွားရေးနောက်ကို လိုက်နေသဖြင့် အိမ်ထောင်ရေးအခြေအနေအေးစက်နေတတ်သည်။အိမ်ထောင်ရေးမသာမယာဖြစ်နေမည်။

ပညာရေး။ ။ပညာရေးအနေနှင့် လက်မှု့ပညာတစ်ခုခုကို သေချာလေ့လာထားရန်လိုပါသည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း နိုင်ငံဝန်ထမ်းများအနေနှင့် ရာထူးမတက်ဘဲ နေရာပြောင်းရတတ်သည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ခေါင်းကိုက်ရောဂါရတတ်သည်။ အချစ်ရေးတွင် ကံကောင်းနေတတ်သည်။ စီးပွားရေးတွင် စားသောက်ကုန်နှင့်ဆိုင်သောလုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၆ ၊ ၈။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ငှက်(သို့) ငါးများကို လွတ်ပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက်

စီးပွားရေး။ ။ စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းသောကာလဖြစ်သည်၊ အထူးသဖြင့် ကုန်ခြောက်သမားများ မြတ်စံန်းမည်။ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်းများ၊ ငွေလွဲလုပ်ငန်းများ၊ ငွေကြေးနှင့်ဆိုင်သော လုပ်ငန်းများ၊ စတော့၊ငွေတိုက်စာချုပ် စသည့်လုပ်ငန်းများအနည်းငယ်ညံ့သည်။ ယခုကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေသူဖြစ်ပါက ယာယီနားနေသည်ကကောင်းပါသည်။

ကျန်းမာရေး။ ။ နှလုံးရောဂါဖြစ်နေသူများ ဒီတစ်ပါတ်အတွင်း သတိထားပါ။ သွေးချို၊ဆီးချို၊သွေးတိုးရောဂါရှိသူများလည်း အထူးသတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ရလိမ့်မည်။ အိမ်ထောင်သည်များလည်း အဆင်ပြေနေမည်။အိမ်ခွဲနေရတတ်သည်။

ပညာရေး။ ။အလုပ်စာမေးပွဲ၊ရာထူးတိုးစာမေးပွဲအတွက် ပြင်ဆင်နေသူဖြစ်ပါက အာရုံစိုက်ပြီး သေချာလုပ်ပါ။

အထွေထွေ။ ။ ဝန်ထမ်းများ ယခုတစ်ပါတ်အတွင်း ရာထူးဆိုင်ရာ သင်တန်းတစ်ခု တက်ရပါလိမ့်မည်။ မိမိအထက်လူကြီးကို အကြောင်းပြုပြီး ငွေဝင်မည်။

အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ၉။

ယတြာ – ကြာသာပတေးနေ့တွင် ဘုရားတွင် သန့်ရှင်းရေးလုပ်ပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည်

စီးပွားရေး။ ။ ဆောက်လုပ်ရေးလုပ်ငန်း၊အိမ်တွင်းအလှဆင်နှင့် အိမ်တွင် လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်း၊ ရေပိုက်လုပ်ငန်းများ ကောင်းပါသည်။ ဆောက်လုပ်ရေးပစ္စည်း ရောင်ဝယ်ခြင်းလည်း အထူးကောင်းပါသည်။ ရေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲရှိမည်၊ ငွေကြေကိစ္စအတွက် သတိထားရမည့် အခြေအနေဖြစ်သည်။

ကျန်းမာရေး။ ။ ဦးခေါင်းနှင့်သက်ဆိုင်သော ရောဂါတစ်ခုရတတ်သည်၊ အထူးသတိထားရမည်၊ ဥဏှောက်တွင်းသွေးရိုခြင်းအထိ ဖြစ်နိုင်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံတရားက မိမိဘက်မပါဘဲ ဖြစ်နေမည်။ ချစ်သူအနေနှင့် မိမိအား အကဲခတ်နေကြောင်း သတိပြုပါ။ အိမ်ထောင်ရေးသမားများအနေနှင့် အဆင်ပြေမည့်ကာလဖြစ် သည်။အပျော်ခရီးထွက်ရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံခြားဘာသာတစ်ခုခုကိုလိုက်စားပါ

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများအနေနှင့် မိမိနှင့် ဌာနတူ သူငယ်ချင်းတစ်ဦးကြောင့် စိတ်သောကရောက်ရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၃ ၊ ၉။

ယတြာ – သောကြာနေ့တွင် သက်ကြီးလူအိုများကို ဆေးကုသိုလ်ပြုပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည်

စီးပွားရေး။ ။ စားသောက်ဆိုင်လုပ်ငန်း၊ အစားအသောက်လုပ်ငန်းနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းမည့်အချိန်ဖြစ်သည်။ အစုအစပ်လုပ်ငန်းများ အနည်းငယ် စိတ်သောကရောက်ရမည်။အထူးသဖြင့် ၊ငွေချေးလုပ်ငန်းများ၊ စုကြေးမဲလုပ်ကိုင်သူများအနေဖြင့်ငွေကြေခက်ခဲသွားတတ်ပါသည်။သတိထားရန်မှာ အစုအစပ်လုပ်ငန်းကို အကြောင်းပြုပြီး မိတ်ပျက်တတ်သည်။

ကျန်းမာရေး။ ။ ဦးခေါင်း၊မျက်စိနှင့် ဆိုင်သော ရောဂါဝေဒနာများရရှိတတ်သည်။အမျိုးသမီးများ သွေးနှင့်ဆိုင်သော ရောဂါလည်း ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူနှင့်ပါက်သက်သော မိဘတို့က သဘောတူမည်။အိမ်ထောင်ပြုရန် ရက်ရွေးရလိမ့်မည်၊ အိမ်ထောင်သည်များအနေနှင့် ဘာသာရေးဆိုင်ရာ ခရီးသွားရမည်။

ပညာရေး။ ။ပညာရေးအနေနှင့် စားရင်းကိုင်နှင့် ကွန်ပျူတာဘာသာကို သေချာလေ့လာပါ၊ ဘဝအတွက် အကျိုးဖြစ်လိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ ကံကောင်းပါသည်။လက်နက်ကိုင်ဝန်ထမ်းများ မိမိလက်နက်ကို သေချာသတိပြုပါ၊ ပျောက်တတ်သည်။

အကျိုးပေးဂဏန်း – ၃။၄။၀ ၊

ယတြာ – နွမ်းပါးသူကို အဝတ်အထည်လှူပါ။

KimKaThu

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top