ထိုင်းဘုရင့်ဖလား ကမ္ဘာ့အဆင့်ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာ ရွှေ(၂)ခု ရရှိ

img2-5.jpg

ထိုင်းနိုင်ငံမှာ သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ကျင်းပခဲ့တဲ့ (၃၄)ကြိမ်မြောက် ထိုင်းဘုရင့် ဖလား ကမ္ဘာ့အဆင့်ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ဟာ ရွှေ(၂)ခု၊ ငွေ(၁)ခုနဲ့ ကြေး(၁)ခု ရရှိခဲ့ပါတယ်။


အခုလို ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေရရှိခဲ့တဲ့ မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့ဟာ စက်တင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။


”အရင်က ထိုင်းတစ်ခုပဲ ယှဉ်ပြိုက်ရခက်ပါတယ်။ အခုတော့ မလေး၊ ကိုရီးယား၊ ဂျပန်၊ အင်ဒိုနီးရှား သူတို့ကိုပါ ထည့်တွက်ယှဉ်ပြိုင်ရပါတယ်။ အမျိုးသမီးဆို အင်ဒို၊ အမျိုးသားဆို ကိုရီးယားကို ကျော်ဖြတ်ရတာပါ။ တော်တော်လေးခက်ခဲခဲ့ပါတယ်”လို့ အုပ်ချုပ်သူအဖြစ် လိုက်ပါသွားတဲ့ ဦးခိုင်မင်းစိုးက ပြောပါတယ်။
မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ဟာ နှစ်ယောက်တွဲ Double Regu အမျိုးသား၊ အမျိုးသမီးမှာ ရွှေတံဆိပ်တစ်ခုစီ၊ အမျိုးသမီးအဖွဲ့လိုက် ကွင်းသွင်းကစားနည်းမှာ ငွေတံဆိပ်တစ်ခု၊ သုံးယောက်တွဲပြိုင်ပွဲမှာ ကြေးတံဆိပ်တစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။


အခုလို နိုင်ငံပေါင်း ၃၆ နိုင်ငံက အားကစားသမားတွေပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ရွှေတံဆိပ် ဆုတွေရရှိခဲ့တဲ့အတွက် မကြာခင်မှာ ကျင်းပတော့မယ့် ဆီးဂိမ်းပြိုင်ပွဲမှာလည်း ရွှေတံဆိပ်တွေ မှန်းလို့ရပြီလို့လည်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ဆိုပါတယ်။
ဆီးဂိမ်းပြိုင်ပွဲမှာ ပိုက်ကျော်ခြင်းအားကစားဆုတံဆိပ်တွေရရှိဖို့အတွက် နေပြည်တော်မှာရှိတဲ့ Gold Camp မှာ အားကစားသမား ၆၄ ဦးကို လွန်ခဲ့တဲ့ရှစ်လလောက်ကတည်းက စခန်းသွင်းလေ့ကျင့်နေတယ်လို့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ကနေ သိရပါတယ်။
ဓါတ်ပုံ – မြန်မာနိုင်ငံပိုက်ကျော်ခြင်းလုံးအဖွဲ့ချုပ်
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top