ငါးရက်တည်းနဲ့ စိတ်ကူးအိပ်မက်ထဲက အိမ်ခန်းလေးဖြစ်အောင် ကိုယ်တိုင်အလှဆင်ခဲ့တဲ့ Blogger

img14.jpg

မိမိရဲ့စိတ်ကူးအိပ်မက်ထဲကအတိုင်း အိမ်ခန်းလေးကို ဖန်တီးချင်ရင်တော့ အင်တာနက်ပေါ်က အကြံဉာဏ်တွေကလည်း အကူအညီဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ပေးတဲ့ဒီဇိုင်း၊ အကြံဉာဏ်တွေကို တကယ်ဖြစ်အောင် လက်တွေ့အသုံးချတတ်ဖို့ လိုပါတယ်။ အဲဒါတွေက တစ်ခါတရံ စိန်ခေါ်မှုလိုဖြစ်နေပြီး အရည်အချင်း၊ အစွမ်းအစနဲ့ ကြိုးစားလုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်သုံးနိုင်မယ့် ဘတ်ဂျက်ပေါ်မူတည်ပြီး ရက်အနည်းငယ်အတွင်းမှာ ကိုယ်စိတ်ကြိုက်အိမ်ခန်းလေး ကိုယ်တိုင်ဖန်တီးဖို့ ဖြစ်နိုင်ကြောင်းကို ဖက်ရှင်ဓာတ်ပုံဆရာအဖြစ် အရင်ကလုပ်ကိုင်ခဲ့ဖူးတဲ့၊ လက်ရှိ blogger, YouTuber အဖြစ်လုပ်ကိုင်နေတဲ့ လိန်နီ လင်ဝေါ်ကာ (Leanne Lim Walker) က သက်သေပြလိုက်ပါပြီ။

မကြာသေးခင်ကမှ လိန်နီ လင် ဝေါ်ကာက ဘာမှမရှိတဲ့အခန်းလွတ်တစ်ခုကို လှပတဲ့အခန်းလေးအဖြစ် ပြောင်းလဲပစ်လိုက်ပြီးတဲ့နောက်မှာ တွစ်တာအကောင့်မှာ လူစိတ်ဝင်စားမှုများလာခဲ့ပါတော့တယ်။ လိန်နီနဲ့ သူ့သတိုးသားလောင်း ပေါလ် (Paul) တို့က လွန်ခဲ့တဲ့တစ်နှစ်က သူတို့ရဲ့အိမ်လေးကို ဝယ်ယူခဲ့ပြီး နေအိမ်လို့ခံစားမိအောင် တစ်ခန်းပြီးတစ်ခန်း ပြန်လည်အလှဆင်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

“ကျွန်မ အသက် (၃၀) ပြည့်မွေးနေ့မှာ လာလည်တဲ့ဧည့်သည်တွေကို အံ့အားသင့်အောင်လုပ်ခဲ့ပါတယ်။ သူတို့ကို ဘာမှမရှိတဲ့အခန်းလွတ်တစ်ခုမှာ အိပ်ခိုင်းမယ့်အစား စိတ်ကူးအိပ်မက်တွေထဲကလို အခန်းလေးနဲ့ အိပ်စေခဲ့ပါတယ်။ ကျွန်မက ငါးရက်အတွင်းဖန်တီးခဲ့တဲ့ အခန်းလေးကို နေအိမ်မှာ လှပတဲ့အခန်းတစ်ခန်းဖြစ်လာတယ်လို့ပဲ မှတ်ယူထားပါတယ်” လို့ လိန်နီက ပြောပါတယ်။ လိန်နီက သူ့အင်စတာဂရမ်မှာ အရေးတကြီးပြောင်းလဲလိုက်ရတဲ့ဧည့်ခန်းလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကို မျှဝေခဲ့တာပါ။

“After က တကယ်ကို စိတ်ကျေနပ်စရာကောင်းလှပါတယ်။ ဒါပေမဲ့ ကျွန်မအတွက် တစ်ပတ်လုံး သွေး၊ ချွေး၊ မျက်ရည်တွေနဲ့ပါပဲ” လို့ လိန်နီက ဧည့်ခန်းကို ပြန်လည်အလှဆင်တဲ့ဖြစ်စဉ်ကို ထုတ်ပြရင်း ပြောပါတယ်။

အွန်လိုင်းကလူတွေက လိန်နီ ကိုယ်တိုင်ဖန်တီးထားတဲ့ အခန်းလေးကို ကြည့်ပြီး မချီးမွမ်းဘဲ မနေနိုင်ဖြစ်လို့နေပါတယ်။ တချို့ဆို သူတို့နေရာလေးကို ပြန်လည်ပြင်ဆင်ချင်စိတ်ပေါက်သွားခဲ့ကြသလို တချို့ကတော့ လိန်နီရဲ့ဧည့်ခန်းလေးကို လာရောက်တည်းခိုချင်စိတ်ဖြစ်မိကြပါတယ်။

ကဲ…အခန်းလွတ်တစ်ခုကနေ လှပတဲ့ဧည့်ခန်းလေးအဖြစ် ပြောင်းလဲသွားတဲ့ Before and After ပုံလေးတွေကို စာဖတ်ပရိသတ်တွေ ရှုစားကြည့်လိုက်ပါဦးနော်…။

Ref: Boredpanda “This Girl Does An Extreme Guest Room Makeover In 5 Days And The Internet Is In Love”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top