မန်ယူအသင်းမှာ ၁၃ နှစ်ကြာကစားခဲ့ပြီးနောက် အဲဗာတန်အသင်းကိုပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးဝိန်းရွန်းနီ

TELEMMGLPICT000134241958-large_trans_NvBQzQNjv4BqNadeZm0KzkFwpSYJhHDpPbQMI5hkDcUBB5qZKQzbZSY.jpeg

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စံချိန်တင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဝိန်းရွန်းနီဟာ မန်ယူအသင်းမှာ ၁၃ နှစ်ကြာကစားခဲ့ပြီးနောက်  အသင်းဟောင်းအဲဗာတန်ကို ဖော်ပြခြင်းမရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ဝိန်းရွန်းနီဟာ  မန်ချက်စတာယူနိုက်တတ်အသင်းအတွက် ၅၅၉ ပွဲကစားပေးခဲ့ပြီး ၂၅၃ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၀၄  ခုနှစ် အဲဗာတန်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဝိန်းရွန်းနီဟာ ပရီးမီယားလိဂ်ဖလား ၅ ကြိမ်၊  ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ နဲ့ FA ဖလား ၁ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

 

ရွန်းနီဟာ အဲဗာတန်အသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ရွန်းနီရဲ့ ပြောင်းရွှေ့မှုဟာ မန်ယူအသင်း အဲဗာတန်တိုက်စစ်မှူး ရိုမီလူ  လူကာကူကို ၇၅ သန်းနဲ့ ခေါ်ယူခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပါတယ်။ ရွန်းနီဟာ အဲဗာတန်အသင်းမှာလဲ လူကာကူဝတ်ဆင်သွားတဲ့  ကျောနံပါတ် ၁၀ ကိုပဲ ဝတ်ဆင်သွားမှာဖြစ်တယ် လို့ အဲဗာတန်အသင်းက ပြောဆိုခဲ့ပါတယ်။

 

“ ကျွန်တာ့် အသင်းဟောင်းကို ပြန်လာရတဲ့အတွက် ကျွန်တော်တော်တော်စိတ်လှုပ်ရှားနေမိပါတယ်။  အသင်းဖော်ဟောင်းတွေနဲ့တွေ့ရမဲ့အရေးရယ်၊ လေ့ကျင့်ရေးကွင်းနဲ့ ကစားကွင်းမှာ ပြန်လည်ကစားရမှာဖြစ်တဲ့အတွက်လည်း  ကျွန်တော်တော်တော်ပျော်နေပါတယ်။ ကျွန်တော် အဲဗာတန်အသင်းရဲ့ တစ်စိတ်တစ်ပိုင်း ပြန်ဖြစ်ချင်ပါသေးတယ်။ ကျွန်တော်  ခြေစွမ်းပြဖို့အတွက် ဖိအားတွေလည်း ရှိမှာ မှန်ပေမဲ့ ကျွန်တော် ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော် ဒီအသင်းကို  ရလာဒ်ကောင်းတွေရအောင်လို့ စွမ်းဆောင်ပေးနိုင်ဦးမယ်ဆိုတာကို ယုံကြည်ပါတယ်။ ” လို့ ရွန်းနီက ပြောဆိုခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ရာသီက မန်ယူနည်းပြမော်ရင်ဟိုရဲ့ လူစားချန်လှပ်ခြင်းခံခဲ့ရတဲ့ ရွန်းနီဟာ လိဂ်ပွဲမှာ ၂၅ ပွဲသာကစားခဲ့ရပြီး ဒီပွဲအရည်အတွက်  ဟာသူကစားခဲ့သမျှ ရာသီပွဲတွေထဲမှာ အနည်းဆုံး အရေအတွက်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရွန်းနီဟာ ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံအရပ်ရပ်အတွက် ၈  ဂိုးသာသွင်းယူပေးနိုင်ခဲ့ပြီး ဒီစံချိန်ဟာ သူ့ရဲ့ကစားသမားသက်တမ်းတစ်လျှောက် အနည်းဆုံးသွင်းဂိုးလည်း ဖြစ်ပါတယ်။ ရွန်းနီဟာ  အင်္ဂလန်အသင်း လူစာရင်းမှလည်း ချန်လှပ်ခြင်းခံခဲ့ရပေမဲ့ နိုင်ငံကစားသမား တာဝန်ကိုတော့ မစွန့်လွှတ်သေးပါဘူး။ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့  ၁၃ ရာသီမှာ ရွန်နီဟာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၅ ကြိမ်ရပ်တည်နိုင်ခဲ့ပြီး ပရိတ်သတ်များရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း  ၂ ကြိမ်ရပ်တည်နိုင်ခဲ့ပါတယ်။

https://www.youtube.com/watch?v=LdEsud2Vu4E 

မန်ယူ နည်းပြမော်ရင်ဟိုကတော့ “ ကျွန်တော် ရွန်းနီကို ကစားသမားကောင်းတစ်ယောက်အဖြစ် အမြဲလေးစားခဲ့တာပါ။  ကစားသမားတစ်ယောက် သူစွမ်းဆောင်နိုင်တာထက်လျော့ပြီး ပွဲထွက်ခွင့် ပေးနေရတာက တကယ်မလွယ်ကူပါဘူး။ ဒါကြောင့် သူအဲဗာတန်ကို  ပြောင်းဖို့ ကျွန်တော်ကို ပြောတော့ ကျွန်တော် ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ သူ့ရဲ့ အတွေ့အကြုံ၊ အာရုံစူးစိုက်နိုင်မှုနဲ့ စိတ်ဓာတ်ကိုတော့  ကျွန်တော်တို့ အမြဲတမ်းသတိရနေမှာပါ။ ရွန်းနီရဲ့ အနာဂတ်လှပပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

 

မန်ယူ တောင်ပံကစားသမား ဂျက်ဆီလင်ဂတ်ကတော့ “ ကျွန်တော်ရဲ့ကစားသမား သက်တမ်းတစ်လျှောက်ကစားခဲ့သမျှမှာ အကောင်းဆုံး  အသင်းခေါင်းဆောင်တစ်ဦးပါပဲ။ သူ့နဲ့ ကစားခွင့်ရခဲ့တဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။

Ref : BBC Sports : Wayne Rooney: Everton re-sign striker after 13 years at Manchester United

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top