ကျန်းမာရေးတိုးတက်အောင် စားပေးဖို့လိုအပ်တဲ့ ပန်းဂေါ်ဖီစိမ်း

broccoli-fresh-broccoli-on-plate-TRBFWVK.jpg

အစိမ်းရောင်ဖျော်ရည် တစ်မျိုးမျိုး လုပ်တော့မယ်ဆိုရင် သင်က ဟင်းနုနွယ်ရွက်နဲ့ တခြား ဟင်းသီးဟင်းရွက်တွေကို သုံးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအစား အနည်းငယ် ထူးခြားတဲ့ တစ်ခုကို သုံးနိုင်ပါတယ်။ အဲဒါကတော့ လူတွေ တကယ်စားဖို့ လိုအပ်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းပါပဲ။

အစိမ်းရောင်ဂေါ်ဖီကို စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေက အများကြီးရှိပါတယ်။ ပန်းဂေါ်ဖီစိမ်းက အမျှင်တွေဟာ အူမကြီးဆီကို ရောက်တဲ့အခါ လူကိုဝစေတဲ့ အက်စစ်ကို ချေဖျက်ပေးပါတယ်။ တကယ်တော့ အူရဲ့ကျန်းမာရေးဟာ လုံးဝအရေးကြီးပြီး ကျွန်မတို့ရဲ့ ကိုယ်အလေးချိန်နဲ့ အဆစ်နာကျင်မှုတွေကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဟားဗက် ဆေးတက္ကသိုလ်ရဲ့ အဆိုအရ လူတစ်ယောက်ရဲ့အစာအိမ် ဒါမှမဟုတ် အူမှာ နာကျင် ဒုက္ခရောက်တယ်ဆိုတာဟာ စိုးရိမ်စိတ်၊ စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ဓာတ်ကျတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောက်နဲ့ အစာအိမ်အူလမ်းကြောင်းတွေဟာ ဆက်နွယ်နေလို့ပဲ ဖြစ်ပါတယ်။

အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ရင် ဦးနှောက်နဲ့ အစာအိမ်အူလမ်းကြောင်းတွေကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒါပေမဲ့ သင်ဟာ ပန်းဂေါ်ဖီစိမ်းလိုမျိုး အူကျန်းမာရေးကို တိုးတက်စေတဲ့ အစားအစာတွေကို စားတဲ့အခါ စိတ်ကျန်းမာရေး ပြဿနာတွေကိုပါ လျှော့ချနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကနေ နှလုံးကျန်းမာရေး၊ မျက်လုံးကျန်းမာရေး၊ ကင်ဆာကာကွယ်မှုနဲ့ ကိုလက်စထရော လျှော့ချမှုအပါအဝင် တခြားအကျိုးကျေးဇူး အများကြီးကိုလည်း ရရှိနိုင်ပါတယ်။

ဒါပေမဲ့ ပန်းဂေါ်ဖီစိမ်းကို ချက်ပြုတ်ပြီး စားမယ်ဆိုရင် အာဟာရ အပြည့်အဝရရှိဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကြော်တာကို ရှောင်ကြဉ်သင့်ပါတယ်။ အစိမ်းစားမဲ့အစား ပြုတ်ပြီး ပေါင်းပြီးတော့သာ စားသုံးသင့်ပါတယ်။

Ref: www. Independent “Brococoli is the only vegetable you need to eat to boost your health, doctor says”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top