တရုတ်နိုင်ငံတစ်ဝှမ်းရှိ Starbucks ကော်ဖီဆိုင်များ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေစဉ် ပိတ်ထားမည်

yyl-020-19.jpg

နိုင်ငံတကာအဆင့်မှီ ကော်ဖီဆိုင် brand တစ်ခုဖြစ်သည့် Starbucks သည် တရုတ်နိုင်ငံ တစ်ဝှမ်းရှိ ယင်း၏ ဆိုင်ခွဲများကို ရောဂါပိုး ပျံ့ပွားမှုဖြစ်စဉ်ကြောင့် ယာယီ ပိတ်ထားမည်ဟု တရားဝင်ကြေငြာခဲ့သည်။

“ယခုဖြစ်ပေါ်နေတဲ့ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ကျန်းမာရေး ကပ်ဆိုးအခြေအနေကြာင့် ကျွန်တော်တို့ စီးပွားရေးအပေါ် ရိုက်ခတ်လာခြင်းတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ လုပ်ငန်းရှင် ရှယ်ယာရှင်များအားလုံးနှင့် ပွင့်လင်းစွာ ပြောဆိုပြီး လက်ရှိဖြစ်ပေါ်လာတဲ့ အခြေအနေကို ဘယ်လိုကိုင်တွယ် သွားမယ်ဆိုတာကို အတိအကျကို ချပြသွားမှာ ဖြစ်တယ်။” ဟု CEO Kevin Johnson က ပြောကြားခဲ့သည်။

Starbucks ၏ ၂၀၂၀ ခုနှစ် ငွေကြေး ခန့်မှန်းခြေအရ တရုတ်နိုင်ငံတွင် ရောင်းအားမြင့်လာရန် အလားအလားရှိနေခဲ့သော်လည်း ရောဂါပိုး ပျံ့ပွားမှုဖြစ်စဉ်ကြောင့် ငွေကြေး ခန့်မှန်းခြေ၏ အဖြေသည် လျော့ကျ သွားပြီဖြစ်သည်။

ထို့အပြင် အခြားသော ကမ္ဘာကျော် အစားအသောက် supply chian များဖြစ်သည့် McDonald’s၊ Yum China Holdings၊ Pizza Hut နှင့် KFC ဆိုင်ခွဲများလည်း ရောဂါပျံ့ပွားရာ မြို့များ နှင့် အနီးတဝိုက်တွင် ပိတ်လိုက်ပြီဟု တရားဝင်ကြေငြာခဲ့သည်။ Starbucks သည် တရုတ်နိုင်ငံ တစ်ဝှမ်းတွင် ဆိုင်ခွဲပေါင်း လေးထောင်ကျော်ရှိပြီး တရုတ် နှင့် US သည် အဓိက အများဆုံး စားသုံးသူများ ရှိသော market ဖြစ်သည်။ ၂၀၂၀ ခုနှစ်အတွက် လုံးဝကြိုတင် မတွက်ထားခဲ့သည့် ဆုံးရှုံးမှုဖြစ်လာသည့်အတွက် ကုမ္ပဏီအနေဖြင့် လျှင်မြန်စွာ ထိရောက်စွာ လုပ်ငန်း strategy များ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ပွင့်လင်းစွာ ဆွေးနွေးသွားမည်ဟု ဆိုသည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top