နာဆာရဲ့ စူးစမ်းလေ့လာရေးယာဉ် ကက်စီနီ (Cassini) စနေဂြိုဟ် လေထုအတွင်း ဝင်ရောက်

Saturn-by-Cassini.jpg

နာဆာရဲ့ စူးစမ်းလေ့လာရေးယာဉ် ကက်စီနီဟာ သူ့ရဲ့ စနေဂြိုဟ်ဆီသို့ ၁၃ နှစ်ကြာ လေ့လာစူးစမ်းမှု ခရီးစဉ်ကို အဆုံးသတ်နိုင်တော့မှာ ဖြစ်ပြီး ယခုအခါမှာတော့ ကက်စီနီဟာ စနေဂြိုဟ်ရဲ့ လေထုအတွင်း ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီယာဉ်ဟာ တနင်္ဂနွေညနေပိုင်းတုန်းက ပထမပတ်လမ်းကြောင်းထဲ ဆင်းသက်သွားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့တာဝန်တွေကတော့ သိပ္ပံပညာအတွက် အထောက်အကူပြုမယ့် အချက်အလက်တွေကို စုဆောင်းပေးဖို့ဖြစ်ပြီးတော့ ဂြိုဟ်တစ်ခုလုံးကို ဘယ်လိုဖွဲ့စည်းထားသလဲဆိုတာနဲ့ စနေဂြိုဟ်ရဲ့ ခါးပတ်မှာရှိနေတဲ့ ရေခဲနေတဲ့ အရာဝတ္တုတွေအကြောင်း၊ ပါဝင်ပစ္စည်းတွေအကြောင်း လေ့လာဖို့ဖြစ်ပါတယ်။ ဒါသာအောင်မြင်ရင် ကက်စီနီဟာ တခြားယာဉ်တွေ မရောက်ဖူးတဲ့ နေရာအထိ အရောက်သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့လုပ်ငန်းဆောင်တာတွေ ပြီးတာနဲ့ ကက်စီနီဟာ စနေဂြိုဟ်ရဲ့ ပထမဆုံး လေထုလေ့လာရေးယာဉ် ဖြစ်လာမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ လင်ဒါစပယ်လ်ကာ (Linda Spilker) က ဆိုပါတယ်။ အာကာသယာဉ်ကို ဒုံးပျံတည်ဆောက်ရာမှာ အသုံးပြုတဲ့အရာတွေပါ တပ်ဆင်ပေးထားပြီး လေထုထဲမှာ တည်ငြိမ်စွာ သွားလာနိုင်ဖို့လို့ ဆိုပါတယ်။

ကက်စီနီကို ၁၉၉၇ခုနှစ်မှာ စတင်စေလွှတ်ခဲ့ပြီး ၂၀၀၄မှာ စနေဂြိုဟ်ပေါ်ကို ရောက်ခဲ့ပါတယ်။ သူက သိပ္ပံပညာရှင်တွေအတွက် စနေဂြိုဟ်အကြောင်း အချက်အလက်တွေ အများကြီး ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ စနေဂြိုဟ်ရဲ့လေထုထဲ ဝင်ရောက်ပြီး စနေဂြိုဟ်ခါးပတ်ထဲက အရာဝတ္တုတွေအကြောင်း လေ့လာမှာဖြစ်ပါတယ်။ သူ့ရဲ့အလုပ်တွေပြီးဆုံးရင်တော့ အလိုလျောက် လောင်ကြွမ်းပစ်ဖို့ ပရိုဂရမ်ထဲ ထည့်သွင်းထားပြီး ကြယ်တစ်ခုလို ပေါက်ကွဲမှာ ဖြစ်ပါတယ်။

Ref: CNN: NASA’s Cassini probe dives into Saturn’s atmosphere

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top