ပေါင်၂သိန်းတန် Ferrari ပြိုင်ကားကို Louis Vuitton အိတ်စနဲ့ပတ်ခဲ့တဲ့ ဒူဘိုင်း ဘီလျံနာ သူဌေးသား

money-kicks4.jpg

YouTube နဲ့ Instagram မှာ သူဌေးသားပေါက်စလေးလို့ လူသိများတဲ့ ဆိုင်ဘဲဟာဆာ (Saif Belhasa) ဟာ ပိုက်ဆံပေါများပြီး သုံးဖြုန်းနိုင်တဲ့ သူရဲ့ဘဝအနေအထားကို အွန်လိုင်းပေါ် တင်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။

သို့ပေမဲ့ ဘဲဟာဆာဟာ အသက် ၁၅ နှစ်သာရှိသူတစ်ယောက်ဖြစ်ပြီး ယခုနောက်ဆုံး ကြွားလုံးတစ်ခုအနေနဲ့ ပေါင် ၂ သိန်းတန် Ferrari ပြိုင်ကားကို Louis Vuitton အိတ်စနဲ့ပတ်ပြီး အလှဆင်ခဲ့ပါတယ်။

ဆိုင်ဘဲဟာဆာဟာ ဒူဘိုင်းဆောက်လုပ်ရေး ဘီလီယံနာ တစ်ဦးဖြစ်သူ ဆိုင် အမ်ဘဲဟာဆာ (Saif Ahmed Belhasa) ရဲ့သားဖြစ်ပြီး ဆိုင် အမ်ဘဲဟာ ဆာရဲ့ပိုင်ဆိုင်မှုဟာ ခန့်မှန်းခြေ ဒေါ်လာ ၂.၁ ဘီလီယံခန့် ကြွယ်ဝသူတစ်ယောက် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ ငွေကြေးတွေကို စိတ်တိုင်းကျသုံးစွဲ နိုင်သူတစ်ယောက်ဖြစ်တဲ့ ဆိုင်ဘဲဟာဆာဟာ ငွေကုန်ကြေးကျခံပြီး Ferrari ပြိုင်ကားကိုအလှဆင်ခဲ့ပေမဲ့ ပြဿနာတစ်ခုက သူဟာကားမောင်းဖို့အတွက် ၃ နှစ်လောက်အသက်ငယ်နေတာပဲဖြစ်ပါတယ်။

ဆိုင်ဘဲဟာဆာ Ferrari ပြိုင်ကားကို Louis Vuitton အိတ်စနဲ့ ၂ ရက်ကြာ အလှဆင်ခဲ့ပြီး ပြိုင်ကားအလှဆင်နေပုံများကို YouTube ပေါ် တင်ခဲ့ပါတယ်။ Ferrari ပြိုင်ကားဟာ ၆.၃ လီတာ V12 အင်ဂျင်ရှိပြီး တစ်နာရီကို မိုင် ၂၀၀ နှုန်းနဲ့ သွားနိုင်တဲ့ ပြိုင်ကားအမျိုးအစားလည်း ဖြစ်ပါတယ်။ Louis Vuitton အိတ်စ များနဲ့မပတ်ခင်ကတော့ Ferrari ရဲ့အရောင်ဟာ အဝါရောင်ဖြစ်ပြီး ဗီဒီယိုထဲမှာ သူစုထားတဲ့အခြားသောပြိုင်ကားများကိုလည်း ပြသခဲ့ပါသေးတယ်။

ဆိုင်ဘဲဟာဆာ ဒေါ်လာ တစ်သန်းခန့်တန်ကြေးရှိတဲ့ ဖိနပ်များကို စုဆောင်းထားသူ တစ်ယောက်ဖြစ်ပြီး အရင်ကလည်း Cadillac Escalade ကားကို ဖိနပ်အရောင်နဲ့ တစ်ပုံစံတည်းဖြစ်အောင် Louis Vuitton အိတ်စများနဲ့ ပတ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဆိုင်ဘဲဟာဆာဟာ Instagram မှာ Follower ၆ သိန်းကျော်ရှိပြီး Youtube မှာတော့ subscriber ၇ သိန်းကျော်ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဆိုင်ဘဲဟာဆာဟာ နာမည်ကျော်ကြားတဲ့သူများနဲ့ တွဲသွားလေ့ရှိသူတစ်ယောက်ဖြစ်ပြီး မက်ဆီ၊ DJ Khaled တို့နဲ့လည်း အတူတူဆုံလေ့ရှိသူဖြစ်ပါတယ်။

Ref : Independent News : Billionaire’s teen son gets his Ferrari wrapped in Louis Vuitton print despite being too young to drive it

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top