ကိုးရီးယား ဒရာမာစီးရီး အသစ် Hospital Ship မှာ ပါဝင်သရုပ်ဆောင်မယ့် ဟာဂျီဝန်

ha.jpg

ပရိတ်သတ် အချစ်တော် ကိုးရီးယား မင်းသမီးချော ဟာဂျီဝန်ဟာ ဒရာမာစီးရီး အသစ် တစ်ခုမှာ ပါဝင်သရုပ်ဆောင် ဖို့ ပြင်ဆင်နေတဲ့ အကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

Hospital Ship ဆိုတဲ့ ဒရာမာ စီးရီးမှာ ဆရာဝန် တစ်ဦး အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာပါ။ Hospital Ship ဒရာမာ စီးရီးကိုတော့ ဩဂုတ်လကုန်ပိုင်းမှာ စတင် ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

ဟာဂျီဝန်အနေနဲ့ ဆရာဝန်ဇာတ်ရုပ်အဖြစ် ပထမဆုံးသရုပ်ဆောင်ရမယ့် ဒရာမာစီးရီး အတွက် အရမ်း စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ ဆရာဝန်ဇာတ်ရုပ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်တဲ့ အနေနဲ့ သူမဟာ ခွဲစိတ်မှုတွေကို ပြသတဲ့ ဗီဒီယိုတွေကို YouTube ကနေ ရှာဖွေ ကြည့်ဖြစ်နေတဲ့ အပြင် ဆေးပညာစာအုပ် တချို့ကိုလည်း ဖတ်ရှုလေ့လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဟာဂျီဝန်တစ်ယောက် ဒီဒရာမာ စီးရီး အသစ်မှာ ဘယ်လို အကောင်းဆုံး ပါဝင်သရုပ်ဆောင်သွားမလဲ ဆိုတာကိုတော့ ဆက်လက်စောင့် မျှော်အားပေးလိုက်ကြရအောင်။

Ref: Dramafever: How does Ha Ji Won prepare for her role in Hospital Ship?
Zym(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top