ကြွက်ထိန်းချုပ်ရန်အတွက် ဒေါ်လာ ၃၂ သန်း အသုံးပြုမည့် နယူးယောက်မြို့

13rats-master768.jpg

နယူးယောက်မြို့ အုပ်ချုပ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့၊ ၁၂ ရက်နေ့က ကြွက်ကောင်ရေများလာမှုအတွက် တားဆီးရေးအစီအစဉ်များကို ဒေါ်လာ ၃၂ သန်းခန့်  အသုံးပြုပြီး ဖော်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။ နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီရို (Bill de Blasio) ကတော့ ဒီအစီအစဉ်ကို  မင်ဟက်တန်အရှေ့ပိုင်း (East Side in Manhattan)၊ ဘရွတ်ကလင်း (Brooklyn) နဲ့ ချိုင်းနားတောင်း (Chinatown)ဒေသတွေမှာ အဓိကထားပြီးပြုလုပ်သွားမှာ ဖြစ်တယ် လို့ဆိုပါတယ်။

စက်တင်ဘာကစပြီး နယူးယောက်မြို့မှာ နေရောင်ခြည်စွမ်းအားသုံး အမှိုက်သိမ်းစက်များ စတင်အသုံးပြုမှာဖြစ်ပြီး ဒီ အမှိုက်သိမ်းစက်များဟာ ကြွက်များ မကျက်စားနိုင်အောင်ပြုလုပ်ထားတဲ့ စက်တွေဖြစ်ပြီး ဝိုင်ယာကြိုးပေါက် အမှိုက်ပုံးများအစား စတီးလ်အမှိုက်ပုံးများကို အစားထိုး လှဲလှယ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရ အိမ်ယာစီမံကိန်းများ အားလုံးမှာလည်း အင်္ဂတေမြေ အောက်ခန်းများ ဆောက်လုပ်သွားမှာ ဖြစ်ပြီး အမှိုက်ပစ်ချိန်များကို ကန့်သတ်ဖို့ နဲ့ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းများကို တားဆီးဖို့ ဥပဒေတစ်ခု တင်သွင်းထားပါသေးတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း နယူးယောက်မြို့ ဘရွန့်မြို့နယ် (Bronx) မှာ ကြွက်မှကူးစက်တဲ့ ရောဂါတစ်မျိုးကြောင့် လူတစ်ယောက် သေဆုံးခဲ့ပြီး လူနှစ်ယောက်ဟာ ဖျားနာခဲ့ပါသေးတယ်။ ခန့်မှန်းချက်များအရ နယူးယောက်မြို့မှာ ကြွက်ကောင်ရေ ၂ သန်းခန့်ရှိနေပြီး ကျွမ်းကျင်ပညာရှင်များကတော့ ကြွက်ကောင်ရေ အတိအကျကို ခန့်မှန်းဖို့ မလွယ်ကူဘူး လို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်များမှာ ပြုလုပ်လာတဲ့အစီအစဉ်များကြောင့် ကြွက်များကို သိပ်မတွေ့ရတော့ဘူး လို့သိရပါတယ်။

Ref : ABC News : NYC launches $32 million plan to reduce rat population

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply