လူပေါင်း ၉၀၀ ကြွေးမြီကင်းစင်အောင် ပေါင် ၁ သိန်း ကူညီပေးခဲ့တဲ့ မင်းသား မိုက်ကယ်ရှင်း

chjs.png

သရုပ်ဆောင်မင်းသား မိုက်ကယ်ရှင်းဟာ သူ့ရဲ့ မွေးရပ်မြေ ဝေးလ်နိုင်ငံမှာ ငွေကြေးအခက်အခဲဖြစ်နေတဲ့ လူပေါင်း ၉၀၀ ကြွေးမြီကင်းစင်စေရေးအတွက် ပေါင် ၁ သိန်း ကူညီပေးခဲ့ပါတယ်။

အစပိုင်းမှာတော့ ပေါင် ၁ သိန်းလောက် လှူဒါန်းဖို့တောင် တွန့်ဆုတ်‌ခဲ့ပေမဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ အမျိုးသမီးတစ်ဦးက သံမဏိစက်ရုံ အလုပ်သမားတွေရဲ့ဘဝအကြောင်း ငိုယိုပြောပြချိန်မှာ တစ်ခုခု ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ မိုက်ကင်ရှင်းက ဆိုပါတယ်။

ဝေးလ်နိုင်ငံမှာ သံမဏိစက်ရုံပိတ်လိုက်ရလို့ လူပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီးနောက် လပိုင်းအကြာမှာပဲ မိုက်ကယ်ရှင်းက ကြွေးမြီကင်းစင်ရေးကုမ္ပဏီကို ထူထောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်ငွေ ပေါင် ၁ သိန်းအသုံးပြုကာ လူပေါင်း ၉၀၀ မှာ တင်ရှိနေတဲ့ ကြွေးမြီ ပေါင် ၁ သန်း ကင်းစင်အောင် ကူညီပေးခဲ့တာပါ။

” ‌ကြွေးနွံနစ်တာဟာ ရေနစ်သလိုပါပဲ။ ရေအောက် ရောက်သွားတာနဲ့ ရေပေါ် ပြန်မတက်နိုင်တော့ဘူး။ အဲဒီလို လူတွေအတွက် ကျွန်တော် တစ်ခုခု လုပ်ပေးချင်လို့ပါ”လို့ မိုက်ကင်ရှင်းက ဆိုပါတယ်။ မိုက်ကယ်ရှင်းဟာ Good Omens ၊ Twilight  အစရှိတဲ့ ဇာတ်ကားတွေအပါအဝင် ဇာတ်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Ref: Michael Sheen Wipes Out Over $1M In Debt For 900 People Using His Own Money


NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top