ဆုကြေးငွေ ပေါင် ၂ သန်းကျော်ကို လှူဒါန်းလိုက်တဲ့ သိပ္ပံပညာရှင်

41428495_1982056121850518_411482992515481600_n.jpg

ဗြိတိန်နိုင်ငံက ထိပ်တန်း အမျိုးသမီး သိပ္ပံပညာရှင်တစ်ဦးဟာ သူဆုရရှိခဲ့တဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ဆုကြေး ပေါင် ၂ ဒသမ ၃ သန်းကို လူမှုအကျိုးပြု လုပ်ငန်းတွေဆီ လှူဒါန်းလိုက်ကြောင်း သိရပါတယ်။ အဆိုပါ ငွေကြေးတွေကို ရူပဗေဒပညာရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ ချို့တဲ့ကျောင်းသားတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေ အတွက်အသုံးပြုဖို့ သူက ရည်ရွယ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ပါမောက္ခ ဒါမီ ဂျိူစီလန် ဘဲဘာနဲလ်ဟာ ရေဒီယိုလှိုင်း အချက်ပြနဲ့သာ မြင်နိုင်တဲ့ ကြယ်မှုန်ကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် Breakthrough Prize ဆု ချီးမြင့်ခံခဲ့ရသူ ဖြစ်ပါတယ်။ အခုလိုမျိုး ရှာဖွေတွေ့ရှိမှုက ၁၉၇၄ ခုနှစ်မှာ ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ရစေခဲ့ပေမဲ့ သူနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ အမျိုးသားတွေကသာ နိုဘယ်ဆုကို လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဆုဟာ ဘာနဲလ်ရဲ့ သိပ္ပံပညာရပ်တွေကို ဦးဆောင် လမ်းပြနိုင်မှုအတွက် အသိမှတ်ပြုတဲ့ ဆုလည်းဖြစ်ပါတယ်။ ပါမောက္ခ ဘာနဲလ်က “ ကျွန်မ အတွက် ငွေကြေး လိုအပ်မှုမရှိပါဘူး။ အခုလိုမျိုး လှူဒါန်းလိုက်တာဟာ ကောင်းတဲ့နေရာမှာ အသုံးပြုလိုက်တာပဲ လို့မြင်ပါတယ်“ လို့ ပြောခဲ့ပါတယ်။

ပါမောက္ခ ဘာနဲလ်ဟာ အမျိုးသမီး သိပ္ပံပညာရှင်တွေအတွက် စိတ်အားတက်ကြွစေမှုနဲ့ လှုံဆော်မှုရရှိစေခဲ့သူဖြစ်ပြီး ရေဒီယိုလှိုင်း အချက်ပြနဲ့သာ မြင်နိုင်တဲ့ကြယ်မှုန်ကို ရှာဖွေတွေ့ရှိခဲ့ချိန်တုန်းက သူဟာ သုတေသနကျောင်းသူတစ်ဦးအဖြစ်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။

Ref: BBC “Physics star gives away £2.3m prize”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top