Workout မလုပ်ခင် မစားသင့်တဲ့ အစားအစာ (၄) မျိုး

yyl-015-7.jpg

Workout လုပ်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းသင့်တယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ Workout မလုပ်ခင် သရေစာအစားစာကို ရွေးချယ်စားသောက်တာက ချွေးထွက်တဲ့လေ့ကျင့်ခန်းတွေလုပ်နေစဉ်အတွင်း အရေးပါတဲ့အခန်းကဏ္ဍပါပဲ။ Workout မလုပ်ခင် ဘာမှမစားထားရင် သင့်လုပ်ဆောင်နိုင်စွမ်းမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် ရွေးချယ်စားသောက်မှုမှားရင်လည်း Workout လုပ်နေစဉ်အတွင်း သင့်ကိုမသက်မသာဖြစ်စေနိုင်ပါတယ်။ Workout လုပ်နေစဉ်အလယ်လောက်ရောက်မှ ဗိုက်ပြည့်အင်တာ၊ မအီမသာဖြစ်တာ၊ ရေအိမ်သွားဖို့လိုတာတွေဖြစ်လာပြီဆိုရင် လေ့ကျင့်ခန်းမလုပ်ခင် သင်စားခဲ့တဲ့အစားအစာတွေကြောင့်ဖြစ်နိုင်ပါတယ်။ Workout မလုပ်ခင် မစားသင့်တဲ့ အစားအစာ (၄) မျိုးကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ကာဗွန်ဟိုက်ဒရိုတ်ပါတဲ့အချိုရည်တွေ

Workout မလုပ်ခင် ကာဗွန်ဟိုက်ဒရိုတ်ပါတဲ့အချိုရည်တွေကို သောက်တာက ကောင်းတဲ့ရွေးချယ်မှုတော့မဟုတ်ပါဘူး။ အဲဒီအချိုရည်တွေက လေ့ကျင့်ခန်းလုပ်ဆောင်နေစဉ်အတွင်း အစာအိမ်အောင့်တာ၊ မအီမသာဖြစ်တာတွေဖြစ်လာစေနိုင်ပါတယ်။ သကြားဓာတ်တွေပြည့်ဝနေတဲ့ အဲဒီအချိုရည်တွေက သကြားစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အချိုရည်တွေကို သောက်မဲ့အစား ရေကိုသောက်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် (၂) နာရီ (သို့) (၃) နာရီမှာ ရေ (၂) ခွက်ကနေ (၃) ခွက်အထိသောက်ပေးသင့်ပါတယ်။

နွားနို့

အိပ်ရာမဝင်ခင် နွားနို့သောက်ပေးတာကောင်းပေမဲ့ လေ့ကျင့်ခန်းမလုပ်ခင် နွားနို့သောက်တာကိုတော့ ရှောင်ရှားသင့်ပါတယ်။ သင့်ကို ရင်ပြည့်သလို ခံစားရစေပြီး အန်ချင်သလိုခံစားရစေနိုင်တဲ့အတွက် လေ့ကျင့်ခန်းမလုပ်နိုင်အောင် ဖြစ်သွားစေနိုင်ပါတယ်။ ချိစ်၊ ဒိန်ချဉ်၊ နွားနို့တွေကို လေ့ကျင့်ခန်းလုပ်ပြီးရင်တော့ သောက်သုံးပေးလို့ရပါတယ်။

ပဲ

ပဲတွေက ပရိုတင်းဓာတ်ပြည့်ဝပေမဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေဖျက်ဖို့ အချိန်ယူရပါတယ်။ ဒါက လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း အစာမကြေတာ၊ ဗိုက်ပွတာတွဖြစ်လာစေနိုင်ပါတယ်။

စပ်တဲ့အစားအစာ

သင်က gym မသွားခင် ငရုတ်သီးပါတဲ့ ခေါက်ဆွဲကို စားဖို့ ဆန္ဒရှိနေရင် ဒါကို ရှောင်ပြီးစားဖို့အတွက် ပြောချင်ပါတယ်။ စပ်တဲ့အစားအစာတွေက သင့်ကို ရင်ပူရင်ဆာ၊ နေမထိထိုင်မသာတွေဖြစ်စေတဲ့အပြင် ဗိုက်အောင့်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။

Ref: 4 food items you should AVOID before your workout
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top