သူရိယ နက္ခတ္တဝေဒ ဟောစာတမ်း။ ၂၅-၃-၂၀၁၈ မှ ၃၁-၃-၂၀၁၈ ရက်နေ့အထိ။

yyl-030.jpg

သူရိယ နက္ခတ္တဝေဒ ဟောစာတမ်း။ ၂၅-၃-၂၀၁၈ မှ ၃၁-၃-၂၀၁၈ ရက်နေ့အထိ
ဆရာကင်္ကသူ နက္ခတ္တဝေဒနှင့် သိပ္ပံလက္ခဏာ သုတေသီ

တနင်္ဂနွေ
လုပ်ငန်းများဇဝေဇဝါဖြစ်နေမည့်ကာလတစ်ခုဖြစ်မည်။ လုပ်ထားသောလုပ်ငန်းတစ်ခုအတွက်မပြေမလည်ဖြစ်နေမည်။ ထိုအခက်အခဲအားကျော်လွှားနိုင်ပါမည်။ လုပ်ငန်းသစ်များအတွက် အောင်မြင်မှုများ စွမ်းဆောင်နိုင်မှုများ ၊ ဝမ်းသာစရာများ ကြုံရမည့်ကာလဖြစ်သည်။ မိသားစုအတွက် လုပ်ငန်းများလုပ်ဆောင်ရလိမ့်မည်။ ယာဉ်၊ စက်တို့နှင့်ပတ်သတ်၍ အရှုပ်အရှင်းရှိမည်။ မိဘအကြီးအကဲတစ်ဦး ချုချာကိန်းရှိသည်။ အလုပ်အကိုင်ကောင်းသည်။ အချစ်ရေးကံကောင်းသည်။ချစ်သူထံမှ လက်ဆောင်ရတတ်သည်။ အိမ်ထောင်ရေးလည်းကောင်းပါသည်။ စီးပွားရေး ဝင်ငွေကောင်းမည်။ ဝန်ထမ်းများ အလုပ်စာမေးပွဲဖြေဆိုမှုများ ၊ အင်တာဗျုးများ အောင်မြင်မည်။ ရာထူးတက်ခြင်းများ ရှိမည်။ အကျိုးပေးဂဏန်း ၅၊ ၆၊ ယတြာ။ ။ငှက်လွှတ်ပေးပါ။

တနင်္လာ
ဤရက်များသည် လုပ်ငန်းအတွက် စိတ်တွေရှုပ်နေမည့် ရက်များဖြစ်သည်။ စိတ်တိုင်းမကျသလိုဖြစ်တတ်မည်။ သို့သော်လည်း မိသားစုအရေးတွင် စိတ်ချမ်းသာရမှုများ ရှိမည်။ ပစ္စည်းပျောက်ကိန်းရှိသည်။ ရင်နှီးသူမှငွေအလိမ်ခံရမည်။ အလုပ်တွင် ပါတနာ၏ အထင်လွဲခြင်းလည်းခံရမည်။ လက်အောက်ငယ်သားများ တော်လှန်ပုန်ကန်မည်။ သို့သော် ခရီးယာယီများသွားရ ပါက စိတ်ချမ်းသာလိမ့်မည်။ ဆွေမျိုးမိတ်ဆွေတို့၏အကူအညီရမည်။ စီးပွားရေး ကိုယ်ပိုင်လုပ်ငန်း ရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ လုပ်ငန်းအတွက် စိတ်တွေရှုပ်ရသော်လည်း ငွေဝင်မည်။ အစားအသောက်ကြောင့် အစာအိမ်နှင့်ပါတ်သက်သောရောဂါရမည်။ စက်ပစ္စည်းနှင့်ပတ်သတ်၍ အပြောင်းအလဲ အဝင်အထွက်ဖြစ်မည်။ အချစ်ရေးမှာ မပြေလည် ရှိမည်။ အိမ်ထောင်ရှိသူများ ဆွေမျိုးများကို အကြောင်းပြုပြီး သဘောထားကွဲနေမည်။ ဝန်ထမ်းများ အလုပ်ကောင်းပါသည်။ အကျိုးပေးဂဏန်း ၃၊ ၉။ ယတြာ။ ။ ခွေးကလေးများကို အစာကျွေးပါ။

အင်္ဂါ
မရည်ရွယ်ပဲ ရုတ်တရတ်သွားရသည့်ခရီးမျိုးကြုံမည်။ လုပ်ငန်းတွင် အတိုက်အခံပေါ်မည်။ လူကြီးက သင့်အား အပြစ်မြင်နေလိမ့်မည်။ မရည်ရွယ်သောလုပ်ငန်းတစ်ခုပေါ်လာလိမ့်မည်။ ကား၊ယာဉ် စသည့်စက်ပစ္စည်းများ အပြောင်းအလဲ ဖြစ်မည်။ မိသားစု၏ အကြီးအကဲတစ်ဦး နာမကျန်းဖြစ်မည်။ ဆွေမျိုးများ၏ အပြစ်တင်ခြင်းခံရမည်။ အလုပ်အကိုင် သစ်အတွက်ကံကောင်းသည်။ လုပ်ငန်းလည်းပြောင်းတတ်သည်။ ငွေကြေးနှင့်ပတ်သတ်၍ အာမခံပါက ရုံးရောက် စကားပြောရတတ်သည်။ စိတ်လေနေမည်။ ခြေ၊လက်တို့ ခိုက်မိတတ်၍ ဂရုစိုက်ပါ။ ချစ်သူက ချစ်စကားပြောလိမ့်မည်။ အိမ်ထောင်ရှိသူများ အဆင်ပြေမည်။ ဝန်ထမ်းများ ရာထူးတက်ခြင်း၊ ပြင်ပဝန်ထမ်းများ လစာတိုးခြင်းရှိမည်။ အကျိုးပေးဂဏန်း – ၄၊ ၈ ယတြာ။ ။ ငှက်ကလေးများအား အစာကျွေးပါ။

ဗုဒ္ဓဟူး
ဤရက်များသည် အတော်စိတ်လေနေမည့် ရက်များဖြစ်သည်။ စီးပွားရေး၊ဘာသာရေးကို အကြောင်းပြုပြီးလှုပ်ရှား သွားလာမှုများမည်။ စီးပွားရေး၊ဘာသာရေး၊ပရဟိတလုပ်ငန်းများ အားလုံးအောင်မြင်မည်။ ကြုံတွေ့နေသော အခက်အခဲလည်း ပြေလည်သွားမည်။ စပ်တူလုပ်ငန်းများ အကျိုးမပေးပါ။ စီးပွားရေးမှာ အဆင်ပြေမည်။ အလုပ်အကိုင်သစ်များတိုးတက်မြင့်မားမည်။ ဆုံးပြီဟုထင်ထားသော အကြွေးများ ရစရာ ငွေကြေးများ ပြန်ရလာမည်။ ကျန်းမာရေး မကောင်းခဲ့သူများ ပြန်ကောင်းမည်။ လုပ်ငန်းအပြောင်းအရွှေ့ပေါ်လိမ့်မည်။ ပြင်ပ ဝန်ထမ်းများ နေရာအပြောင်းအရွှေ့ ရှိသည်။ အချစ်ရေးမှာ လွယ်သယောင်နှင့်ခက်ပြီး လက်ထပ်ရန်ရက်မှာ နောင့်နှေးလိမ့်မည်။ အချစ်ရေးတွင် အပြိုင်အဆိုင် အတိုက်အခံရှိသည်။ ဆွေမျိုးမကင်းသူကြောင့်အိမ်ထောင်ရေး စိတ်ရှုပ်ရမည်။ ရေလမ်းအထူးဂရုစိုက်သွားပါ။အစိုးဝန်ထမ်းများ ပြောင်းရတတ်သည်။ အကျိုးပေးဂဏန်း ၊ ၆၊ ၈ ။ ယတြာ။ ။မွေးနေ့တွင် သံဃာတော်များအား ဆွမ်းလောင်းပါ။

ကြာသပတေး
ဤတစ်ပတ်တွင် လှုပ်ရှားမှုများ ပြောင်းလဲမှုများ ဖြစ်ရန်ရှိသည်။ စီးပွားရေး၊အမွေကိစ္စများစိတ်အနှောင့်အယှက်ဖြစ်ပြီးမှ အောင်မြင်မည်။ ငွေဝင်ငွေထွက်ကြမ်းမည်။ အကြီးအကဲ၏ အပြစ်တင်ခြင်းခံရမည်။ စိတ်ဆိုးပြီး အိမ်မှထွက်ချင်တတ်သည်။ မထွက်သင့်ပါ။ ရန် အနည်းငယ်မြင်သည်။ ခရီးယာယီများသွားရကိန်းရှိသည်။ ငွေ၊စက်ပစ္စည်းများ လိမ်ခံရမည်။ မရောက်ဖူးသောခရီး သွားရလိမ့်မည်။ ရွှေ၊ စက်တို့ အရောင်းအဝယ် ဖြစ်မည်။ ခါးနာခြင်းနှင့်ပတ်သတ်သောရောဂါဂရုစိုက်ပါ။ ချစ်သူ၏ အထင်အမြင်လွဲခြင်းခံရမည်။ အိမ်ထောင်သည်များ အိ်မ်ထောင်ရေး ပြသာနာတက်မည်။ ဝန်ထမ်းများ အထက်လူကြီးနှင့် အဆင်မပြေဖြစ်တတ်သည်။ အစိုးရဝန်ထမ်းများ ရုံးတွင်းအရေးကြီး စာရွက်စာတမ်းပျောက်တတ်သည်။ သူခိုးလည်း ခိုးတတ်သည်။ အကျိုးပေးဂဏန်း – ၅၊ ၀ ။ ယတြာ။ ။ အိမ်ဘုရားတွင် ဆွမ်း၊ရေ၊ပန်းတို့ကပ်လှူပူဇော်ပါ။

သောကြာ
ဒီတစ်ပါတ်တော့ စိတ်လေလွင့်နေမယ့်အချိန်ဖြစ်မည်။ အတိတ်ကို ပြန်တွေးပြီး သောကများနေရတတ်သည်။ ခရီးလျှောက်သွားချင်စိတ်များပေါ်မည်။ မလွတ်လပ်ဘူးဟုထင်နေတတ်သည်။ စီးပွားရေးလုပ်ငန်းများတွင် တိုင်ပင်သင့်သူကို မတိုင်ပင်ပဲလုပ်မိသဖြင့် အမှားတွေတတ်သည်။ ကိုယ်ပိုင်အရောင်းအဝယ်၊ အကျိုးပေးသည်။ ငွေကြေးအတွက့်စွန့် စားခြင်းများပြုရလိမ့်မည်။ လုပ်ငန်းအတိုက်အခံများကို ကျော်လွှားနိုင်မည်။ အထက်အကြီးအကဲ၏ အထင်လွဲခြင်းခံရမည်။ သစ္စာမရှိသောချစ်သူကြောင့် နာမည်ပျက်ရတတ်သည်။ အချစ်တုတွေနှင့်တွေ့ရတတ်သည်။ ဝန်ထမ်းများရာထူးတက်၊ လစာ တိုးမည်။ ထီပေါက်ကံရှိသည်။ အကျိုးပေးဂဏန်း ၆၊ ၈ ယတြာ။ ။ ငါးကလေးများကို အစာကျွေးပါ။

စနေ
ယခင်စွမ်းဆောင်နိုင်မှုများကြောင့် ယခု အောင်မြင်ပါပြီ။ ရည်ရွယ်ချက်ပန်းတိုင်များ များနေသဖြင့် လမ်းရွေးမှားတတ်သည်။ တစ်ခုကို သေချာရွေးလိုက်ပါ အောင်မြင်မည်။ ရှယ်ယာ လုပ်ငန်းများ အကျိုးပေးသည်။ စီးပွားရေး၊လူမူ့ရေး အတိုက်အခံ၊ အခက်အခဲ ရန်သူများ ရှိပြီး ကျော်လွှားနိုင်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး အလုပ်အကိုင်များ အားလုံးကောင်းသည်။ အထက်အကြီးအကဲတို့၏ ကူညီမစခြင်းများရမည်။ ကျန်းမာရေးကောင်းနေမည်။ သူငယ်ချင်းမိတ်ဆွေများ၏ ပရဟိတ လုပ်ငန်းများတွင် ကူညီရမည်။ ရွှေ၊ လက်ဝတ်ရတနာ၊ကား ဝင်မည်။ ချစ်သူရှိသူများ အမြန်ဆုံးလက်ထပ်ရကိန်းရှိသည်။ အစိုးရဝန်ထမ်းများ အထက်အောက်ဆက်ဆံရေး အနည်းငယ်ညံ့နေလိမ့်မည်။ အကျိုးပေးဂဏန်း ၇၊ ၄ ယတြာ။ ။ငါးသက်စေ့လွှတ်ပါ။

KimKaThu
Doctoral Thesis Of Astro-Palmist. Membership Of (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top