ဂွတ်ဒီဆင်ပါ့ခ်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်ယူ

57411730_2288528477857058_7859372818297782272_n.jpg

အဲဗာတန်အသင်းရဲ့ ဂွန်ဒီဆင်ပါ့ခ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်း (၄) ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲပန်းထားတဲ့ မန်ယူဟာ ပွဲစကတည်းက အဲဗာတန်အသင်းရဲ့ လွှမ်းမိုးခြင်းခံခဲ့ရပြီး ပွဲချိန် (၁၃) မိနစ်မှာ ရစ်ချာလီဆန်က နောက်ပြန်ကန်ချက်နဲ့ အဲဗာတန်အတွက် အဖွင့်ဂိုး သွင်းခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲပန်းထားတဲ့ မန်ယူဟာ ပွဲစကတည်းက အဲဗာတန်အသင်းရဲ့ လွှမ်းမိုးခြင်းခံခဲ့ရပြီး ပွဲချိန် (၁၃) မိနစ်မှာ ရစ်ချာလီဆန်က နောက်ပြန်ကန်ချက်နဲ့ အဲဗာတန်အတွက် အဖွင့်ဂိုး သွင်းခဲ့ပါတယ်

နောက် (၁၅) မိနစ်အကြာမှာလည်း ဆီဂတ်ဆန်ရဲ့ ကိုက် (၃၀) အကွာကန်ချက်ကို ဒီဂီယာ အငိုက်မိသွားလို့ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။ မန်ယူကတော့ အခွင့်အရေး သိပ်မရခဲ့ပါဘူး။ ပွဲချိန် (၅၆) မိနစ်မှာလည်း ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဒစ်ဂ်နီက (၂၅) ကိုက်အကွာ ကန်ချက်နဲ့ တတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

အခုပွဲမှာ (၄) ဂိုးပေးခဲ့ရတဲ့ မန်ယူဟာ ပေးဂိုး (၄၈) ဂိုးအထိ ရှိနေပြီး ထိပ်သီး (၆) သင်းထဲမှာ ပေးဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်

နောက် (၈)မိနစ်အကြာမှာလည်း ဆီဂတ်ဆန်ရဲ့ ဖန်တီးမှုကနေ လူစားဝင်ကစားသမား ဝဲလ်ကော့က ဒီဂီယာနဲ့ တစ်ယောက်ချင်းအတွေ့မှာ ပွဲသိမ်းဂိုး သွင်းခဲ့တာပါ။ အခုပွဲမှာ (၄) ဂိုးပေးခဲ့ရတဲ့ မန်ယူဟာ ပေးဂိုး (၄၈) ဂိုးအထိ ရှိနေပြီး ထိပ်သီး (၆) သင်းထဲမှာ ပေးဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါဟာ ၁၉၇၈-၁၉၇၉ ရာသီနောက်ပိုင်း အမှတ်ပေးပြိုင်ပွဲမှာ မန်ယူအသင်းရဲ့ ပေးဂိုးအများဆုံးရာသီဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် မန်ယူဟာ ၁၉၈၁ ခုနှစ် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံမှာ အဝေးကွင်းပွဲစဉ် (၅) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အခုပွဲ ရှုံးနိမ့်ခဲ့လို့ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ပိုလို့ မှေးမှိန်လာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top